Part - 14

911 122 54
                                    

[Unicode]

ဒီနေ့ မောင်နဲ့ ချစ်သူသက်တမ်းခြောက်လပြည့်တဲ့နေ့ ...

မောင့်လက်ကိုတွဲပြီး နေရာအနှံ့လျှောက်လည်မယ်...

မုန့်သွားစားရင် သူများတွေအားကျ‌‌လောက်အောင် မောင့်ကိုခွံ့ကျွေးခိုင်းမယ်...

ပန်းခြံထဲမှာ ဖျာလေးခင်းပြီး ကျွန်တော်လုပ်လာတဲ့မုန့်တွေ မောင့်ကိုပြန်ခွံ့ကျွေးမယ်...

လမ်းလျှောက်ရတာ မောသွားတဲ့အခါ မောင့်ပုခုံးပေါ်မှီပြီး ခဏအနားယူမယ်...

မောင်မောတဲ့အခါလည်း ကျွန်တော့်ရဲ့ပေါင်ပေါ်ကို အိပ်ခိုင်းပြီး မောင့်ရဲ့မျက်နှာ‌ချောချောကို နေမထိုးအောင် လက်လေးနဲ့ကာပေးမယ်....

ညနေအိမ်ပြန်ချိန်ရောက်ရင် ဟန်မြစ်ကမ်းမှာ မောင့်လက်ကြီးတွေနဲ့ ကျွန်တော့်ရဲ့လက်လေးတွေ ယှက်ကိုင်ပြီး လမ်းလျှောက်ချင်တယ်...

မြစ်လေတွေတိုက်လို့အေးလာတဲ့အချိန် မောင်ရဲ့ long coat ထဲမှာ ကျွန်တော့်ကို ထည့်ပြီး ဖက်ထားမယ်...ကျွန်တော်က မောင့်ရင်ခွင်ကျယ်ကြီးကို မှီထားမယ်...

ညအိပ်ချိန်မှာ မောင့်ရင်ခွင်ထဲမှာ ကျွန်တော့်ကိုဖက်ထားပြီး ကျွန်တော်က တီတီတာတာစကားတွေပြောမယ်...

အခုတော့ စားစရာသွားလုပ်ရမယ်...မနက်စောစောထပြီး ရေချိုးအဝတ်အစားလဲကာ အပြင်မှာထွက်လည်ဖို့ ကြံစည်ထားတာတွေ အကောင်အထည်ဖော်ရမယ်လေ...

အောက်ထပ်ကိုဆင်းလာတော့ ထုံးစံအတိုင်း ကိုလေးက နိုးနေပြီ...မီးဖိုချောင်ထဲရောက်တော့ ကိုလေးကျောပြင်ပေါ်ကို ကျွန်တော်ခေါင်းမှီလိုက်သည်...

"အယ်...Baek လေးနိုးလာပြီးလား... အစောကြီးဘဲ"

"ဟုတ်တယ် ကိုလေးရဲ့ သွားစရာလေးရှိလို့ ဟီး"

ကိုလေးကိုသွားအဖြဲသားနဲ့ ရီပြလိုက်သည်...

ကိုလေးနဲ့ကိုကြီးက ကျွန်တော့်မိသားစုလိုဘဲ...ကျွန်တော်ရဲ့ အစ်ကိုနှစ်ယောက်လိုဘဲ ကျွန်တော်သဘောထားတယ်....

"ဘယ်‌တွေလျှောက်လည်မလို့လဲ"

"ဟီး ဒီလိုပါဘဲ"

𝑳𝒐𝒗𝒆 - 𝑯𝒂𝒕𝒆 𝑹𝒆𝒍𝒂𝒕𝒊𝒐𝒏𝒔𝒉𝒊𝒑 [ Hiatus ]Where stories live. Discover now