Part - 3

1.8K 185 47
                                    

[Unicode]

"Omma, Hyunie ပြန်လာပြီလား"

"မလာသေးဘူး သား... Hyunie ပြန်မလာတာ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ...Hyunie နဲ့သားနဲ့ ပြဿနာဖြစ်လို့လား "

"ဟာဗျာ... Hyunie က အခုထိပြန်မလာတာ သုံးရက်ရှိပြီ ဟုတ်လား Omma"

"အေးလေ သားပြန်မလာတဲ့နေ့ကတည်းက Hyunie ပြန်မလာတာ... အမေက Hyunie နဲ့သား အတူတူရှိတယ်မှတ်လို့ "

"အဲ့နေ့က ကျွန်တော်နဲ့ စကားများပြီးအိမ်ပြန်သွားတယ်ထင်တာ"

"သားနဲ့စကားများတာ? ဘယ်လိုဖြစ်လို့လဲသားရယ်...သားတို့နှစ်ယောက် တစ်ခါမှ ပြဿနာမဖြစ်ဘူးပါဘူး"

"အဲ့ဒီကိစ္စကို သားနောက်မှ ရှင်းပြမယ် Omma... အခုသား Hyunie ကို သွားရှာလိုက်ဦးမယ်"

ဘာလို့လဲ Hyunie...ဘာလို့အိမ်ပြန်မလာတာလဲ...ကိုယ့်ကိုအဲ့လောက်တောင် စိတ်နာသွားတာလား...ကိုယ်လုပ်နေတာတွေက ကိုယ်တို့ရဲ့ အနာဂတ်အတွက် ရှေ့ဆက်ရင်ဆိုင်ရမယ့် လောကဓံကို ကြံ့ကြံ့ခံနိုင်ဖို့အတွက်လေ...Hyunie,ကိုယ့်ကို နားလည်နိုင်မယ်လို့ ယုံကြည်ထားတာ ...အဲ့ဒါကြောင့် Hyunie ကိုယ့်ရှေ့ကနေ ထွက်သွားခဲ့တုန်းက စဉ်းစားဖို့အချိန်လိုမယ်ထင်လို့ ကိုယ်မတားခဲ့တာ...ကိုယ့်ကိုမြင်ရင် Hyunie စိတ်တွေ ရှုပ်ထွေးနေမှာစိုးလို့ ကိုယ် Yifan ge အိမ်ကို သွားနေခဲ့တာ ဒီလိုကိစ္စတွေဖြစ်လာဖို့မှ မဟုတ်တာ....

Hyunie သွားတတ်တဲ့နေရာတွေ ၊Hyunie ရဲ့သူငယ်ချင်း Luhan အိမ်ကို သွားရှာတော့လဲ မရှိဘူးတဲ့ ဒါ့အပြင် ကိုယ့်နှလုံးသားကို အစိမ်းလိုက် ဆားနဲ့ပက်လိုက်သလို စကားတစ်ခွန်းက "Baek Hyun ကျောင်းမလာတာ သုံးရက်ရှိပြီ"တဲ့.... ကိုယ်မင်းကို ဘယ်မှာရှာရမလဲ Hyunie...ကိုယ်ရင်တွေ ပူနေပြီ Hyunie ရယ်....

ဟန်မြစ်မှာ တသွင်သွင်စီးဆင်းနေတဲ့ရေတွေက ကျွန်တော့်ရင်ထဲက မီးတောက်ကြီးကိုငြှိမ်းသတ်နိုင်ပါ့မလား...ဒီဇင်ဘာအလယ်မှာကျ‌ဆင်းနေတဲ့ နှင်းပွင့်လေးတွေက ပူလောင်နေတဲ့ ကျွန်တော့်ရဲ့ရင်ကို အေးမြစေနိုင်ပါ့မလား...ကျွန်တော်ရဲ့ပူလောင်နေတဲ့စိတ်တွေကို ငြိမ်းသတ်ပေးနိုင်မယ့်အရာ ကမ္ဘာပေါ်မှာရှိပါ့မလား....

𝑳𝒐𝒗𝒆 - 𝑯𝒂𝒕𝒆 𝑹𝒆𝒍𝒂𝒕𝒊𝒐𝒏𝒔𝒉𝒊𝒑 [ Hiatus ]Where stories live. Discover now