[Unicode]
အဲ့စာရွက်လေးထဲမှာ...
*ဟိုတယ်အနောက်ဘက်ကို ခဏလောက်ထွက်လာခဲ့ပါ မောင့်ရဲ့ baby လေး* တဲ့...
ဘာတွေရှုပ်ဦးမလဲမသိဘူး ဒီအဘိုးကြီးကတော့... မျက်နှာနုနုထက်မှာ အပြုံးပန်းတစ်ပွင့်ပန်ဆင်ကာ ချစ်ရသူအလိုကျအတိုင်း လုပ်ဆောင်ရပါသည်....
ဟိုတယ်အနောက်ဘက်မှာရှိတဲ့ သဲသောင်ပြင်ထက်က မြင်ကွင်းကြောင့် မျက်နှာထက်က အပြုံးတို့က ပိုပီပြင်လာပြီး စိတ်ထဲမှာလည်း နွေးထွေးကြည်နူးမှုတို့က အတိုင်းမသိပေါ်ပေါက်လာသည်....
မှောင်မဲနေတဲ့သဲသောင်ပြင်ထက်မှာ ထွန်းလင်းနေတဲ့မီးရောင်တို့က လျှောက်လမ်းလေးကို မြင်သာအောင်ပံ့ပိုးကူညီပေးနေသည်...
"ဟွန့်! ဘိုးတော်ကြီး ဘာတွေရိုဆန်ဦးမလဲမသိဘူး"
ပါးစပ်ကသာ မကျေနပ်တဲ့အသံလေးထွက်လာပေမယ့် စိတ်ထဲက အကျေနပ်ကြီးကျေနပ်နေတဲ့ ဗြောင်ဘတ်လေးပါ...ဟိဟိ..
မီးရောင်မှိန်ပြပြလေးအောက်မှာ မြင်နေရတဲ့လမ်းလေးအတိုင်း Baekhyun ခြေလှမ်းလေးတွေစတင်ခဲ့ပါသည်...
ပျော်ရွှင်ကြည်နူးမှုအပြည့်နဲ့ခြေလှမ်းတွေရဲ့အဆုံးမှာ မြင်လိုက်ရတဲ့အပြင်အဆင်က ကိုယ့်မျက်လုံးကိုယ်ပင်မယုံချင်...
သို့သော်လည်း မျက်ဝန်းတို့ကပြိုကျလာတဲ့မျက်ရည်တို့က အမှန်တကယ်ဆိုတာကို သက်သေပြနေသယောင်...
"မောင်ရယ်.... ဟင့်"
နှုတ်ခမ်းပါးကထွက်ပေါ်လာမယ့်စကားတို့ကို ရှိုက်သံတို့က လွှမ်းမိုးအနိုင်ယူသည်... ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ မယုံကြည်နိုင်တဲ့ပျော်ရွှင်ကြည်နူးမှုတွေက ကမ္ဘာကြီးတစ်ခုလုံးကို အပိုင်စားရလိုက်သလို....