Part - 34

1K 117 41
                                    

[Unicode]

"မောင်.."

"မောင်လို့.."

"မောင်... စိတ်မဆိုးနဲ့တော့လေလို့"

Baekhyun မောင့်ရဲ့လက်မောင်းကြီးကိုဆွဲလှုပ်ကာ နှုတ်ခမ်းလေးကိုလည်းလိုသည်ထက်ပိုချွန်ပြီး မျက်လုံးလေးကို ကလယ်ကလယ်နဲ့ aegyo တွေထုတ်၍ မောင့်ကိုချော့ရသည်... ဘတ်ဘတ်ရဲ့ အယ်ဂယိုတွေ မောင်ခံနိုင်ရိုးလား... ဟွင်း ဟွင်း...

Baekhyun စိတ်ထဲမှာ ကြိတ်ပြီးကျုံးဝါးလိုက်ပါသည်...

"မောင်..... စိတ်မဆိုးပါနဲ့လို့.. ကျွန်တော်ကဒီတိုင်းလေးပြောလိုက်တာပါ... စိတ်ထဲမပါပါဘူး... ကျွန်တော်က မောင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာသိတယ်မလား... စိတ်မဆိုးနဲ့နော်... ကျွန်တော်ကဘဲ တောင်းပန်ပါတယ်"

မောင်စိတ်ကောက်ရင်် နှုတ်ခမ်းကြီးထော်ပြီး စကားမပြောတော့တာဘဲ...

မနေ့ညကစိတ်ကောက်ပြီး ဒီချစ်သူလေးဆီကိုလာမအိပ်တဲ့ မောင့်ရဲ့အခန်းကို ကိုကြီးတို့အိပ်တုန်းခိုးလာတာ...
မောင်နဲ့အိပ်ချင်လို့လာတာကို ကုတင်ပေါ်မှာထိုင် လက်ကြီးပိုက်ပြီး နှုတ်ခမ်းကြီးထော်ထားတယ်... အဲ့နှုတ်ခမ်းကို ကိုက်ထည့်လိုက်ရ မကောင်းရှိတော့မယ်...

"မောင်လို့... မောင်အရမ်းစိတ်ဆိုးသွားတာလား... ဘေဘီ့ကိုစိတ်မဆိုးပါနဲ့လို့..
မနေ့ညကလည်း ဘေဘီ့အခန်းကိုလာမအိပ်ဘူး... ဘေဘီက မောင်မရှိရင်မအိပ်တတ်တော့ဘူး... ဘေဘီကမောင့်ရင်ခွင်နွေးနွေးကြီးနဲ့မှအိပ်ပျော်တာ"

Baekhyun မောင့်ရဲ့မေးရိုးတစ်လျှောက်ကနေ ကြယ်သီးတစ်လုံးလောက်ပြုတ်နေတဲ့ မောင့်ရဲ့ညဝတ်အင်္ကျီခွဲကြောင်းတစ်လျှောက်မှာပေါ်နေတဲ့ ရင်အုံကို လက်ညှိုးလေးတစ်ချောင်းတည်းနဲ့ပွတ်ဆွဲသွားလိုက်သည်...

မောင်လူဆိုးကြီးက တုတ်တုတ်တောင်မလှုပ်.. Baekhyun အားငယ်လာပါပြီ ဒီပရက်ရှင်တွေအတောင့်လိုက်ဝင်လာပါပြီ... မောင်က သူ့ရဲ့အထိအတွေ့ကို မတုန့်ပြန်တော့ဘူးလေ...

"မောင်ကဖက်အိပ်မပေးတော့ မနေ့ညက ဘေဘီတစ်ညလုံးမအိပ်ဘူး... ဒီမှာ ဘေဘီ့ရဲ့မျက်ကွင်းလေးတွေတောင်ညိုနေပြီ.."

𝑳𝒐𝒗𝒆 - 𝑯𝒂𝒕𝒆 𝑹𝒆𝒍𝒂𝒕𝒊𝒐𝒏𝒔𝒉𝒊𝒑 [ Hiatus ]Where stories live. Discover now