[Unicode]
"Baby ထတော့... မောင့်ရဲ့ baby လေးထတော့"
"ဟင်! မောင် အစောကြီးနိုးနေတာလား!"
ပါးဖောင်းဖောင်းလေးကို နှာခေါင်းနဲ့ပွတ်ဆွဲနေတော့ ယားလို့ထင်သည်... မျက်လုံးမှေးမှေးလေးတွေကို လက်လေးတွေနဲ့ပွတ်ကာ နိုးလာတဲ့ baby လေး...
"ဟုတ်ပါတယ်ဗျာ! သွားစရာရှိလို့!"
"ဘယ်ကို!?"
"အင်း... ရောက်ရင်သိရလိမ့်မယ်"
"ဟုတ်လား!?ဟီး... ကျွန်တော်ရောလိုက်ရမှာလား"
သွားဖြူဖြူလေးတွေကိုသာဖြီးပြနေတဲ့ baby လေးက မျက်လုံးတွေကိုပြန်မှိတ်ကာ ပြန်အိပ်ပျော်တော့မယ်....
"ဟေး မလိုက်ချင်ဘူးလား! မလိုက်ချင်ရင် မခေါ်ဘူးနော်"
"ဟင့်.. မောင်ကလည်း... လိုက်မှာပေါ့လို့"
"ကြည့်ကြည့်! မလိုက်ချင်တာလည်း မဟုတ်ဘူး! အဲ့ဒါကို ပြန်အိပ်နေသေးတယ်... ထတော့"
"အွန်း.. ထပြီ.. မောင် ချီဦး! ပြီးရင်မျက်နှာသစ်ပေး"
"ဟုတ်ပါပြီ သခင်လေးသဘောတော်အတိုင်းပါ ခင်ဗျာ..."
မျက်နှာသစ်ပေးပြီးတော့ အင်္ကျီလဲမလို့ဆိုပြီး ကျွန်တော့်ကိုအပြင်ထွက်ခိုင်းသည်... ဟိုတစ်နေ့က ကားပေါ်ကကိစ္စကိုရှက်နေတုန်းထင်ပါတယ်... ခဏပါဘဲ.. ခဏလေးဘဲ.. ပတ်ကြီးတို့ရဲ့ မက်မွန်သီးစီမံကိန်းကြီးပြီးတော့မှာပါ... ဟွင်းဟွင်း...
လူယုတ်မာအပြုံးကြီးပြုံးပြီး အောက်ထပ်ကိုဆင်းပြီး baby လေးကိုသာစောင့်နေလိုက်တော့သည်.... အောက်ထပ်မှာ Jongin တို့ လင်လင်နှစ်ယောက်က ပြင်ဆင်စရာတွေပြင်ဆင်ပြီလို့ စောင့်နေကြပြီ....
ခဏအကြာ အပေါ်ထပ်က ဆင်းလာတဲ့ baby လေးကို Chanyeol ကြည့်မိလိုက်ဝောာ့ မျက်လုံးကြီးအပြူးသားဖြစ်ပြီး ပင်လယ်ရေထဲကို ဒိုင်ဗင်ထိုးဆင်းရသလို လည်ချောင်းတွေခြောက်လာသည်...
အကြောင်းကား အဝါရောင် hoodie ခေါင်းစွပ်ကိုဝတ်ပြီး ဘောင်းဘီအတိုလေးဝတ်ထားတဲ့ baby ကြောင့်... ဘောင်းဘီတိုဝတ်တာအကြောင်းမဟုတ်.. ဝတ်ထားတဲ့ဘောင်းဘီက ဒူးတောင်မဖုံး... ဒါတင်မက ကျပ်နေတာကြောင့် လုံးတစ်နေတဲ့ မက်မွန်သီးတွေ...