[Unicode]
"Park Chan Yeol ကြီး .....အလကားသေနာကြီး....အစုတ်ပလုတ်ကြီး....ခေါ်နေတာကို...."
"Baby မသွားပါနဲ့ကွာ ကိုယ်တောင်းပန်ပါတယ် မသွားပါနဲ့...... Baby မသွားပါနဲ့"
"Park Chan Yeol shi ဘာတွေပြောနေတာလဲ"
မျက်လုံးမပွင့်ဘဲ အော်ဟစ်နေတဲ့ Chan Yeol ကြောင့် Baekhyun ဘာလုပ်ရမှန်းမသိ...
"ဘာလဲဟ အိပ်မက်ယောင်နေတာလား"
Baekhyun တိုးတိုးလေးရေရွတ်မိလိုက်သည်....
ဘယ်လိုအိပ်မက်မျိုးမို့ ချွေးစေးတွေထွက်ပြီး မျက်ရည်တွေတောင်ကျနေရတာလဲ.....
"Chan ထ ထ .... Chan ထဆိုနေ.... Chan အိပ်မက်ဆိုးတွေမက်နေတာလား....ထ ထ"
နှိုးနေတာကို တော်တော်နဲ့ထမလာ....မသွားပါနဲ့ဘဲ ပြောနေတာ.....လက်မောင်းကိုကိုင်ပြီးနှိုးလိုက်တော့မှ အလန့်တကြားနဲ့ မျက်လုံးပွင့်လာတယ်....
"Chan.....အမလေး" ဘုတ်* အင့်*
"Baby ကိုယ့်ကိုထားမသွားပါနဲ့ကွာ...ကိုယ်တောင်းပန်ပါတယ်...ကိုယ့်ကိုထားမသွားပါနဲ့ ....baby ထားသွားရင် ကိုယ်သေမှာ....ကိုယ် မင်းမကြိုက်တာတွေ မလုပ်တော့ဘူး....အဲ့ဒါကြောင့်.... အဲ့ဒါကြောင့် ကိုယ့်ကို မထားခဲ့ပါနဲ့ကွာ"
ရုတ်တရက်မျက်လုံးပွင့်လာပြီး ကျွန်တော့်လက်ကိုလှမ်းဆွဲလိုက်တာကြောင့် ကျွန်တော်သူ့ရင်ဘတ်ပေါ်မှာ မှောက်ရက်လေးကျသွားသည်....ရုတ်တရက်မို့ အင့်ခနဲတောင်အသံထွက်သွားသေးသည်....
ခုလည်းသူရင်ဘတ်ပေါ်မှာရှိတဲ့ ကျွန်တော့်ကို အတင်းဖက်ထားပြီး တောင်းပန်နေတာ "ထွက်မသွားပါနဲ့တဲ့...အိပ်မက်ထဲမှာကျွန်တော်ကသူ့ကို ထားသွားလို့လား...ခင်ဗျားရယ် အချစ်ကြီးလိုက်တာ...အဲ့ဒါလေးနဲ့ မျက်ရည်ကျအောင်တောင်းပန်နေတာလား ပြီးတော့ အိပ်မက်ထဲမှာတောင်လေ...
ကျွန်တော်လည်း ခင်ဗျားကို ချစ်မိနေပြီထင်တယ်...ဒါပေမယ့် ခင်ဗျားလို အဘက်ဘက်က ပြီးပြည့်စုံနေတဲ့လူတစ်ယောက်ကို ကျွန်တော့်လို ဘယ်ကလာမှန်းမသိ ဘယ်မိသားစုကပေါက်ဖွားလာမှန်းမသိတဲ့ကောင်တစ်ကောင်က ချစ်ခွင့်ရှိပါ့မလား သိချင်မိတယ် ခင်ဗျားရယ်.....