[Unicode]
"Baek လေးရေ...."
အဟွတ်* အဟွတ်*
"အယ်..... Chanyeol shi နေမကောင်းဘူးလား"
ကျွန်တော် ချောင်းဆိုးနေသည့် Chanyeol ကိုမြင်၍ မေးမိခြင်း....
"မဟုတ်ပါဘူး ကောင်းပါတယ်"
"ကိုလေးကဘာလို့မေးနေတာလဲ...သူ့ဟာသူဘာဖြစ်ဖြစ်...ဟွန့်"
ကိုလေးထွက်လာမှ နမ်းမလို့လုပ်နေရာကနေ လူမိသွားလို့ ချောင်းထဆိုးတာ....ဟွန့် မသေနိုင်ပါဘူး လုပ်ချောင်းကြီးကို....
"Baek လေး အဲ့လိုမပြောရဘူးလေ"
"ပြောမှာဘဲ! အဲ့ဘိုးတော်ကြီးဘာမှန်းကိုမသိဘူး!"
ပြောပြီးတာနဲ့ ခြေထောက်ကို ဆောင့်အောင့်ကာ ထွက်သွားတဲ့ baby လေး....baby လေးရဲ့နောက်ပိုင်းအလှက နှာခေါင်းသွေးလျှံလောက်တယ်...ဟင်းးး ဟင်းးး
စိတ်ထိန်း.... Park Chanyeol...မင်းစိတ်ထိန်းစမ်း....ဟူး*
အတွေးတို့က မက်မွန်သီးသံသရာကမထွက်သည်မို့ သက်ပြင်းတို့သာအကြိမ်ကြိမ်ချမိသည်...
"Chanyeol shi သက်ပြင်းတွေချနေပြန်ပြီ...နေမကောင်းဘူးလားလို့မေးတာလည်းမဖြေဘူး ...အိမ်မှာဆေးရှိပါတယ်"
"ဘိုးတော်ကြီးရေ ဒီနေ့သွားရဦးမှာလား"
အိမ်ရှေ့ကနေ လှမ်းအော်နေတဲ့ baby ပေါက်စ...
"Kyungsoo ငါသွားပြီ....ငါ့သခင်လေးရဲ့အမှုတော်ကိုဆောင်ရွက်ရဦးမယ်"
"ဒီနှစ်ယောက်လည်း မရိုးသားတော့ဘူး"
ရှေ့မှထွက်သွားတဲ့ ကိုယ်တော်ချောနှစ်ယောက်ကိုကြည့်ကာ Kyungsoo ပြုံးနေမိသည်....
"Baby ကိုယ် ဘယ်ကိုမောင်းရမှာလဲ"
"Lotto cafe ကိုမောင်း"
"ဟုတ်ပါပြီ သခင်လေးသဘောတော်အတိုင်းပါ...ဒါပေမယ့် ကားမောင်းခတော့ပေးရမယ်"
"ပေးမယ်ဗျာ....မြန်မြန်သာမောင်း"
"Ok baby ပြီးမှ မရှောင်နဲ့နော်"
"ဟုတ်ပြီဆိုဗျာ မြန်မြန်မောင်း"
••••••••❤️ L H R 💔 ••••••••