[Unicode]
"အ့ ကျွတ် ကျွတ် ကျွတ်"
Jongin ခေါင်းကိုက်တာကြောင့်ညဉ်းညူမိလိုက်သည်... လက်တစ်ဖက်ကလည်းထုံကျဉ်ပြီးလေးလံနေတာကြောင့် အနည်းငယ်လှုပ်ကြည့်လိုက်သည်....
"ကိုဘာဖြစ်တာလဲ ခေါင်းကိုက်လို့လား ခဏလေးနော် Soo သံပရာရည်သွားဖျော်ပေးမယ်"
"အ့"
ဒီတစ်ခေါက်ညဉ်းညူသံကတော့ Kyungsoo ဆီကဖြစ်သည်
"Soo နာနေမှာပေါ့ ပြန်အိပ်နေလိုက်နော် ကိုယ်ရေချိုးပြီး ရုံးသွားတော့မယ် "
"အဲ့ဒါဆို Soo မနက်စာပြင်ပေးမယ်လေ"
"ရပါတယ်... Soo ညကလည်းပင်ပန်းထားတာကို ခဏပြန်အိပ်နေလိုက်ပါ မနက်စာက ကိုရုံးရောက်မှ စားလိုက်တော့မယ်"
"မရပါဘူး Soo လုပ်ပေးမယ်နော် မနက်စာတော့ဝင်အောင်စားသွားလေ...နော်လို့ ...နော်"
"ဟုတ်ပါပြီ Soo အဆင်ပြေတယ်ဆိုပြင်ပေးလေ...ကိုယ်က Soo နာနေမှာစိုးလို့ပါ ပြီးတော့ ညကကိုယ့်အရှိန်ကိုသိလို့လေ ကိုယ်နည်းနည်းကြမ်းသွားတယ် ဟီး ဟီး miyan"
"ဟာ....ကိုဘာတွေပြောနေတာလဲ ရှက်စရာကျိ"
ဟုတ်ပ တကယ်ရှက်နေတာနေမှာ မျက်နှာလေးကနီရဲပြီး နားရွက်ဖျားလေးတွေတောင်ရဲနေသေးတယ်...ဒီပင်ကွင်းပေါက်စကိုဘယ်လိုလုပ်ရပါ့....ဖြစ်နိုင်ရင် အိပ်ကပ်ထဲ ထည့်သိမ်းထားချင်တာ....
••••••••❤️ L H R 💔 ••••••••
ကျွန်တော် ဟိုနေ့က ဈေးဝယ်စင်တာမှာတွေ့တဲ့တစ်ယောက်ကို စဉ်းစားမိသည်....သူပြောပုံတွေကိုကြည့်ရတာတော့ လိမ်ပြောနေတဲ့ပုံတော့မပေါ်ဘူး....ကျွန်တော်ကိုယ်တိုင်ကလည်း ဒီအိမ်ကို ဘယ်လိုရောက်လာလဲမှမသိတာ....ကိုကြီးနဲ့ ကိုလေးပြောပြတာ ကျွန်တော့်ကို Pohang ကနေခေါ်လာတာတဲ့...ကိုလေးတို့ပြောပုံအတိုင်းသာဆိုရင် ကျွန်တော်က အတိတ်မေ့နေတာပေါ့ ....အတိတ်မေ့တယ်လို့ပြောရအောင်လည်း ကျွန်တော့်မှတ်ဉာဏ်တွေက အကုန်ပျောက်နေတာမှမဟုတ်တာ....
သူ့ကိုဘဲဆက်သွယ်လိုက်ရင်ကောင်းမလား....
Baekhyun တစ်ယောက် လက်ထဲက လိပ်စာကဒ်လေးကိုကိုင်ကာ ချည်တုံချတုံဖြစ်နေသည်....