[Unicode]"Hyung က ဘယ်လိုဖြစ်ပြီး ပြန်ရောက်နေတာလဲ"
"Luhan shi မောင့်ကိုသိလို့လား"
မေးလိုက်တာက hyung ကိုဆိုပေမယ့် ပြန်ဖြေလာတာက Baekhyun....
Baekhyun က hyung ကို မောင် လို့ခေါ်လိုက်တယ်!? ဘာတွေလဲကွာ.....
"Sehun သက်သာလား"
Luhan ရဲ့ အမေးကို မကြားသလို ကုတင်ပေါ်မှာ ဆေးပိုက်တန်းလန်းနဲ့ ထိုင်နေတဲ့ Sehun ကို လှမ်းမေးလိုက်တဲ့ Chanyeol ....
"သက်သာပါတယ်ကွာ...ဒါနဲ့ မင်းရဲ့ baby ဆိုတာလေးက အဲ့ဒါလေးလား"
"အေး! ဟုတ်တယ်!"
"မင်းနဲ့တောင်မတန်ဘူးကွာ...ဟိုကနုနုဖတ်ဖတ်လေး! နွားအိုမြက်နုကြိုက်!"
"ဟျောင့်! မင်းအတူတူနဲ့ အနူနူကိုလာမဖဲ့နဲ့နော်! မင်းလည်းဘာထူးလဲ! မင်းကရော မင်းကောင်လေးနဲ့ တန်လို့လား!"
သူတို့နှစ်ယောက်ဝင်လာကတည်းက ကြောင်တောင်တောင်နဲ့ စိုက်ကြည့်နေတဲ့ Luhan ကို Chanyeol မျက်စပစ်ပြလိုက်တယ်....
"ငါ့ကောင်လေးနဲ့ ငါနဲ့တန်လို့ဘဲ ငါလူဖြစ်ပြီးသွားပြီ....ဟုတ်တယ်မလား Han!"
သူ လူဖြစ်ကြောင်းကြွားဖို့ ဘေးက သူ့ကောင်လေးကိုတောင် အဖော်ခေါ်လိုက်သေး....
ဟိုကောင်လေးကလည်း နားလည်တယ်ထင်...ထိုနေရာမှာဘဲ မတ်တပ်ရပ်နေရာကနေ မျက်နှာကြီးနီလာပြီး အောက်ကိုငုံ့ထားသည်....
"ငါ့ကောင်ကြီး လက်သွက်ချက်ကွာ...ဆိုစမ်းပါဦး...မင်း ဘယ်နှခါလောက်လူဖြစ်ပြီးပြီလဲ"
"တစ်ပတ်ကို အနည်းဆုံးနှစ်ခါလောက်ဆိုတော့....."
"Oh! Se! Hun! shi! ခင်ဗျားကြီးတော်လိုက်တော့နော်!"
"ကိုယ်ဘာပြောလို့လဲ Han ရဲ့! ကိုယ်ကအမှန်တွေပြော..ပြော..အားးး....နာတယ် Han လွှတ်..လွှတ်!"
Sehun အသံနက်ကြီးနဲ့ ထအော်ရသည့် အကြောင်းအရာကား ....Luhan က Sehun နားရွက်တစ်ဖက်ကို လိမ်ဆွဲသောကြောင့် ဖြစ်သည်....
"ကဲ! Sehun...မင်းသက်သာပြီမလား...ငါတို့ပြန်တော့မယ်!"
"အေး အေး လဒ! မင်းကျေးဇူးနဲ့ ငါ့နားရွက်ပူထူသွားပြီ!"