Part - 29

816 92 77
                                    

[Unicode]

"ဟင်!!"  "မဖြစ်နိုင်ဘူး!!"

စာရွက်ကိုကြည့်နေတဲ့ Jongin နဲ့ Kyungsoo ဆီက ထိတ်လန့်တကြားအံ့ဩသံတို့ကြောင့် Chanyeol, Jongin လက်ထဲက စာရွက်ကိုယူကြည့်မိတော့....
.
.
.
.
.
.
.
.
.
.
.

√ 49.99% သွေးသားတော်စပ်ကြောင်း √
ဆိုတဲ့အဖြေကဆီးကြိုနေခဲ့သည်....

"Chanyeol ah!! အဲ့ဒါဆိုရင် Baek လေးနဲ့ငါက ဘယ်လိုတော်စပ်မှုကြီးလဲ"

Jongin ရဲ့နှုတ်ကထွက်လာတဲ့ စကားသံတချို့က အနည်းငယ်တုန်ယင်နေခဲ့သည်...

"Baek လေးနဲ့ငါနဲ့က အဖေတူအမေကွဲလား.. အမေတူပြီးအဖေမတူတာလား.. ဟမ်!! ငါ့ကိုပြောစမ်းပါကွာ"

"Jongin ah!! ဘယ်လိုဘဲဖြစ်ဖြစ် baby နဲ့မင်းနဲ့က သွေးသားတော်စပ်တာဘဲလေ"

"ဟာ... မိဘဆိုတဲ့အရာတွေက ဘယ်လိုတွေလဲကွာ... ဘယ်သူကဖောက်ပြန်ခဲ့တာလဲ.. ဟမ်!!"

"တောက်* Kim Jongin!! မင်းက baby ကိုမင်းနဲ့ ညီအစ်ကိုအရင်းမဟုတ်ရင် လက်မခံနိုင်ဘူးလို့ပြောတာလား!! ဟုတ်လား!! ငါ့ကိုပြောစမ်းပါ!! Kim Jongin!!"

"မောင် မလုပ်ပါနဲ့!!"

သွေးပျက်နေတဲ့ Jongin ကို Chanyeol ဒေါသထွက်ပြီး တောက်တစ်ချက်ခေါက်ကာ လက်သီးနဲ့ ရွယ်လိုက်တဲ့အချိန်မှာ ဝင်တားတဲ့ Baekhyun ကြောင့် Chanyeol စိတ်လျှော့လိုက်ရသည်....

"မဟုတ်ဘူး.. Chanyeol.. ငါလေ.. Baek လေးကိုအားနာခဲ့တာပါ.. ငါက ငယ်ငယ်လေးကတည်းက Baek လေးကို သံယောဇဉ်ရှိခဲ့တာပါကွ!! Baek လေးက ငါနဲ့ညီအစ်ကိုအရင်းမဟုတ်ရင် ငါ့ကို အစ်ကိုကြီးတစ်ယောက်လို့ လက်မခံနိုင်မှာကြောက်တာပါ"

မျက်ရည်တွေကျလာတဲ့ Jongin ကို Baekhyun ကြောင်ကြည့်နေမိသည်....

"မသေချာတာကို သေချာအောင်သွားမေးလိုက်ကြတာကောင်းမယ်... သံသယတွေနဲ့နေမယ့်အစား တတ်ကျွမ်းတဲ့သူတွေကိုမေးလိုက်တာကောင်းမယ်ထငတယ်"

Chanyeol နဲ့ Jongin ငြင်းခုံနေတာကို မတားနိုင်တဲ့အထိ Kyungsoo ဖုန်းကိုအသည်းအသန်ကြည့်နေခဲ့ရာက ဝင်ပြောသည်...

မကြာသေးခင်အချိန်ကမှ ဆေးရုံကပြန်လာခဲ့တဲ့ ‌ကားဟာ နောက်တစ်ခေါက် ဆေးရုံဆီသို့ ဦးတည်ခဲ့ပါတော့သည်...
.
.
.
.
.
.
.
.
.
.
.

𝑳𝒐𝒗𝒆 - 𝑯𝒂𝒕𝒆 𝑹𝒆𝒍𝒂𝒕𝒊𝒐𝒏𝒔𝒉𝒊𝒑 [ Hiatus ]Where stories live. Discover now