[Unicode]
Chanyeol, baby လေးကိုလွမ်းလွန်းလို့ အလုပ်တွေကို မြန်နိုင်သမျှ မြန်မြန်လုပ်တယ်... ဒါပေမယ့် ပြဿနာကြောက မပြတ်တာကြောင့် တစ်ပတ်လောက်ကြာသွားခဲ့သည်....
နောက်ဆုံးတွင်တော့ ပြဿနာတက်လွန်းတဲ့ကလပ်ကိုလည်း ဒေါ်လာသန်းတစ်ထောင်နဲ့ ရောင်းပစ်ခဲ့ပြီ...
ဒီငွေလောက်ဆိုရင် baby နဲ့နေဖို့ အိမ်တစ်လုံးလောက်ကတော့ရတယ်မလား....
ပြီးတော့ shopping mall တစ်ခုလောက်ဖွင့်ပြီး အေးဆေးထိုင်စားရုံဘဲ....လန်ဒန်ကိုရောက်တုန်းရောက်ခိုက်မှာ ကျေးဇူးရှင်အဖေ့ဆီ သွားရဦးမှာလေ....
ဒီဇာတ်လမ်းမှာ မြားနတ်မောင်က အဖေမလား....သာကြောင်းမာကြောင်းလေးတော့ သွားမေးရမှာပေါ့လေ...."အဖေ..father gyi..ကျွန်တော့်ရဲ့ကျေးဇူးရှင်ကြီး"
"ဟာ....သားငယ်ပါ့လားကွ...ဘယ်လိုလဲ! ပြဿနာတွေရှင်းပြီးပြီလား"
အဲ့အဖေဟာလေ...ကျွန်တော့်ကိုဆို သားငယ်ဘဲအမြဲတမ်းခေါ်တာ...ကျွန်တော့်အပြင် နောက်ထပ်သားတစ်ယောက်များရှိလို့လား မသိပါဘူး....
"ရှင်းပြီးပါပြီ father ကြီးရယ်...အခု ကျွန်တော်ပြန်တော့မှာမို့လို့ အဖေ့ကို လာနှုတ်ဆက်တာ"
"ဘယ်ကိုပြန်မှာတုန်းကွ...မင်းအိမ်က ဒီမှာလေ"
"အာ...ပြောဖို့မေ့နေတာ...အဖေ့ကျေးဇူးကြောင့် ကျွန်တော့်ရဲ့ အချစ်လေးကို ကိုရီးယားမှာတွေ့တယ်...နောက်ဆိုရင်တော့ သားမက်လေးဖြစ်လာမှာပေါ့"
"ဟေ!! ငါရှာခိုင်းတဲ့လူကရော!?"
"အဲ့ဒါကလေ ရှာတုန်း ဟဲဟဲ"
"ဘာဟဲဟဲလဲ! မျက်နှာရူးမနေနဲ့! အခွက်ပိတ်တီးလိုက်ရ! ရှာခိုင်းတဲ့လူကျ မရှာဘူး!"
"ဟာ....အဖေကလည်းဗျာ....အဖေ့ဟာကြီးက ဘယ်နှနှစ် ဘယ်နှစ်လကရင်းလဲဗျာ....ဘယ်ရောက်လို့ဘယ်ပေါက်ပြီး ဘယ်မှာသေလို့ ဘယ်မှာကြေနေမှန်းတောင်မသိတော့တာကို...."
"Park Chanyeol!! မင်းအဲ့လိုမပြောနဲ့!! ငါရှာခိုင်းတယ်ဆိုတာ မင်းဘဝအတွက်အရေးပါတဲ့လူမို့လို့ရှာခိုင်းတာကွ!! မင်းနားလည်လား!!"