[Unicode]
"မောင်... သူကဘယ်သူလဲ"
မောင်က ကျွန်တော့်ကိုအံ့ဩတဲ့မျက်ဝန်းတွေနဲ့ပြန်ကြည့်လာပြီး...
"Hyunie...!"
"Hyunie..? မောင်က သူ့ရှေ့ရောက်တော့ အခေါ်အဝေါ်တွေတောင်ပြောင်းပြီပေါ့"
ကျောင်းဝန်းထဲမှာဖြစ်ပြီး ကျွန်တော့်အသံလေးနည်းနည်းကျယ်သွားပေမယ့် ဒီလိုအချိန်မှာ ဘာကိုမှ ဂရုမစိုက်နိုင်တော့..
"Hyunie ဘာတွေပြောနေတာလဲ.. ဘယ်ကမောင်လဲ.. ကိုယ့်ကိုမမှတ်မိတော့ဘူးလား"
ပုခုံးတွေကို ကိုင်လှုပ်ပြီးမေးလာတဲ့မေးခွန်းတွေ..
မောင်က သူ့ရှေ့မို့လို့ ကျွန်တော့်ကိုပထုတ်နေတာလား..
"ကိုယ်နဲ့စကားများပြီး ဘယ်တွေကိုရောက်နေတာလဲ.. ကိုယ်ရော omma ရော hyunie ကိုလိုက်ရှာနေခဲ့တာ.. အခုတော့ပြန်ရှာတွေ့ပြီ.. ကိုယ်နဲ့ပြန်လိုက်ခဲ့နော်"
လူကိုသိုင်းဖက်လာတဲ့ သူ့လက်တွေ..
အစပိုင်းမှာ ကြောင်အ,နေမိပေမယ့် မောင့်ရဲ့ရင်ခွင်နဲ့မတူတာ သတိထားမိလာတယ်..
ပေးစွမ်းနိုင်တဲ့ လုံခြုံနွေးထွေးမှုလည်းမတူသလို ခံစားချက်ခြင်းလည်း မောင့်အပေါ်ထားတဲ့ရင်ခုန်သံတွေလိုထပ်တူကျမနေခဲ့ဘူး..
Omma..? Hyunie..? ဘာတွေလဲ..
ဒီရှေ့ကလူက မောင်မဟုတ်ဘူးလား..
"ခင်ဗျား ဘယ်သူလဲ!?"
"Hyunie~~"
မဟုတ်မှလွဲရော...
"ကိုယ်လေ.."
ဖက်ထားရာကနေခွာပြီး အကြည့်ချင်းဆုံလာတဲ့သူ့မျက်လုံးတွေထဲကိုကြည့်မိတဲ့အချိန်မှာ ကြောက်လန့်မှုတွေဟာ အတိုင်းသားဝင်လာခဲ့တယ်..
"မကိုင်နဲ့!"
"Hyunie.. စိတ်အေးအေးထား.."
ဘာကိုစိတ်အေးအေးထားရမှာလဲ..
"ဟင့်အင်း.. မောင်မဟုတ်ရင် ကျွန်တော့်ကိုမထိနဲ့!"
Baekhyun ထိုအနားကလှည့်ထွက်ခဲ့သည်။
" Hyunie~~ Hyunie !! "
နောက်ပါးကအော်သံတွေနဲ့ ခြေထောက်ကဒဏ်ရာကိုလည်း အရေးမစိုက်နိုင်တော့.. အခုအချိန်မှာ Baekhyun သိတာ ကြောက်ရွံ့မှုတွေဘဲ..