[Unicode]
မနက်ခင်းနေရောင်ခြည်က ပြတင်းပေါက်မှတိုးဝှေ့ဝင်ရောက်လာပြီး မျက်နှာပေါ်သို့ကျရောက်လာတာကြောင့် Chan Yeol နိုးလာခဲ့သည်...နိုးနိုးခြင်းမြင်လိုက်ရတဲ့ မျက်နှာဖြူနုနုလေးကြောင့် Chan Yeol မှာကမ္ဘာလောကကြီးတစ်ခုလုံးကို အပိုင်ရလိုက်သလိုပါဘဲ....ချစ်ရသူနှင့်အတူနိုးထရတဲ့မနက်ခင်းလေးက Chan Yeol အတွက်တော့ ဘယ်အရာနဲ့မှအစားထိုးလို့မရနိုင်သည်မှာအမှန်ပင်....
မကျဉ်းမကျယ်တဲ့ နဖူးပြင်လေးရယ်....ရယ်လိုက်တိုင်းမှိတ်ကျသွားတတ်တဲ့ မျက်ဝန်းမှေးမှေးလေးတွေရယ်....နှာတံလုံးလုံးလေးအောက်နားမှာ အမြဲတမ်းဆူပြီးရန်တွေ့တတ်တဲ့ နှုတ်ခမ်းပါးပါးလေးရယ်...နှုတ်ခမ်းပါးလေးပေါ်က မှဲ့နက်သေးသေးလေးရယ်.....
"မင်းလေးကိုဘယ်လိုချစ်မိသွားလဲမသိလိုက်ပေမယ့် မင်းလေးကိုကိုယ့်အသက် ကိုယ့်ဘဝထက်ပိုချစ်တယ်ဆိုတာတော့ယုံကြည်ပေးပါ ကလေးရယ်"
နဖူးပေါ်ကျနေသည့်ဆံသားလေးတွေကိုပင့်တင်ပေးလိုက်ပြီး အနမ်းလေးတစ်ပွင့်ဖန်ဆင်းလိုက်မိသည်
"ကိုယ်မင်းလေးကို အပြင်မှာမတွေ့ခင်ကတည်းက မင်းလေးကကိုယ့်ရဲ့အိပ်မက်တွေမှာနေရာယူထားခဲ့တာ... အဲ့အချိန်ကတည်းကိုယ့်ရဲ့နှလုံးသားထဲမှာ မင်းလေးကိုနေရာပေးမိခဲ့တာထင်တယ် ...ချစ်တယ် ကိုယ့်ရဲ့ အိပ်မက်နတ်သားလေး"
ပင့်တင်ထားမိသောဆံသားလေးတွေကို နဖူးပြင်လေးပေါ် ခပ်အုပ်အုပ်လေးပြန်ချပေးလိုက်ပြီး ဆံသားလေးတွေပေါ်ကို အနမ်းတစ်ပွင့်ခြွေချမိပြန်သည်
"ကိုယ်တော့ တကယ်အရူးဖြစ်နေပြီထင်ပါတယ်...အချစ်ရူးကြီးလေ...မင်းလေးကြောင့်ရူးနေတဲ့ ဒီအရူးကို မင်းလေးရဲ့အချစ်တွေနဲ့ပြန်ကုစားပေးမယ်မလား"