[Unicode]
"Baby မောင်ကမနက်ဖြန် လန်ဒန်ပြန်ရမှာနော်...baby အဲ့လိုဘဲစိတ်ကောက်နေတော့မှာလား"
"ဟင်! မောင်က လန်ဒန်ကို ပြန်ရမယ်!?"
"အဲ့ဒါကြောင့်မို့ မောင့်ကို စိတ်မကောက်ပါနဲ့တော့ကွာ... မပြန်ခင်လေး အလွမ်းသယ်ချင်လို့ပါဆို"
"မောင်က လန်ဒန်ပြန်မှာဆိုတော့ ကြာမှာလားဟင်! ဒီကို ပြန်မလာတော့ဘူးလား! ကျွန်တော့်ကို ထားခဲ့တော့မှာလား!"
မျက်ဝန်းမှေးမှေးလေးမှာ မျက်ရည်စတွေဝိုင်းလာပြီး မေးခွန်းတွေအများကြီးထုတ်လာတဲ့ baby လေး....အသံတွေတုန်နေတာ သူကိုယ်တိုင်တောင်သတိထားမိရဲ့လား....
"မေးရက်လိုက်တာ baby ရယ်...ကိုယ်က baby ကို ထားခဲ့နိုင်ပါ့မလား...အခုမောင်ပြန်မှာ ခဏဘဲ...အလွန်ဆုံးကြာရင် တစ်ပတ်လောက်ပေါ့"
"ဟင့် တစ်ပတ်ကြီးများတောင်!"
"ကိုယ်အလုပ်တွေမြန်မြန်အပြီးသတ်ပြီး ပြန်လာခဲ့ပါ့မယ်ကွာ"
ဖြစ်နိုင်ရင် baby ကိုပါ မောင်နဲ့ခေါ်သွားချင်တာ...မောင်လည်း baby နဲ့ခဏလေးတောင်မခွဲချင်ပါဘူး...
ဒါပေမယ့် baby က ဟိုကလုပ်ငန်းတွေကို မြင်ရင်မောင့်ကိုမုန်းသွားမှာ....အဲ့ဒါကြောင့် baby ကို မောင်မခေါ်ရဲဘူး...
"ကျွန်တော်စောင့်နေမှာနော်...မြန်မြန်ပြန်လာခဲ့"
ငိုသံပါနဲ့ပြောလာတဲ့ baby လေးရဲ့ဘေးမှာဝင်ထိုင်ပြီးတော့ ရင်ခွင်ထဲကို ထွေးဖက်ကာ နောက်ကျောပြင်လေးကို လက်ဖဝါးနဲ့ ပွတ်သတ်ပြီး နှစ်သိမ့်ပေးမိသည်....
အဲ့ကလပ်ကြီးကို ပျက်စီးပါစေဆိုပြီးတော့ ပစ်ထားလိုက်လို့ရရင် ကောင်းသား...ဒီကလပ်ပျက်စီးသွားရင် သူ့မှာဝင်ငွေရှိမှာမဟုတ်တော့ဘူး...
သူပိုင်တဲ့နေရာတွေအများကြီးရှိပေမယ့် ဒီကလပ်က ဝင်ငွေအကောင်းဆုံးနဲ့ အကြီးဆုံးကလပ်ဘဲ....
ကလပ်ကိုရောင်းလိုက်ရင်ရော!? ပြီးရင် ကုန်တိုက်တစ်ခုလောက်ဖွင့်မယ်...အဲ့အကြံမဆိုးဘူး...အခုတစ်ခေါက်ပြန်ရင် ကလပ်ရောင်းပြီး ကိုရီးယားမှာဘဲ ကုန်တိုက်ဖွင့်တော့မယ်....