[Unicode]
"အွန်း....မောင်..တော်တော့လေ"
လက်သေးသေးလေးတွေက ကိုယ့်ရင်ဘတ်ကို တွန်းဖယ်လာတဲ့အချိန်မှသာ baby ရဲ့နှုတ်ခမ်းပုစိလေးကို လွှတ်ပေးမိသည်....
"မောလိုက်တာ ဟင်းး"
အသက်ပြင်းပြင်းရှူနေတဲ့ ရင်ဘတ်လေးက နိမ့်ချည်မြင့်ချည်....လက်သွယ်သွယ်လေးတစ်ဖက်ကလည်း သူ့ရင်ဘတ်လေးသူဖိထားသေးဟည်....နှုတ်ခမ်းရဲရဲလေးတွေကလည်း နဂိုကထက်ပိုနီရဲပြီး ဖူးဖူးလေးဖြစ်နေသည်....
နောက်တစ်ကြိမ် နှုတ်ခမ်းလေးပေါ်မှာ အကြည့်တို့တွယ်ကပ်နေသည်....
"မောင် ပြန်မယ်လေ"
"ဟင်! အွန်း!"
Baby ပြောမှဘဲ နှုတ်ခမ်းပါးလေးက အကြည့်ခွာမိပြီး သတိကပ်တော့သည်...
"ဟိတ်! ဘယ်ပြေးမလို့ကြံနေတာလဲ!"
ကိုယ်ပေါ်ကထပြေးတဲ့ baby လေးကို ချုပ်ထားလိုက်သည်....
"မပြေးပါဘူး ဟိုဘက်ခုံသွားထိုင်မလို့လေ"
"မထိုင်ရပါဘူး"
"ဟင်! မောင်က ကားမောင်းရဦးမှာလေ"
"ဒီမှာဘဲထိုင်!"
"အယ်...ဒီလိုကြီးဆို ဘယ်လိုကားမောင်းမလဲလို့"
"ငြိမ်ငြိမ်နေ ဒီတိုင်းမောင်းမယ်!"
"မနေတတ်ဘူးဆို မောင်ရာ...."
"Baby! ငြိမ်ငြိမ်နေလို့ မောင်ပြောနေတယ်မလား...မနေ့က မောင့်ကို ကားခပေးရဦးမယ်လေ"
"ဟင်! ဘယ်တုန်းက!?"
"Lotto cafe သွားတုန်းကလေ"
"အယ်...အဲ့ဒါကလေ"
"ဘာဖြစ်လဲ!"
"အဲ့..ဒါကလေ"
"အဲ့ဒါတွေ ဒီဟာတွေလုပ်မနေနဲ့ အခုပေးရမှာဘဲ!"
"မောင်ကလဲ စိတ်ချည်းဘဲကွာ...တကယ်ဘဲ...ကားဘယ်လိုမောင်းမလဲလို့! ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ကို"
"ရတယ် မောင်းတတ်တယ်!"
"မောင် တကယ်ကွာ...."
"ငြိမ်ငြိမ်လေးနေ! ဒီလိုထိုင် လက်က ဒီကိုဖက်ထား ခေါင်းလေးကဒီပေါ်ကို မှီထား...ပြီးရင် ငြိမ်ငြိမ်လေးနေ"