[Unicode]
"ဆန်ပြုတ်လည်းသောက်ပြီးပြီ ဆေးလည်းသောက်ပြီးပြီဆိုတော့ သွားမယ်လေ မောင်"
ဆန်ပြုတ်နဲ့ဆေးသောက်ပြီးသွားတော့ ထိုင်နေရာကနေ ချက်ချင်းထကာ ကျွန်တော့်လက်ကိုအတင်းဆွဲပြီး သွားရအောင်ခေါ်နေပြန်သည်...
"ဖြည်းဖြည်းသွားပါကွာ...ချော်လဲနေပါဦးမယ်...နေကောင်းသေးတာလည်းမဟုတ်ဘဲနဲ့"
"ကျွန်တော်နေကောင်းသွားပြီမောင်ရဲ့...date သွားလုပ်ရအောင်လေနော်"
"နောက်ရက်ကျတော့သွားတာပေါ့...ဒီနေ့တော့ ဆေးသောက်ထားတာဆိုတော့ ခဏအိပ်လိုက်ဦးလေ"
"ဟင့်အင်း....မအိပ်ချင်တော့ပါဘူးဆို...date လုပ်ချင်တာပါဆို မောင်ကလည်း..."
"မဟုတ်ဘူးလေကွာ...baby မှနေမကောင်းသေးတာ...နားလိုက်ဦးလေ...နေကောင်းတော့မှ မောင်တို့ date လုပ်မယ်လေ"
"ဟင့်အင်းကွာ...ဒီနေ့ဆိုဒီနေ့ဘဲ!"
ကျွန်တော့်လက်ကို တစ်ချက်တစ်ချက်ဆောင့်ဆောင့်ဆွဲကာ အပြင်ကိုသွားမယ်တကဲကဲလုပ်နေတဲ့ baby ကြောင့် ကျွန်တော့်မှာ ကို့ရို့ကားယားဖြစ်နေသည်...
မီးဖိုချောင်ကိုဝင်လာတဲ့ Kyungsoo hyung ကိုမြင်တာနဲ့ baby လေးသည် ကျွန်တော့်လက်ကိုလွှတ်ချကာ ပြန်တိုင်ပါတော့သည်...
"Kyungine.... မောင်ကလေ ကျွန်တော်က date လုပ်ချင်ပါတယ်ဆို လိုက်မပို့ဘူး"
"အယ်...Baek လေးက အပြင်သွားချင်နေတာ နေကောင်းသွားပြီလား"
"ကျွန်တော် ဆေးသောက်ထားတယ်လေ"
"ဆေးသောက်ရုံနဲ့ဘယ်ရမလဲ...တစ်ပတ်လောက်အိပ်ရာထဲလဲထားတဲ့လူက ခဏနားနေဦးမှပေါ့"
"ဟင့်! Kyungine ကလည်း..."
သူစစ်ကူခေါ်တဲ့လူကလည်း သူ့ဘက်မပါသောကြောင့် baby မျက်နှာလေး ငိုမဲ့မဲ့ဖြစ်လာပြီ...
"ဒီနေ့တော့နားလိုက်နော်...မနက်ဖြန်မှ မောင်လိုက်ပို့မယ်"
"မနက်ဖြန်တကယ်လိုက်ပို့ရမှာနော် မောင်!"
"တကယ်ပါကွာ...ကတိ! ကတိ!"
"ဟုတ်! အာ့ဆို ကျွန်တော်သွားအိပ်တော့မယ်...အဲ့ဒါမှမြန်မြန်နေကောင်းမှာ"