[Unicode]
"ငါနဲ့ baby နဲ့ ချစ်သူတွေဖြစ်သွားပြီ"
ဟူး* ဝိုး~~~*
ဟူး* ဆိုတဲ့ သက်ပြင်းချသံကတော့ Jongin ဆီမှဖြစ်ပြီး ဝိုး~~~*ဆိုတဲ့အသံကတော့ Kyungsoo ဆီမှဖြစ်သည်....
"Baek လေး လျှိုထားတယ်နော်...ချစ်သူတွေဖြစ်သွားတာတောင် ကိုလေးတို့ကိုမပြောဘူး"
"Soo ရယ် သူတို့နှစ်ကောင် ပလူးနေတာမမြင်ချင်မှအဆုံး...Soo တစ်ယောက်ဘဲမသိတာ"
"အယ်...ဟုတ်လား! အာ့ဆိုကြာပြီပေါ့!"
"ဟိုကောင်ဆို ခဏခဏ Baekhyun အခန်းထဲမှာ အိပ်တာ"
သူတောင်းစား! ဝက်ဝံမဲ! ငါကတော့သူ့ကိုကယ်ထားရတယ်! သူကငါ့ကို ဆွဲချနေတယ်! ပစ်ထားဦးမယ်! မင်းနေပေဦး!
"အဲ့အဆင့်တောင် ရောက်သွားပြီလား!"
"အာ....ကိုလေးကလည်း ကျွန်တော်တို့က ရိုးရိုးသားသားပါ...ဒီတိုင်းလေး ဖက်အိပ်ရုံလေးပါဘဲ"
Kyungsoo က မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ပြောတော့ ကျွန်တော့်ရဲ့ baby လေးက အသည်းအသန်ဝင်တားသည်...
"ဒါနဲ့ ဟိုတစ်နေ့က ကိုလေးကို ကိုကြီးက ဘာလို့ရိုက်နေတာလဲလို့"
"မရိုက်ပါဘူး Baek လေးရဲ့...Baek လေးကဘယ်နေ့ကဟာကိုပြောနေတာလဲ"
"ကိုကြီးနဲ့ကိုလေး ကျွန်တော့်ကို မုန်လာဥမလုပ်နဲ့နော်...ကျွန်တော်သိချင်လို့ပါဆို"
"Baek လေးက ဘယ်နေ့ကဟာကိုပြောတာလဲ..ကိုလေးတစ်ခါမှ အရိုက်မခံရဖူးပါဘူး"
"အာ့ဆို ဟိုနေ့ကလေ...ကိုကြီး အရက်တွေမူးပြီးပြန်လာတဲ့နေ့က ကိုလေးအခန်းထဲမှာအော်နေတာကြားတယ်...အဲ့ဒါဘာလို့အော်နေတာလဲ"
ဟုတ်ပြီ ဒါမှ ငါ့ baby လေးကွ...ကျပ်စမ်း! အဲ့ငမဲကောင်ကို နာနာကျပ်မှမှတ်မှာ!
"အဲ့..အဲ့..အဲ့ဒါ..ကလေ..."
"အဲ့နေ့ညက ကျွန်တော်ရေဆာလို့ မီးဖိုချောင်ထဲ ရေသွားသောက်တာ ကိုလေးက အော်နေတာလေ"
"အယ်...အာ့..ကလေ"
"ကျွန်တော်သိချင်လို့ပါဆို Kyungine ရာ...ကိုလေးကိုရိုက်ရင် ကျွန်တော်က ကိုကြီးကို ပြန်ရိုက်မလို့"