[Unicode]
အချိန်အနည်းငယ်ကြာတော့ နှုတ်ခမ်းပါးလေးကို လွှတ်ပေးလိုက်သည်...
Baby လေးမှနေမကောင်းတာ...
ကျွန်တော်အကြာကြီးနမ်းလိုက်ရင် အသက်ရှူကျပ်မှာစိုးလို့ပါ....နှုတ်ခမ်းပါးလေးကိုလွှတ်ပေးပြီး မျက်နှာနုနုလေးဆီကို အကြည့်ရောက်မိတော့ ပါးပြင်လေးပေါ်မှာ စီးကျနေတဲ့မျက်ရည်တွေ.....
"ကျွန်တော့်ရဲ့မောင် တကယ်ပြန်လာတာဘဲ"
မျက်နှာချင်းဆိုင်အနေအထားနဲ့ ဘေးတစောင်းလှဲနေတဲ့ ကျွန်တော့်ရဲ့လက်မောင်းတစ်ဖက်ပေါ်မှာ baby ရဲ့ခေါင်းလုံးလုံးလေးရှိတာကြောင့် လက်မောင်းပေါ်က ဆံနွယ်နုနုလေးတွေရဲ့ နူးနူးညံ့ညံ့အထိအတွေ့ကို ခံစားရသည်.....
မယုံကြည်နိုင်သေးတဲ့မျက်ဝန်းလေးတွေနဲ့အတူ ကျွန်တော့်ရဲ့ပါးပြင်ပေါ်ကို ကျရောက်လာတဲ့ လက်ချောင်းသွယ်သွယ်လေးတွေက ပါးပြင်ကို ငြင်သာစွာပွတ်သပ်နေပြန်သည်....
"မောင့်ရဲ့ baby လေး မငိုနဲ့တော့နော်...မောင်က baby လေးအနားကဘယ်တော့မှ ထွက်မသွားတော့ဘူး...နောက်ဆိုဘယ်သွားသွား
မောင့်ရဲ့ baby လေးကိုခေါ်သွားမှာ""အွန်း"
စကားတစ်လုံးသာပြောပြီး ပါးပြင်ကို ပွတ်သပ်နေတဲ့လက်လေးတွေကလည်း တဖြည်းဖြည်းနဲ့ နဖူးပြင်ပေါ်ကိုရောက်သွားပြီ....
"ဒီနဖူးပြင်ကြီးက မနက်တိုင်းခိုးနမ်းရတဲ့ ကျွန်တော့်ရဲ့ မြတ်နိုးရာ"
ထို့နောက်မှာတော့ လက်ညှိုးလေးတစ်ချောင်းနဲ့ နှာတံပေါ်ကို....
"မောင့်ရဲ့နှာတံစင်းစင်းလေးက ကျွန်တော့်ရဲ့ပါးပြင်ပေါ်ကိုနစ်ဝင်သွားတဲ့အချိန်တိုင်းကို အရမ်းသဘောကျတယ်"
နှာတံလေးအောက်ကို ဖြည်းဖြည်းချင်းဆင်းသွားပြီး နှုတ်ခမ်းလေးကိုရောက်တဲ့အချိန်မှာ လက်မလေးနဲ့ အောက်နှုတ်ခမ်းပေါ်မှာ ဟိုပြေးဒီပြေးကစားနေပြန်သည်.....
"မောင့်ရဲ့နှုတ်ခမ်းတွေက ဖူးဖူးလေးတွေနော်...ပြီးတော့ အရမ်းလည်းချိုတယ်...ကျွန်တော်အကြိုက်ဆုံး candy တွေတောင် မောင့်နှုတ်ခမ်းလောက်မချိုတာ မောင်သိလား"