[Unicode]
"မောင့်ကိုချစ်တယ်!"
"ဟင်!!"
Baby ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် Park Chan တို့ရင်ထဲ ကင်းခြေများအကောင်တစ်ရာလောက်ဖြတ်ပြေးသလိုဘဲ ကလိကလိဖြစ်ကာ ပါးစပ်က "ဟင်" တစ်လုံးသာထွက်နိုင်တော့သည်....
"ကျွန်တော်လေ မောင့်ကိုချစ်တယ်လို့....မောင့်ကို ကျွန်တော်ချစ်တယ်"
ကုတင်ပေါ်ကနေ ဒူးလေးထောက်ပြီး ကိုယ့်ခါးကိုဖက်ထားကာ မျက်နှာလေးကိုရင်ဘတ်မှာအပ်ပြီး ချစ်တယ်တဖွဖွပြောနေတဲ့ သူလေးဟာ ဟိုရက်တွေက စွာတေးလန်နေတဲ့ ကိုယ်ချစ်ရတဲ့သူလေးများ ဟုတ်ပါလေသလား ....
"ဒါကအဖြေပေးတာတဲ့လား baby"
"မောင် ကျွန်တော့်ကိုမုန်းနေလည်း ရပါတယ်....ကျွန်တော်...ကျွန်တော်က ဒီအတိုင်း မောင့်ကို ကျွန်တော်ချစ်တယ်ဆိုတာ မောင်သိထားရင် ကျေနပ်ပါတယ်"
ဒီ baby လေးကို ကျွန်တော်က မုန်းနိုင်မှာတဲ့လား...ဘာတွေများ အထင်လွဲနေတာလဲ baby ရယ်....
"Baby ကို ကိုယ်ကဘာလို့မုန်းရမှာလဲ...ဟင်!...ပြောပါဦး baby လေးရဲ့"
"မောင်က ကျွန်တော့်ကို စကားလည်းမပြောဘူး....ကျွန်တော်ပြောတာကိုလည်း အဖတ်မလုပ်ဘူး...ကျွန်တော့်ကိုလည်း ဂရုမစိုက်ဘူး"
Baby လေးက ကျွန်တော့်ရင်ဘတ်ကို မျက်နှာကပ်ထားရင်း ပြောနေတော့ baby ရဲ့ နှုတ်ခမ်းက ချွန်ချွန်ထွက်လာပြီး ရင်ဘတ်ကိုလာလာထိုးနေတယ်.... ကျွန်တော်စိတ်တွေ တော်တော်ထိန်းထားရတာ....
"ဟောဗျာ...အဲ့ဒါနဲ့ဘဲ မုန်းတာဖြစ်သွားရောလား"
Baby လေးက ရင်ဘတ်နဲ့မျက်နှာကို ခွာပြီး လူကိုမော့ကြည့်လာသည်...ခါးပေါ်က လက်လေးတွေကိုတော့လွှတ်မပေး...
"မမုန်းရင် ဘာလို့စကားမပြောတာလဲ?...ကျွန်တော်မေးရင်လည်း ပြန်မပြောဘူး....ပြီးတော့ ကားရပ်ပြီးတာနဲ့ ကျွန်တော့်ကို ရောက်ပြီ ဆိုပြီးတော့ လေသံမာမာကြီးနဲ့ပြောတယ်....ပြီးတော့ ကျွန်တော်ကားပေါ်က ဆင်းတော့ နောက်လေးတောင် တစ်ချက်လှည့်မကြည့်ဘူး"