Part - 31

700 91 60
                                    

[Unicode]

ရေချိုးပြီး bathrobe တစ်ထည်ဝတ်ကာထွက်လာခဲ့သည်... အခန်းထဲကိုလှည့်ပတ်ကြည့်မိတော့ မောင်ကမရှိ...

"မောင်ကဘယ်ရောက်သွားတာလဲ... ဗိုက်ဆာပါတယ်ဆိုမှ.. ဟွန့်!"

Chanyeol အပြင်ကပြန်ရောက်လာတော့ နှုတ်ခမ်းကိုတစ်တောင်လောက်ဆူထော်ကာ ကုတင်ပေါ်မှာထိုင်နေပါတဲ့ baby လေးကိုတွေ့လိုက်ရသည်... ခေါင်းကလည်းရေစက်လက်နဲ့ ထိုင်နေတာ...

"Baby! ဘာလို့ ခေါင်းမသုတ်ဘဲထိုင်နေတာလဲကွာ... ဖျားတော့မှာဘဲ... ခေါင်းကို ဘာလို့လျှော်လိုက်တာလဲ... ညနေကျရင်ရေဆော့ဦးမှာဆို... အဲ့ဒါပြီးရင် ခေါင်းပြန်လျှော်ရဦးမှာကို... "

ဘလာ ဘလာနဲ့ ဘာတွေပြောနေမှန်းမသိတဲ့ဘိုးတော်ကြီး... လူကိုတစ်ယောက်တည်းထားသွားတယ်... အခုမှလာပြီး ပေါက်ပေါက်ဖောက်နေတာ... ဂါးးးး ဗိုက်ဆာနေပါတယ်ဆို... ဒီအဘိုးကြီးကတော့ ကုန်းကိုက်လိုက်ရ ပေါက်သွားဦးမယ်....

"ကဲ! ပြောပါဗျာ... မောင့်ကိုဘာတွေ ကောက်နေတာလဲ.. ဟင်! ပြွတ်စ်"

ဆူပုတ်ပုတ်နဲ့ကောက်စိန်လေးကို မ ပြီး ပေါင်ပေါ်ကို ဘေးတစောင်းတင်ထားကာ ခါးလေးကထိန်းဖက်ထားလိုက်ပါသည်... အဆစ်အနေနဲ့ မွှေး‌နေတဲ့ပါးလေးတစ်ဖက်ကို တစ်ချက်နမ်းလိုက်သည်...

ခေါင်းကိုရေသုတ်ပေးနေတာကို ပါးစပ်လေးကလှုပ်စိလှုပ်စိနဲ့ဘာတွေပြောနေမှန်းမသိ.. နှုတ်ခမ်းလေးက အပြင်ကိုချွန်ချွန်ထွက်တာ...
ဆွဲငုံလိုက်ရမကောင်းရှိတော့မယ်...
ပါးနဲ့တင်ရပ်လိုက်တာ ကံကောင်းသွားတယ်မှတ်ပါ Park Baekhyun shii...

"အဘိုးကြီး!! ကျုပ်ဗိုက်ဆာတယ်ဆိုနေ...ပြီးတော့ ကျုပ်ကိုဘာလို့တစ်ယောက်တည်းထားသွားတာလဲ... ဝတ်စရာမရှိဘူး ဘာဝတ်ရမှာလဲ"

လည်တိုင်ကို သွယ်ဖက်လာတဲ့ လက်သွယ်သွယ်လေးနှစ်ဖက်... စကားပြောရင် ချွန်ထွက်လာတဲ့ နှုတ်ခမ်းပါးပါးလေးရဲ့ပိုင်ရှင်မင်းလေးရှိရင် မောင့်ကမ္ဘာကြီး ပြည့်စုံပြီထင်တယ်...

"အောဟော! ဒီကလေးကတော့ လူကို ဘာအဘိုးကြီးတုန်း!? အပြစ်ပေးခံချင်နေတာလား!? အဲ့နှုတ်ခမ်းကရော ဘာလို့ချွန်လာတာတုန်း... မောင်နမ်းရအောင်လို့လား"

𝑳𝒐𝒗𝒆 - 𝑯𝒂𝒕𝒆 𝑹𝒆𝒍𝒂𝒕𝒊𝒐𝒏𝒔𝒉𝒊𝒑 [ Hiatus ]Where stories live. Discover now