[Unicode]
ဖုန်းချပြီးတော့ ဘေးမှာရှိနေတဲ့ baby လေးကို လှမ်းဖက်လိုက်သည်....
"Baby ကြားတယ်မလား!"
"ဘာကိုလဲ!!"
"ကိုယ်ပြောခိုင်းတာမဟုတ်ဘူးဆိုတာလေ!"
"ဘာဘဲဖြစ်ဖြစ် ခင်ဗျားတပည့်ဘဲကို...ခင်ဗျားတာဝန်ယူရမှာပေါ့! ဟွန့်!"
"Baby!! မောင် ပြောခိုင်းတာမဟုတ်ပါဘူးဆို! ပြီးတော့ Baby ဘာသာသူ့ကိုသေချာမမေးတာလေ!"
"အဲ့တော့ ခင်ဗျားကြီးက ကျွန်တော်မှားတယ်လို့ဆိုလိုချင်တာလား!"
အဲ! ကျွန်တော်တဲ့! နည်းနည်းအခြေအနေကောင်းလာပြီ...အဟိ အဟိ
"မောင်ပြောတာ အဲ့လိုမဟုတ်ဘူးလေကွာ...မောင်က သူ့ကို ခေါ်ရုံဘဲ ခေါ်ခိုင်းလိုက်တာ...စကားတွေက သူ့ဘာသာသူပြောတာလေ...မောင်နဲ့လည်း ဘာမှမဆိုင်ဘဲနဲ့ baby က မောင့်ကိုစိတ်ဆိုးနေတာကို"
Baby လေးကို ဖက်ထားတာကို လွှတ်ကာ မျက်နှာလွှဲပြီး မျက်နှာထားကို နည်းနည်းတည်လိုက်တယ်...
ဟုတ်တယ်...နည်းနည်းလောက်စိတ်ဆိုးပြရမယ်...baby လေးနေနိုင်ရိုးလား...ဟင်း ဟင်း....
နောက်ကျောကနေသိုင်းဖက်ထားတဲ့ရင်ခွင်နွေးနွေးနဲ့ကွာသွားတာကြောင့် Baekhyun မောင့်ကိုကျောပေးထားရာကနေလှည့်ကြည့်လိုက်သည်...
လေသံမာမာနဲ့ပြောပြီး မျက်နှာလွှဲထားတဲ့ မောင့်ကြောင့် သူမှားသွားပြီးဆိုတာသိလိုက်ရသည်...
သူကလည်းသူဘဲ မောင်မှားတာမှမဟုတ်တာကို မောင့်ကို အကန်တွေဘဲပြောနေမိတာ...
အမှန်က Baekhyun မနက်က သူ့ကိုမပြောဘဲနဲ့ ထွက်သွားတဲ့ကိစ္စကို စိတ်ဆိုးနေတာရောပေါင်းပြီးတော့ မောင့်ကို စိတ်ကောက်တာကို မောင်က ပြန်ကောက်သွားတယ်...ဟူး...ပြန်ချော့ရတော့မှာပေါ့....
Baekhyun မောင့်ပေါ်မှာ အရမ်းဆိုးနေမိပြီလား...မောင်က အလိုလိုက်လို့ ကျွန်တော်ဆိုးမိတာပါ...
မောင် စိတ်ဆိုးနေရင် ကျွန်တော်မနေတတ်မှန်းသိရဲ့သားနဲ့...
နောက်တစ်ခါကျွန်တော် မဆိုးတော့ပါဘူး...
မောင် ကျွန်တော့်ကို စိတ်ကုန်သွားမှာကိုအရမ်းကြောက်လို့ပါ...
မောင် ကျွန်တော့်ကို ပစ်သွားမှာ စိုးရိမ်လို့ပါ...
မောင် ကျွန်တော့်ကို ရှောင်ဖယ်မှာ စိတ်ကူးနဲ့တောင်မတွေးရဲလို့ပါ...