Part - 6

1.3K 139 25
                                    

[Unicode]

"Hyunie"

သန့်စင်ခန်းထဲကအထွက် ခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ အရပ်ခပ်ရှည်ရှည် အသားဖြူဖြူကောင်လေးတစ်ယောက်....အသက်ကတော့ ကျနော်နဲ့ရွယ်တူလောက်ပဲထင်တယ်....

"Hyunie ဟုတ်တယ်မလား "

"ဟိုလေ Hyunie ဆိုတာကျနော်ကိုခေါ်တာလားဗျ ကျနော့်နာမည် Baekhyun ပါ"

"ဟုတ်တယ် မင်းကိုခေါ်တာလေ ငါက Luhan လေ လွန်ခဲ့တဲ့တစ်လလောက်ကတောင် ငါ့အိမ်ကို Hyung လာရှာသေးတယ် မင်းနဲ့သူနဲ့ စကားများပြီး မင်းအိမ်ပြန်မလာလို့လာရှာတာတဲ့"

"ကျနော့်မှာအစ်ကိုမရှိပါဘူး Luhan shi လူမှားနေတာဖြစ်လိမ့်မယ် ကျနော့်ကိုခွင့်ပြုပါဦး"

"Baekhyun မင်းဘာဖြစ်နေတာလဲ ငါ့ကိုမမှတ်မိဘူးလား ဟန်ဆောင်နေတာမလား အဲ့လိုကြီးမလုပ်ပါနဲ့ကွာ hyung ကမင်းကိုစိုးရိမ်နေတာ သူမသွားခင်အချိန်ထိ ငါတို့ကိုမင်းကိုရှာပေးပါဆိုပြီး တတွတ်တွတ်မှာသွားတာ မေမေလည်းမင်းကိုစိတ်ပူနေတယ်တဲ့"

"စကားပြောတာဆင်ခြင်ပါ Luhan shi ကျနော်ကဘာကိုဟန်ဆောင်ရမှာလဲ ကျနော့်မှာ ညီအစ်ကိုလည်းမရှိဘူး ကျနော့်မိဘတွေကလည်းဆုံးသွားပြီ ကျနော်နဲ့ Luhan shi မှာ ပြောစရာမရှိတော့ဘူးထင်တယ် ခွင့်ပြုပါဦး"

ကျနော်လဲစိတ်တိုတာနဲ့ပြောပြီး သူ့ရှေ့ကထွက်လာလိုက်တယ် လူတွေများဘယ်လို‌တွေမှန်းကိုမသိဘူး ဟန်ဆောင်နေတာလား ဘာလားညာလားနဲ့ စိတ်တိုလိုက်တာ...

လိုက်ရှာတာလည်း ဈေးတစ်ခုလုံးနှံ့နေပြီ...ဘယ်တွေသွားနေတာလဲ baby ရာ...မဟုတ်မှလွဲရော ဟိုတစ်ခါကလို ကလေကချေတွေနဲ့တွေ့နေတာမဟုတ်လောက်ပါဘူး ...ကိုယ့်အတွေးနဲ့ကို စိုးရိမ်စိတ်တွေများလာတယ်....

ကဲ! တွေ့ပါပြီ ကျနော့်ရဲ့ baby လေး ပါးစပ်ကလည်း ဘာတွေပွစိပွစိပြောလာတယ်မသိဘူး နှုတ်ခမ်းလေးက တစ်ချက်တစ်ချက်ရှေ့ကို ချွန်ချွန်ထွက်လာတာ...ကျနော်လည်း baby ကိုတွေ့မှ သက်ပြင်းချနိုင်တော့တယ်...မဟုတ်ရင် ဒီကောင်ကြီးစိုးရိမ်ရရင်းနဲ့သေခါနီးနေပြီ....မင်းလေးနဲ့ကျမှ ကိုယ့်ကိုကိုယ်လဲဘယ်လိုဖြစ်နေမှန်းမသိတော့ပါဘူး....

𝑳𝒐𝒗𝒆 - 𝑯𝒂𝒕𝒆 𝑹𝒆𝒍𝒂𝒕𝒊𝒐𝒏𝒔𝒉𝒊𝒑 [ Hiatus ]Where stories live. Discover now