[Unicode]
"ငယ်လေးရေ ကိုကြီးက ဒီမှာ.."
"ခ်ခ်"
ဘုရားကျောင်းတစ်ခုရှေ့က ကွင်းပြင်အလယ်မှာဆော့ကစားနေကြတဲ့ကောင်လေးနှစ်ယောက်... ကလေးလေးတစ်ယောက်ကို စနောက်ချော့မြူနေတဲ့ ကောင်လေးတစ်ယောက်ကတော့ အပြုံးပန်းလေးတွေနဲ့ပေါ့....
စနောက်ခံနေရတဲ့ကလေးငယ်လေးက တခစ်ခစ်နဲ့ သဘောကျပြီး ခြေထောက်တုတ်တုတ်လေးတွေကိုသုံးပြီး တောက်တီးတောက်တဲ့ပြေးသည်....
"Jonginnee.... အငယ်လေးကိုခေါ်ပြီးလာခဲ့ဦး"
"Nae!!"
အဝေးက စစ်စတာကြီးတစ်ယောက်ရဲ့ခေါ်သံကြောင့် ကလေးလေးကိုစနောက်နေတဲ့ကောင်လေးက ဝဝကစ်ကစ်ကလေးလေးကိုချီပြီး ဘုရားကျောင်းရှိရာသို့ ပြန်လာသည်...
"Jonginnee မိတ်ဆက်လိုက်ပါဦး... ဒီကသူဌေး Byun က အငယ်လေးကို မွေးစားချင်လို့တဲ့"
"ဗျာ!!"
စစ်စတာကြီးရဲ့စကားအဆုံးမှာ ' ဗျာ ' ဆိုတဲ့စကားလေးတစ်လုံးသာထွက်နိုင်တော့သည်...
"ဟင့်အင်း.. အငယ်လေးကို ဘာလို့မွေးစားမှာလဲ.. ကျွန်တော်သဘောမတူဘူး.. အငယ်လေးကို ကျွန်တော့်ဘာသာဘဲစောင့်ရှောက်မယ်"
ခေါင်းတခါခါနဲ့ငြင်းနေတဲ့ Jonginnee....
မိဘတွေအသတ်ခံရပြီး ဆုံးသွားကတည်းက သူ့ဆီမှာ အငယ်လေးဘဲရှိတော့တာ...
ဒါကို အခုအငယ်လေးကို တခြားသူတွေလက်ထဲကို ပေးလိုက်ရတော့မယ်တဲ့လား... မဖြစ်နိုင်ဘူး... မပေးနိုင်ဘူး...
"Omma ကျွန်တော့်ဘဝထဲက အငယ်လေးကို ဆွဲမထုတ်ပါနဲ့... ကျွန်တော့်မှာ အငယ်လေးမရှိရင်မနေနိုင်ဘူး... ကျွန်တော် သေသွားလိမ့်မယ်"
"Jonginnee ရဲ့ အငယ်လေးဘဝကောင်းစားဖို့အတွက် Omma တို့က စီစဉ်ရတာပါကွယ်"
"အငယ်လေးကို ကျွန်တော်ဘဲစောင့်ရှောက်မှာ... အငယ်လေးကို ကျွန်တော့်ရင်ခွင်နဲ့ဝေးရာကို မလွှတ်နိုင်ဘူး... Omma! အဲ့လူကြီးတွေကိုပြောပေးပါ... အငယ်လေးကိုမမွေးစားဖို့ ပြောပေးပါဗျာ!! ကျေးဇူးပြုပြီး ပြောပေးပါ!!"