Part - 35

597 77 82
                                    

[Unicode]

Chanyeol ဒီနေ့ Pohang ကို Jongin နဲ့ အတူတူသွားပြီး မြေကွက်သွားကြည့်ရမည်...
အဲ့ဒါပြီးတာနဲ့ အိမ်ဝယ်မယ့်ကိစ္စကိုပါ တစ်ခါတည်း ဖြတ်ရမည်...

အိမ်က Jongin တို့နဲ့ကပ်လျက်ဝယ်မှာဆိုတော့ အဆင်ပြေတဲ့နေရာတွေ့ထားသည်...

နှစ်နေရာတွေ့ထားတာဆိုတော့ Baby စိတ်ကြိုက်ရွေးခိုင်းမှာမို့ baby ကိုပါခေါ်သွားဖို့ ညကမေးကြည့်တော့ 'မောင်နဲ့လိုက်မယ်' တဲ့...

Chanyeol ရေချိုးခန်းထဲကထွက်လာတော့ စောင်ပုံထဲမှာမြုပ်နေတဲ့ baby လေးကြောင့် နှုတ်ခမ်းစွန်းတို့ကော့တက်လာသည်...

စောင်ကြီးကိုပုခုံးထိလုံအောင်ခြုံထားပြီး မျက်နှာလေးဘဲဖော်ထားကာ ပုစွန်ထုပ်ကွေးသလို ကွေးကွေးလေးအိပ်နေတဲ့ baby လေးက Chanyeol အတွက်တော့ အူယားစရာအတိ...

ကုတင်နားကို အသာသွားကာ baby ရဲ့ နဖူးပေါ်အုပ်မိုးနေတဲ့ဆံသားနုနုတို့ကိုပင့်သပ်ပြီး အနမ်းတစ်ပွင့်ခြွေမိသည်...

"Baby... ထတော့လေ...
မောင်နဲ့ Pohang ကိုလိုက်မှာဆို.."

"ဟင့်.. အိပ်ချင်သေးတယ်လို့.."

အိပ်ပုတ်ကြီးတဲ့ baby
လေးဟာ အဲ့လိုပါဘဲ...
နှိုးရင် ပေကပ်ကပ်...

ပြီးရင် ချွဲတဲတဲအသံလေးတွေ
ထွက်လာပြီး ပြန်အိပ်သွားရော...

Chanyeol ဒီအိမ်ကို စရောက်ခါစတုန်းက မြင်ဖူးတဲ့ baby နဲ့ Chanyeol နဲ့ချစ်သူဖြစ်ပြီးနောက်ပိုင်း baby လေးဟာ လားလားမှမသက်ဆိုင်...

ဒီအိမ်ကိုစရောက်ခါစက Chanyeol တွေ့ရတဲ့ baby ဟာ စောစောထပြီး Kyungsoo hyung ကို မနက်စာတွေဘာတွေ ကူချက်ပေးသေးတာ...

အခုလိုအိပ်ပုတ်ကြီးတဲ့ baby နဲ့ တစ်ယောက်တည်းဆိုတာ ကျိန်ပြောရင်တောင် ဘယ်သူကမှယုံမှာမဟုတ်...

အဲ့ဒါက Chanyeol ရဲ့အလိုလိုက်မှုတွေကြောင့်နဲ့ Jongin တို့လင်လင်နှစ်ယောက်ရဲ့အလိုလိုက်မှုတွေကြောင့်ထင်သည်...

အငယ်ဆုံးလေးဆိုပြီးအလိုလိုက်မိတာကြောင့် ချွဲစိန်လေးကဆိုးချင်တိုင်းဆိုနေတာ... အဲ့ဒါလည်း အပြစ်မမြင်ပါဘူးဗျာ...
ကိုယ်က အဲ့ဒါလေးတွေကိုဘဲချစ်နေရတာကို...

𝑳𝒐𝒗𝒆 - 𝑯𝒂𝒕𝒆 𝑹𝒆𝒍𝒂𝒕𝒊𝒐𝒏𝒔𝒉𝒊𝒑 [ Hiatus ]Where stories live. Discover now