Part - 24

669 102 20
                                    

[Unicode]

Chanyeol အိပ်ရာနိုးတော့ သူ့ရဲ့ရင်ခွင်ထဲမှာ အိပ်ပျော်နေရမယ့် baby ရဲ့ကိုယ်လုံးလေးမရှိတော့...

ဘေးမှာရှိလားလို့ စမ်းကြည့်ပြန်တော့လည်းမရှိ....

ထကြည့်တဲ့အခါလည်း ဘေးက ကုတင်နေရာအလွတ်ကိုသာ မြင်လိုက်ရတဲ့အချိန် Chanyeol တစ်ယောက်ခေါင်းမီးတောက်ရပြီ....

မနေ့ညက အဖျားတွေတက်လာတဲ့ baby ကို ရေပတ်တိုက်ပေးပြီး မိုးလင်းခါနီးရောက်‌မှ အဖျားကျသွားတဲ့ baby လေးနားမှာ ဝင်လှဲရင်း baby ကိုပွေ့ဖက်ကာ အိပ်ပျော်သွားခဲ့တာ....

သူမအိပ်သင့်ဘူး...baby ဒီလိုပျောက်သွားမယ်ဆိုတာ ကြိုသိခဲ့ရင် အိပ်ခဲ့မှာမဟုတ်ဘူး...

Baby ရာ~~~မောင် ရင်တွေပူလှပြီကွာ...နေမကောင်းဘဲနဲ့ ဘယ်ကိုလျှောက်သွားနေတာလဲကွာ...တစ်နေရာမှာ တစ်ခုခုဖြစ်နေရင် မောင်ရင်ကွဲပြီးသေမှာ

"Baby!!" "Baby!!"

တစ်အိမ်လုံး‌ပြာယာခတ်အောင်လိုက်ရှာပါသော်လည်းမတွေ့သောအခါ Chanyeol မှာ အရူးမီးဝိုင်းဖြစ်ရပြီ....

"Baby!!"

Chanyeol အိမ်ပြင်ကို ရုတ်တရက်လှမ်းကြည့်မိလိုက်တော့ ခြံထဲက ခုံတန်းလေးပေါ်မှာ တွေ့လိုက်ရတဲ့ အဖြူရောင်ပုံရိပ်လေး....

တိုက်ခတ်နေတဲ့လေပြည်မှာ လွင့်နေတဲ့ ဆံနွယ်နုနုလေးတွေက ပြီးပြည့်စုံပြီးသားပန်းချီကားတစ်ချပ်ကို ပိုပြီးလှပအောင်ဖြည့်စွက်ပေးနေတယ်....

ခါတိုင်းလိုဆိုရင် လှပလွန်းလှတဲ့ပန်းချီကားတစ်ချပ်..မဟုတ်ဘူး..အသက်ဝင်ပြီး အလှပဆုံးပန်းချီကားတစ်ချပ်ကို Chanyeol ငေးကြည့်နေမိမှာ အမှန်....

အခုအချိန်မှာ ငေးကြည့်နေဖို့မဖြစ်နိုင်ဘူး...
ငေးကြည့်ချင်နေတဲ့စိတ်တွေကို စိုးရိမ်စိတ်တွေက အနိုင်ယူလို့ ခုံတန်းလေးပေါ်က baby လေးနားကို Chanyeol ရောက်သွားခဲ့ပြီ....

"Baby လေအေးတွေတိုက်‌နေတာကို ဘာလို့ အပြင်ထွက်ထိုင်နေတာလဲ"

ခုံတန်းလေးပေါ်က နတ်သားလေးကို ကြည့်မိတော့ သူ့ရဲ့လှပတဲ့မျက်ဝန်းလေးတွေကို မျက်လွှာလေးတွေနဲ့ကာကွယ်ထားတယ်...

𝑳𝒐𝒗𝒆 - 𝑯𝒂𝒕𝒆 𝑹𝒆𝒍𝒂𝒕𝒊𝒐𝒏𝒔𝒉𝒊𝒑 [ Hiatus ]Where stories live. Discover now