Part - 36

833 102 54
                                    

[Unicode]

Chanyeol တို့ Pohang ကိုပြောင်းလာတာ ဒီနေ့ တစ်ပတ်ပြည့်‌ပြီ... အိမ်လေးက တစ်ထပ်တိုက်အိမ်အပုလေးဖြစ်ပြီး ထပ်ခိုးလေးတစ်ထပ်နဲ့ ဘေးမှာတွဲလျက်စတိုခန်းအကျယ်တစ်ခန်းပါသည်... Chanyeol က baby ကို တိုက်အကြီးကြီးဝယ်ပေးချင်ပေမယ့် baby က မလိုချင်ဘူးတဲ့...

"အိမ်အကျယ်ကြီးမှာနေပြီး မောင်နဲ့အလှမ်းဝေးနေမှာကိုမကြိုက်ဘူး"

အဲ့ဒီစကားလေးတစ်ခွန်းနဲ့တင် Chanyeol ရဲ့ အိမ်အကြီးကြီးဝယ်မယ်ဆိုတဲ့စိတ်ကို ရိုက်ချိုးပေးလိုက်တဲ့ baby လေး...

မောင်ကလည်း baby လေးနဲ့အလှမ်းဝေးနေမှာမကြိုက်ပါဘူး... ကြားလေဝင်မှာကိုတောင်မကြိုက်တာကြောင့် baby ရဲ့စကားအတိုင်း ဒီတစ်ထပ်တိုက်အပုလေးကိုသာ ဝယ်ဖြစ်လိုက်တယ်...

ခြံထဲမှာဘဲ ပန်းပင်လေးတွေစိုက်ထားတာမို့ မျက်စိထဲတွင်အလွန်အေးချမ်းလှသည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ခြံထဲမှာဘဲ ပန်းပင်လေးတွေစိုက်ထားတာမို့ မျက်စိထဲတွင်အလွန်အေးချမ်းလှသည်... အိမ်ဘေးက ကွက်လပ်မှာတော့ မြက်ခင်းစိမ်းစိမ်းရှိပြီး ကပ်လျက်ကခြံမှာတော့ ယောက်ဖတို့နေသည်... ယောက်ဖတို့ကတော့ နှစ်ထပ်တိုက်ပေါ့...

Chanyeol နဲ့ Jongin အလုပ်သွားနေတဲ့အချိန်တွေဆိုရင် Kyungsoo hyung က baby နဲ့အတူတူ လာနေရင်နေ... မဟုတ်ရင် baby က Kyungsoo hyung နဲ့သွားနေသည်...

Chanyeol ရုံးခန်းထိုင်တဲ့နေ့က တစ်ပတ်မှာသုံးရက်လောက်သာ... ကျန်တဲ့အချိန်တွေကတော့ အိမ်မှာဘဲအလုပ်လုပ်ဖြစ်သည်ကများသည်...

အဲ့ဒီနေ့တွေဆိုရင် Baby က နေ့လည်ထမင်းစားချိန်ရောက်ရင် Chanyeol ရဲ့ရုံးခန်းအထိ ထမင်းချိုင့်လေးနဲ့လာပြီး ထမင်းအတူတူစားတတ်တာကြောင့် ကားလွှတ်ပေးရသေးသည်... Kyungsoo hyung နဲ့မစားဘူးလားမေးတော့ နေ့လည်စာစားချိန်ဆိုကိုကြီးပြန်လာတယ်တဲ့လေ... ပြောချင်တာက သူတို့လင်လင်နှစ်ယောက်ထမင်းစားတာ ဝင်မရှုပ်ချင်လို့ပါတဲ့... Baby က အဲ့လိုလဲအလိုက်သိတတ်သည်...

𝑳𝒐𝒗𝒆 - 𝑯𝒂𝒕𝒆 𝑹𝒆𝒍𝒂𝒕𝒊𝒐𝒏𝒔𝒉𝒊𝒑 [ Hiatus ]Where stories live. Discover now