Love Catcherအပိုင်း(၁)
#lovecatcher
"မနက်ဖြန် ဆေးရုံ ...ပြောင်း ပို့ပေးဖို့ ပြောလိုက်မယ်..."
"............"
"ခြေထောက်က ပြန်ကောင်းနိုင်ပေမဲ့ စကား ပြောဖို့တော့ မသေချာဘူး..."
".............."
"............."
".............."
စကားလုံးတွေ အားလုံး တိတ်ဆိတ်ပြီး အချိန် အတော်ကြာမှာတော့ အသက်ရှုသံ ကြားရ သည်..။
အိစက် ညက်ညောပြီး ဖဲမွေ့ယာ ခုတင်ပေါ်ရောက်နေပေမဲ့ သက်တောင့်သက်သာ မရှိ..။
လေအေးပေးစက် က အခန်းတစ်ခုလုံးကို အအေးဓာတ် အလုံအလောက် ပံပိုးပေးထားပေမဲ့ ချွေးစက်တွေ ခိုသီးနေသည့် မျက်နှာပေါ်က အပြုံးကြောင့် အကြည့်လွဲပစ်လိုက်သည်..။.
အသက်ရှူ မဝအောင် တင်းကြပ်စွာ အဖက်ခံလိုက်ရပြီးနောက် ရယ်သံသဲ့သဲ့ က နားထဲကို စူးဝါးစွာ ဝင်ရောက်လာသည်..။
လည်တိုင်ပေါ်ကို ရွေ့လျားလာတဲ့ အထိအတွေ့တွေကို ခံစားချက်မဲ့စွာ ငြိမ်သက်ခံယူနေရသည်..။
"အဟွင်း...စိတ်ဆိုးနေတာလား..."
"........"
"မင်း ကိုယ်တိုင် သဘောတူ လက်ခံတာလေ..."
"..........."
"ရှင် ကျေနပ်ပြီမလား....ကျွန်မ ပြန်မယ်..."
"နားပါဦးလား..."
ခုတင်ပေါ် မှာထိုင်လိုက်ပေမဲ့ လက်ကို ပြန်ဆွဲချလို့ ယိုင်လျက်သား ပြုတ်ကျသွားသည်.။
အိစက်နေတဲ့ မွေ့ယာနဲ့ ဖြူဖွေးကာ အမွှေးအမျှင် တချို့ရှိနေတဲ့ ရင်ဘတ်ဆီကို ကျသွားတော့ လက်ထောက်ထားလိုက်သည်..။
"အလုပ်သဘော အရ ပြောရရင်တော့ မင်း က ဆားဗစ် မကောင်းဘူး......"
"............"
"တစ်ရက် ကို ဆယ်သိန်းနဲ့ ငှားထားတာ...တစ်လ နော်....တော်တော် ဈေးကြီးတာပဲ ကွ...ဟင်...ဒီလောက် ဈေးကြီး ပေးထားရတာတောင်...မင်း ဘက်က ဘယ်လို ဖြစ်နေတာလဲ...."
မေးစေ့ကို ဆွဲကိုင်လှုပ်ရင်း နှုတ်ခမ်းကိုက်ကာ ရယ်ချင်သည့် မျက်နှာထားဖြင့် မေးတော့ မျက်နှာလွဲပစ်လိုက်ကာ နံရံဆီကို သာ ဆိုက်ကြည့်နေမိသည်..။
YOU ARE READING
Love Catcher
Romance☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚ "ရှင်...မချစ်တက်ပါဘူး...အချစ် ဘာမှန်း တောင် မသိပါဘူး..." "ကိုယ့် အချစ်ကိုတော့ မစော်ကားပါနဲ့...." "ပန်းလေး တစ်ပွင့် ကို ပြုစုပျိုးထောင် ပေးလို့ ရတယ်...နမ်းရှိုက်လို့ရတယ်..ချိုးယူလို့ရတယ်....ခြေမွလို့ရတယ်....ဒါပေမဲ့...