Extra Zay
(6)
ENDမင်း အဲလောက် ချစ်တက်တာလား..။
ကိုယ့်ကျန်းမာရေး ကို ဂရုမစိုက်နိုင်လောက်အောင် ချစ်တာလား..။
မင်း အချစ်နဲ့ မထိုက်တန်တဲ့သူကို ဘာလို့ အဲလောက် ချစ်နေတာလည်း ကွာ..။
ကိုယ် စိတ်မကောင်းလိုက်တာ အသက်ရယ်..။
မင်း ခံစားရမယ် ဆိုတာ သိပေမဲ့ ခုလောက်မထင်ခဲ့ဘူး..။
ကိုယ်စိတ်ပူလို့ အလုပ်လုပ်တာ လည်း မဖြောင့်ဘူး..။
မင်း ဘက်က အစ်ကို လို့ပြန်ခေါ်တော့ ကိုယ့်မှာ ၀မ်းနည်းဝမ်းသာ ဖြစ်ရသေးတယ်…။
ကိုယ့်ကို အားကိုး နိုင်ပါတယ်..။
တစ်ဘ၀လုံးစာ အတွက်ပေါ့လေ..။
ဒါပေမဲ့ မင်းက ရက်စက်တက်သူကိုပဲ တမ်းတနေတာ ကိုယ်ခံရခက်လိုက်တာ…အသက်ရယ်..။
ကိုယ့်ကို မင်း ဘာလို့ မမြင်ရတာလဲဟင်.။
မင်း သိပ်ချစ်တဲ့ မင်း အမျိုးသားအကြောင်းကို ကိုယ် အစအဆုံးသိနေပေမဲ့ ဖွင့်မချပြရဲဘူး.။
မင်းရဲ့ အမုန်းအမှတ်က ကိုယ့်အပေါ်မှာပဲ တိုးသတက် တိုးလာမှာ ကိုယ် ကြောက်တယ်..။
ကိုယ် တကယ်တော့ မင်းကို ပျော်ရွှင်စေချင်တာပါ..။
ဒါပေမဲ့ မင်းရဲ့ ပျော်ရွှင်မှုက ဖြိုးသူဖြစ်နေတာ ကိုယ် တကယ် မတက်နိုင်ဘူး…သီရိရယ်..။
ကိုယ့်မှာ ကြိုးစားခဲ့သမျှ လေထဲမှာ တိုက်ဆောက်ခဲ့သလိုပါပဲ….။
ကိုယ် အတက်နိုင်ဆုံးကြိုးစားမယ်…မင်းနဲ့ မထိုက်တန်တဲ့သူကို မင်း မေ့လိုက်ပါလား..။
.
"ဟာ…."
ကိုယ့်မှာ အိပ်ရာနိုးပြီး မင်းကို မတွေ့လို့ အရူးလိုပါပဲ အသက်ရယ်..။
အ၀တ်အစားမလဲ ဆံပင်မဖြီးပဲ ကိုယ် မင်းဆီကို ရောက်ခဲ့ရတယ်..။
မင်း က အစ်ကို တစ်ယောက်လို ဆိုတဲ့ စကားလုံး အောက်မှာ ကိုယ့်အသည်းတွေ ကြေမွကုန်တယ်..။
ကိုယ့်ရဲ့ ကြင်နာ ဂရုစိုက်မှုတွေ အရိပ်အောက်မှာနေပြီး တမှိုင်မှိုင်ဖြစ်နေတာထက် မင်းရဲ့ အိမ်လေးမှာ မင်းက လန်းဆန်းနေတယ်လေ..။
အစ်ကို မဖြစ်ချင်ဘူး…အသက်ရယ်..။
ဒါပေမဲ့ မင်း လိုအပ်တိုင်းး ကိုယ် ရှိနေခွင့် ရနေသေးတာပဲ..။
ဖြေသိမ့်၇မှာပေါ့လေ..။
မင်း ဆီက ချစ်ခြင်းမေတ္တာ ကိုယ် တစ်သက်မရတော့ဘူးဆိုတာ သေချာသွားတော့ ကိုယ် ခေါင်းငိုက်ဆိုက်ရင်း ပြန်ခဲ့ရပါတယ်..။
ကိုယ့် အသက်လေး စိတ်ချမ်းသာ ကျန်းမာ ဖို့ အတွက် ကိုယ် နာနာကျင်ကျင် ကျောခိုင်းထွက်လာရတယ်..။
စိတ်မချခြင်း များစွာနဲ့ပေါ့ အသက်ကလေးရယ်..။
.
ကိုယ့်မှာ အလုပ်လုပ်လည်း မဖြောင့်ဘူး..။
မင်း အကြောင်းပဲ အမြဲတွေးပြီး စိတ်ပူနေရတယ်..။
မင်းရဲ့ ကျန်းမာရေးကြောင့် မင်း အခန်းဘေးမှာ သားငယ်ကို သွားနေခိုင်းရတယ်…။
မင်း ပုံမှန် အတိုင်း လှုပ်ရှားသွားလာနေတယ် ဆိုမှ ကိုယ့်မှာအဆင်ပြေတယ်..။
အို….ကိုယ် ခုတလော ကျန်းမာရေးလည်း သိပ်မကောင်းဘူး..။
အရက်လျော့သောက်တဲ့လေ..။
မင်း မရှိရင်တော့ အရက်ရှိမှ ဖြစ်မယ်..။
မဟုတ်ရင် ကိုယ် သေသွားတာမှ ကောင်းလိမ့်ဦးမယ် အသက်ရယ်..။
.
မင်း ကိုယ့်ကို ဖုန်းဆက်တော့ ကိုယ် တုန့်လှုပ်သွားတယ်..။
ကိစ္စ အမှန်တွေ မင်းသိရင် ခံစားနိုင်ပါ့မလား အသက်ရယ်..။
ကိုယ် ထင်တယ်…မင်း နှလုံးရဲ့ တုန့်ပြန်ချက်ကြောင့် မင်း မတ်တတ် အသက်ပါသွားလိမ့်မယ်..။
ကိုယ် မြတ်နိုးရူးမိုက်ပြီး ချစ်ခဲ့တဲ့သူတစ်ယောက်က သစ္စာဖောက်တစ်ကောင်ဆိုတာ မင်းသိရင် ဘယ်လို ခံစားရမလည်း.။
ကိုယ်တောင် အတွေးနဲ့ မခံစားရဲတဲ့ ဝေဒနာကို မင်းကို ကိုယ်မပေးချင်ဘူး…။
မင်းကိုယ့်ကို မုန်းတယ်တဲ့လား…။
မထူးဆန်းပါဘူး…အသက်ရယ်..။
မင်းက ကိုယ့်ကို အမြဲတမ်း မုန်းနေတာပဲ…။
မင်း ကိုယ့်ကို မုန်းနေပေမဲ့ ဘာမှ မခံစားရပါဘူး.။
မုန်းတယ် ဆိုတဲ့အဆင့်ပါပဲ..။
ဒါပေမဲ့ မင်း ဖြိုးသူ ကို မုန်းရရင်တော့ မင်း မချိအောင် ခံစားရလိမ့်မယ်..။
မင်း အတွက် အရေးမပါတဲ့ ကိုယ့်ကို မုန်းနေတာပဲ ကောင်းပါတယ်..။
မင်းအတွက် အရေးပါတဲ့ ဖြိုးသူကို ချစ်နေရင်း မင်း ပျော်ရွှင်ပါစေ…အသက်ရယ်..။
.
"သားငယ်…"
"ဗ်…"
"သွား….သူရောင်းသမျှ အကုန်သွားဝယ်…"
"ဟုတ်…"
ကိုယ် မြင်ရတွေ့ရတာ မသက်သာလိုက်တာ သီရိရယ်..။
ယောက်ျားကို ဒီလောက်ချစ်တဲ့ မိန်းမဆိုပြီး ပြတိုက်ထည့်ရတော့မလား..။
မင်းရဲ့ မေတ္တာတရားနဲ့ မင်းယောက်ျားနဲ့ မထိုက်တန်ဘူးဆိုပြီး ကိုယ့်မှာစွပ်စွဲနေရင်းက နာကျင်နေရပါတယ်..။
ဈေးထဲမှာ လိုက်ရောင်းနေတဲ့ မင်းဘ၀လေးကို သနားတယ်..။
မနိုင်မနင်း အထုတ်တွေနဲ့ မင်းကို ကူပေးချင်တယ်..။
ဒါပေမဲ့ မင်း က ကိုယ့်ကို တွေ့ရင် ဒေါသထွက်ပြီး မောရဦးမည်..။
ကိုယ့်အကူအညီကို မင်းက ခါးခါးသီးသီး ငြင်းဆန်ဦးမည်..။
ကိုယ့်အပါးမှာ နေဖို့ကို ငြင်းဆန်ပြီး မင်းရွေးချယ်ခဲ့တာ ဒီလိုဘ၀လား.။
ဖြိုးသူ တစ်ယောက် တော်တော် ကုသိုလ်ကံကောင်းပုံပါပဲ..။
ကိုယ်လည်း လေ့လာထားရမယ်..။
ဒီဘ၀ မရနိုင်ရင်တောင် နောက်ဘ၀မှာ ကိုယ် မပေးဆပ်ရပါပဲ ကိုယ့်ကို ရူးရူးမိုက်မိုက် ချစ်လွန်းတဲ့ ချစ်သူမျိုး တစ်ယောက်လောက် ရဖူးချင်လို့ပါ….အသက်ရယ်..။
.
ကိုယ် အလုပ်အားတိုင်း…။
ကိုယ် အချိန်ရတိုင်း..။
မင်းရဲ့ အပါးတော်ပါး ခစားလျက်ပါပဲ…။
မင်း နောက်ကွယ်ကနေ မင်း ယောက်ျား အတွက် ကြိုးစားရုန်းကန်နေရတာတွေကို ရင်နာနာ နဲ့ ကိုယ် စောင့်ကြည့်မိတယ်..။
မင်း ဘယ်တော့မှ ကိုယ့်အနားပြန်မရောက်လာတော့ပေမဲ့ မင်း ခုတလော ပြန်ပြုံးလာနိုင်ပြီ..။
ကိုယ် နာကျင်စွာနဲ့ ၀မ်းမြောက်ရပါတယ်…။
မင်းယောက်ျားနဲ့ အတူတူ လမ်းလျှောက်ထွက်တိုင်း မင်း ပျော်နေတက်တယ်နော်..။
စကားတွေ လည်း များလိုက်တာ..။
ဖြိုးသူ တစ်ချက်ပြုံးဖို့ မင်းအတော်ကြိုးစား အားထုတ်နေတဲ့ ပုံပဲ..။
မင်းရဲ့ အပြစ်တွေကြောင့် မင်း ပိုပြီး အနစ်နာခံနေတာမလား.။
ကိုယ့်ကြောင့်ပါပဲ အသက်ရယ်.။
မင်း က ကိုယ် နဲ့ ပတ်သက်ခဲ့လို့ နောင်တ နဲ့ ပေးဆပ်နေချိန် မင်း ယောက်ျားရဲ့ အတိတ်ကိုတော့ မင်း မေ့နေတယ်မလား..။
မင်း ဘ၀လေး အကြောင်းတွေးရင် ကိုယ် မသက်သာဘူး..။
မင်း ကြောင့်အရက်စွဲ ခဲ့တယ်..။
အခု မင်းကြောင့် ကိုယ့်အသည်း မကောင်းတော့ဘူး..။
အိုး…အသည်းက ပါအရေးလည်း….ကိုယ့်ရဲ့ ဖြစ်တည်မှုက မင်းပဲ..။
မင်း မရှိရင် တဖြည်းဖြည်း ပျောက်ကွယ် ပျက်စီးသွားမှာ ကိုယ်သိပြီးသားပါပဲ..။
မင်း က ကိုယ့်ရဲ့ အသက်လေ..။
.
မင်း ယောက်ျားရဲ့ မွေးနေ့မှာ မင်းလည်း ပျော်နေတယ်မလား.။
ကိုယ် ကြားရပါတယ်..။
မင်းယောက်ျား သူငယ်ချင်းတွေ စနောက်နေတာ ကိုယ် ကြားရပါတယ်..။
နာကျင်နေပေမဲ့ ကိုယ် နားစွင့်ထားမိတယ်..။
မင်းရဲ့ စကားသံတိုင်းကို ကိုယ် မြတ်နိုးတယ်လေ..။
ကိုယ် နားထောင်လို့ မ၀ဘူး..။
မင်းရဲ့ ဘယ်လိုစကားဖြစ်ဖြစ်.မင်းရဲ့ အသံလေးကို ကိုယ် စွဲလမ်းတယ်..။
မင်းတို့ လမ်းလျှောက်ထွက်တာလည်း မိုးချုပ်လုပြီ..။
ကိုယ့်ရဲ့ ကိုယ်ပိုင် အချိန်လေး လည်း ကုန်တော့မှာမို့ ကိုယ် နောက်ဆုံး အကြည့်နဲ့ပဲ နှုတ်ဆက်ရတယ်..။
ကိုယ် မနက်ဖြန် စင်ကာပူသွားရဦးမယ်…။
ကိုယ့် ရဲ့ ကျန်းမာရေးနဲ့ စီးပွားရေး ကြောင့်ပေါ့..။
ဒါပေမဲ့…။
သစ်ပင်နောက်မှာ ရပ်နေတဲ့ ကိုယ် က မင်းရဲ့ အပြုံးမှာ နစ်မျောနေပေမဲ့ မင်းရဲ့ ယောက်ျား အပြုအမူကြောင့် ကိုယ် သတိဝင်သွားတယ်..။
ကိုယ် ဘာမှ မတွေးလိုက်နိုင်ပဲ မင်း ကို ဆွဲဖက်ချလိုက်တယ်..။
ကိုယ့် ဘ၀မှာ တစ်ခါမှ မခံစားရဖူးတဲ့ နာကျင်မှုမျိုး ကိုခံစားရတယ်..။
မင်း ရဲ့ မျက်နှာလေး ကို ကိုယ် သေချာကြည့်တယ်..။
မင်း အသက်ရှုနေတယ်..ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မရဘူး..။
မင်း အဆင်ပြေတယ်..။
အရာအားလုံး တိတ်ဆိတ်မှောင်မိုက်သွားခဲ့တယ်…။
.
"တီ….တီ…..တီ……"
"…………."
"ဟင်…."
"တီ…တီ….တီ……"
"ဟာ…အကိုကြီး သတိရလာပြီ…ဒေါက်တာ….ဒေါက်တာ…."
ကိုယ် ဘယ်လောက်တောင် အိပ်ပျော်သွားလည်း မသိဘူး..။
ကိုယ့်အနားက ချာတိတ်လေးက ခု ပုံသဏ္ဍန်ပြောင်းပြီး လူငယ်လေး ဖြစ်နေပြီ..။
တနည်းပြောရရင် ဖြိုးသူကို စတွေ့တုန်းက အချိန်ကို သတိရတယ်..။
မင်းကို လွမ်းလိုက်တာ..။
ကိုယ် ဘာလို့များ အချိန်ကြာကြီး အိပ်ပျော်နေပါလိမ့်..။
မင်း အဆင်ပြေရဲ့လား ကိုယ်သိချင်လိုက်တာ..။
.
"ပြောပါ….ကိုကြီး…"
"……….."
ကိုယ် အိပ်ရာနိုးလာတော့မှ မောတဲ့ဝေဒနာကို ခံစားမိတယ်..။
ကိုယ် အိပ်ပျော်နေရင် အကောင်းသား..။
ခုတော့ မောလိုက်တာ..။
ဝေဒနာခံစားနေရင်း မင်းကို သတိရသေးတယ်..။
မင်း မောရင်ကော ဒီလို ခံစားရလား..။
မင်း ကို ကျန်းမာနေစေချင်တယ်..။.
ဖြိုးသူ ရှိနေရင် မင်း အဆင်ပြေပါလိမ့်မယ်..။
ကိုယ့်ရဲ့ နောက်ဆုံးချိန်မှာ မင်းဘာမှ မဖြစ်တာ သေချာအောင် ကြည့်ခဲ့မိသေးတယ်လေ..။
ကိုယ့် ရင်ခွင်ထဲမှာ မင်း အိပ်ပျော်နေတယ်…။
ဝေဒနာတွေ ခံစားဖို့တောင် ကိုယ် မေ့နေပြန်တယ်..။
ကိုယ်နဲ့ ပတ်သက်လို့ မင်းနောင်တရနေမလား….။
မင်း ယောက်ျားကို မင်း တစ်သက်လုံး အားနာပြီး သိမ်ငယ်ခံစားနေရမှာ စိုးရိမ်တယ်..။
"ဖြိုး..ဖြိုးသူ…ဖုန်း…"
"ဟုတ်ကဲ့…ကျွန်တော်သိပါတယ်…ကိုကြီး…"
"သက်…"
"သက်သေ အားလုံးထားတဲ့ မီးခံသေတ္တာမလား…ကိုဖြိုးသူရဲ့ ဖုန်းနဲ့ ဆေးစာရွက်စာတမ်းတွေသိမ်းထားတာပါ….ကျနော်သိတယ်…ဘာလုပ်ရမလဲ ကိုကြီး…"
"ပို့…ဖြိုးသူ…"
"ကိုဖြိုးသူဆီ ပို့ရမှာလား…"
စကားမပြောချင်တော့လို့ မျက်လုံးနဲ့ပဲ တုန့်ပြန်လိုက်ချိန် သားငယ်က သဘောပေါက်သွားသည်..။
"သီ…သီရိ…မ..သိ..စေနဲ့…"
"အစ်မ မသိအောင် ပေးရမှာလား…"
ဇေယျ အောက်ဆီဂျင် ခွက်ကို ပြန်တပ်ပြီး အသက်ရှုရင်း မျက်လုံးဖြင့် အဖြေပေးလိုက်သည်..။
အနီးကပ်နေခဲ့သူပီပီ သားငယ်က လွယ်လွယ် သဘောပေါက်မှာ သိပါသည်..။
"ဖုန်းလား…ကိုကြီး…အစ်မကို ပြောချင်တာလား..ခေါ်ပေးမယ်…"
"………."
သားငယ် အိတ်ကပ်ကို ဆိုက်ကြည့်နေရုံဖြင့် သဘောပေါက်ကာ ဖုန်းခေါ်နေတော့သည်..။
နားအနားမှာ ကပ်ပေးလိုက်ချိန် မောနေတဲ့ကြားက ပျော်ရွှင်လာသည်..။
"ဟလို…."
"…….."
"ဟလို….ကိုကျော်ဇင်လား….ပြောလေ….အစ်ကို…"
အစ်ကိုတဲ့လား….။
မျက်ရည်တွေ စီးကျသွားပေမဲ့ ကိုယ့်ရဲ့ ၀မ်းသာမျက်ရည်ပါပဲ..။
ကိုယ် မင်းရဲ့ အသံလေး ကို နောက်ဆုံး အနေနဲ့ ကြားသွားချင်ခဲ့တာ..။
ဒါကြောင့် ကိုယ် အချိန်ကြာကြီး သတိလစ်နေရာက ခဏပြန်လာခဲ့တာ ဖြစ်မယ်..။
"အကိုကြီး..ဒါက….အစ်မရဲ့သားလေးလေ….အောင်ဖြိုးထက်ပိုင်တဲ့…အစ်မနဲ့ပုံလေး…"
ကိုယ့်ရင်ခွင်ထဲမှာ နောက်ဆုံးတွေ့ခဲ့တဲ့ မင်းက ပိန်ပိန်သေးသေးလေး..။
ခုတော့ မင်းရဲ့ ပါးဖောင်းဖောင်းပုံလေး ကိုတွေ့တော့ ကိုယ် ဝေဒနာတွေကြားက ပြုံးမိသေးတယ်..။
ဘယ်လောက်များ ချစ်ဖို့ကောင်းလိုက်သလဲ..။
မင်းရဲ့သားလေး က မင်းနဲ့ တူသလိုလိုပါပဲ..။
ဖြိုးသူ နဲ့တော့ မျက်လုံး အညိုလေးတွေ တူတယ်..။
မင်းရဲ့ သားလေး ကို မင်းသိပ်ချစ်တာ သိသာပါတယ်..။
ဟင်း…..ဖြိုးသူ အတွက် မင်းအသက်နဲ့တောင် လောင်းကြေးထပ်ပြီး မွေးလိုက်တာပဲမလား..။
မင်းတို့မိသားစုလေး ပျော်ရွှင်နေတယ်မလား.။
မင်း ဘက်က အားနည်းချက်ကြောင့်ဆိုပြီး အနစ်နာခံ ခံစားပြီး ပေးဆပ်နေစရာ မလိုပါဘူးသီရိရယ်..။
အတိတ်ကြောင့် အပြစ်ရှိသလို နာကျင်သေးသိမ်နေစရာလည်း မလိုတော့ပါဘူး..။
မင်းကို ချစ်လွန်းလို့ မင်းနှလုံးသားလေး ခံစားရမှာ စိုးရိမ်လို့ ကိုယ့်မှာ အများကြီး ကာကွယ်ပေးခဲ့ပြီးပြီ..။
ဖြိုးသူက မင်းကို အရင်ထက် အစပေါင်းများစွာ ပိုဂရုစိုက် တန်ဖိုးထားအောင် ကိုယ်နောက်ဆုံး အနေနဲ့ ပံပိုးပေးခဲ့ပါတယ်..။
မင်း ချစ်ရတဲ့ ဖြိုးသူက သူ့ရဲ့ အတိတ်တွေကို ပြန်သတိရသွားရင်..။
မင်းရဲ့ အတိတ်တွေကိုတောင် မေ့သွားလိမ့်မယ်…။
မင်းကို ဆုံးရှုံးမခံရဲလောက်အောင် အရမ်းမြတ်နိုး တန်ဖိုးထားပြီး ချစ်လာမှာပါ..။
မင်းဘ၀လေး ရှေ့ဆက် သာယာ ပျော်ရွှင်တော့မှာပါ..။
ကိုယ့်အကူအညီ မလိုအပ်တော့ပါဘူး..။
ကိုယ် ပန်းချိုးသူ မဖြစ်ချင်ခဲ့ပါဘူး…။
ကိုယ် ပန်းပျိုးသူပဲ ဖြစ်ချင်ခဲ့တာပါ….။
ကိုယ် အသက်ရှုရတာ ခက်ခဲလာသလိုပဲ..။
အောက်ဆီဂျင်များ ကုန်သွားလို့လား.။
ဘ၀ နောက်ဆုံးချိန် ထိတော့ မင်းကို ချစ်မသွားနိုင်ဘူး အသက်ရယ်..။
ကိုယ့်ဘ၀မှာ ချစ်ရတာ ပင်ပန်းလွန်းနေပြီ..။
မင်းကို မေ့လိုက်ပြီ..။
မင်း ဘ၀လေး ငြိမ်းချမ်းပါစေ..။
ကိုယ် လွတ်မြောက်သွားတယ်..။
သာယာအေးချမ်းတဲ့ ခံစားချက်တွေနဲ့ ကိုယ် တစ်ယောက်တည်း ပေါ့ပါး ပျော်ရွှင်နေလေရဲ့..။
တကယ်ကို ကိုယ်တစ်ယောက်တည်းပါ..။
.
"ကားကြီး က ကောင်းလိုက်တာနော်….အမြဲစီးရရင် သိပ်ကောင်းမှာပဲ.."
"ကိုယ့်ကား မဟုတ်ဘူး…..သူဌေးကား…ကိုယ်က အလုပ်သမားလေ.."
"ဟယ်….ဒီကားနဲ့ နေ့တိုင်းလာနေတာ သိသားပဲ…"
"အင်း….ကိုယ့်သူဌေး ကိုယ်စား အလုပ်တွေ လုပ်ပေးတာလေ…သူခိုင်းထားတဲ့ တာဝန်တွေ အများကြီးပဲ…"
"ရေမွှေးကလည်း မွှေးလိုက်တာ….ဘာတံဆိပ်လည်းဟင်…"
"မသိဘူး….ကိုယ့်သူဌေး သုံးတာပဲ….၀ိုင်လှောင်တဲ့အခန်းထဲမှာ…လေးငါးဆယ်ဘုံးလောက်ကျန်သေးတယ်….ကိုယ့်အသက်သုံးဆယ်ကျော်တဲ့အထိ ဒီရေမွှေးပဲ စွပ်ရမယ် ထင်တယ်…"
"၀ိုး…တော်တော် ချမ်းသာတာပဲ….သူအခု ဘယ်မှာလဲ…"
ကားမောင်းနေရင်း တစ်ချက်ပြုံးလိုက်မိသည်..။
သူ အေးချမ်းတဲ့ တစ်နေရာကို ရောက်သွားပြီ ထင်ပါတယ်လေ..။
ရာဇ၀င်မှာ စာတွင်တဲ့ အချစ်သူရဲကောင်းကြီး မဖြစ်ခဲ့ပါဘူး..။
ဒါပေမဲ့ သားငယ်ရဲ့ ရင်ထဲမှာတော့ ရာဇ၀င်တွင်အောင် ချစ်တက်တဲ့ အချစ်သူရဲ့ကောင်းကြီးပါပဲ..။
လမ်းကြုံလို့ ခေါ်လာမိတဲ့ကောင်မလေးကို သင်တန်းရှေ့မှာ ချပေးခဲ့ပြီး ခရီးဆက်ခဲ့သည်..။
ကိုကြီးရဲ့ လုပ်ငန်းက ရတဲ့ အမြတ်တွေကို ခွဲဝေပြီး မငြိမ်းကို ပို့နေကျအတိုင်း လစာပို့ပေးလိုက်သည်.။
"ငါ မယူဘူး…ဇေ.."
"နင်က အမြဲတမ်း ငါ့သူငယ်ချင်းပဲ….နင် အောင်မြင်တဲ့အခါ လူနာတွေ ပေါ် စေတနာထားပြီး ပိုကုပေးပါ…."
မငြိမ်းက ပိုက်ဆံမပို့ခိုင်းပေမဲ့ ကိုကြီးက တာဝန်အရ အမြဲပို့ပေးသည်…။
ကိုကြီး အကြောင်း မငြိမ်းလည်း မသိဘူး…ဘယ်သူမှလည်း မသိသေးဘူး..။
သူတို့ မိသားစုတောင် နိုင်ငံခြားသွားနေတယ် ပဲ သိတာလေ.။
ပိုက်ဆံ ကျန်တာကိုတော့ လိပ်ပြာလေးဆိုတဲ့ ဖောင်ဒေးရှင်းထဲ မှာ ထည့်ပေးရသည်..။
ကျန်းမာရေးနဲ့ ပညာရေးကို အဓိက ထားလှူနေတဲ့ ဖောင်ဒေးဒရှင်းပေါ့..။
သားငယ် အိမ်ပြန်ရောက်တော့ အကိုကြီး အခန်းထဲကို ၀င်ပြီး မီးခံသေတ္တာထဲကို စာရွက်စာတမ်းတွေ ယူလိုက်သည်..။
အိပ်ယာ ခေါင်းရင်းမှာ ချိတ်ထားတဲ့ Dream Catcher လေးကို ကြည့်ကာ သက်ပြင်းဖွဖွ ချလိုက်မိသည်..။
"ငါ့ကို တစ်ယောက်က ပြောဖူးတယ်…အချစ်ပေးမှ အချစ်ကို ရတယ်တဲ့…သူ လိုချင်တာ အေးချမ်းတဲ့ မေတ္တာတဲ့…..ဟွန့်…ငါ လည်းပေးတာပဲကွာ…..ဒါပေမဲ့ ပေးနည်း မမှန်လို့ ဖြစ်မယ်…ငါ့ အချစ်တွေက အရာမရောက်ဘူး….ငါလေ…..အချစ်ကို ဖမ်းလို့ရရင် ဖမ်းချင်တယ်…..ငါ့ ပိုင်ဆိုင်သမျှတွေ ပုံပေးပြီး အချစ်ကို ဖမ်းဖို့ ပိုက်ကွန် တစ်ခုလောက် ၀ယ်ချင်တယ်….ဟား..ဟား….မူးပြီးပြောတာ မဟုတ်ဘူးနော်…."
မိန်းကလေး တစ်ယောက်ကို စွဲစွဲလမ်းလမ်းချစ်ခဲ့ပေမဲ့ ပိုင်ဆိုင်ခွင့်မရခဲ့တဲ့ ခံစားချက်..။
မြတ်မြတ်နိးနိုး ချစ်ခဲ့ပေမဲ့ ပြန်ရခဲ့တဲ့ အမုန်းတရားတွေ..။
Dream Catcher က အိပ်မက်ဆိုးတွေကို ဖမ်းပေးနိုင်ရင် အကိုကြီး လိုအပ်ခဲ့တာ Love Catcher..။
အဲဒါလေး သာ ရှိရင် အစ်မရဲ့ အချစ်တွေကို ရနိုင်မလား.။
အကိုကြီး မရှိတော့တာကို သူတို့ မသိသေးဘူး..။
မနေ့ကပဲ စင်တာ တစ်ခုမှာ သူတို့ မိသားစုကို တွေ့လိုက်သေးတယ်..။
ကိုဖြိုးသူ က အစ်မကို တော်တော် ချစ်တဲ့ ပုံပဲ ဈေးဝယ်တာတောင် ပခုံးကို ဖက်ထားတာ မလွှတ်ဘူးလေ..။
သူတို့သားလေး က လမ်းတောင် လျှောက်နေပြီ..။
သူတို့မိသားစုလေး ပျော်ရွှင်နေပြီ..။
ကိုကြီး မျှော်လင့်ထားတဲ့ အတိုင်း အစ်မလည်း ပြုံးပျော်နေပါတယ်..။
ကျွန်တော် မနှုတ်ဆက်သလို သူတို့ကလည်း မမှတ်မိကြပါဘူး..။
့ သူတို့ ဘေးက ဖြတ်လာချိန် ကိုကြီး ကိုယ်စား ရေမွှေးနံ့တွေ ကျန်ခဲ့ပါလိမ့်မယ်..။
သူတို့လည်း ရင်းနီးတဲ့ ရေမွှေးနံ့ကြောင့် ကိုကြီးကို အကြောင်းအမျိုးမျိုးနဲ့ သတိရလိမ့်မယ်..။
"သူ မခံစားရရင် ပြီးရော…ငါ့ကို မုန်းချင်လည်း မုန်းပါစေ" ဆိုတဲ့..။
အချစ်သူရဲကောင်းကြီးကိုတော့…ကျွန်တော့်ရင်ထဲမှာ ကမ္မည်းထိုးထားပါတယ်..။
ကျွန်တော့်မျိုးဆက်တွေကို မကြာသေးတဲ့ ခေတ်က အချစ်သူရဲ့ကောင်း တစ်ယောက်အကြောင်း ပြောပြမိမှာပဲ..။
ပုံပြင်မဟုတ်တဲ့ တကယ့်အဖြစ်အပျက်တွေကို ကိုကြီး မှာထားတဲ့အတိုင်း ကျွန်တော် တစ်ယောက်တည်းသာ သိနေမှာပါ..။
နှင်းဆီပန်းပွင့်ကို ငုံ့နမ်းပြီး ပါးချိုင့်ပေါ်အောင် ပြုံးနေသည့် ကိုကြီးရဲ့ နောက်ဆုံး ဓာတ်ပုံကို ဘုံးထဲထည့်ယူခဲ့သည်..။
အခန်းတံခါးကို ပိတ်ပြီး အောက်ထပ်ကို ဆင်းလာကာ အိမ်တံခါးကြီးကို ပြန်ပိတ်ခဲ့လိုက်သည်..။
သိပ်မကြာခင် သံရုံးကို ငှားတော့မှာမို့ ရွေ့စရာ ရှိတာ ရွေ့ရပြောင်းရ သိမ်းရဦးမည်..။
ကိုကြီး မရှိလည်း ကျွန်တော် အလုပ်များနေဆဲပဲ..။
နောက်ပြီး…အလုပ်များနေတဲ့ ကြားက အစ်မနဲ့တူတဲ့ ကားစီးချင်တယ်ဆိုတဲ့ ကောင်မလေးကြောင့် ရင်ခုန်ပြီး ပျော်နေရတယ်..။
ကျွန်တော် ချစ်တက်နေပြီထင်တယ်..။
ကျွန်တော် မြန်မြန်ဖွင့်ပြောလိုက်သင့်လား..။
သားငယ် ပြုံး၍ သုံးထပ်တိုက်ကြီးကို တစ်ချက်ကြည့်ကာ ကား မောင်းထွက်လာခဲ့လိုက်သည်..။
အရာရာက လှုပ်ရှားလည်ပတ်နေဆဲပါပဲ..။ပြီးပါပြီ..။
အသက်ရှင်နေချိန်လေးမှာ ကိုယ့်စာမျက်နှာပေါ် လူကောင်းဖြစ်ဖို့ ကြိုးစားရင်း တခြားသူရဲ့ စာမျက်နှာပေါ် ဗီလိန် ကမ္ဗည်းထိုးခံရတဲ့ အခါလည်း ရှိခဲ့မှာပဲ။ကိုယ် တောင် မသိလိုက်တဲ့ စွပ်စွဲချက်တွေ နဲ့ပေါ့ ။
ESTÁS LEYENDO
Love Catcher
Romance☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚ "ရှင်...မချစ်တက်ပါဘူး...အချစ် ဘာမှန်း တောင် မသိပါဘူး..." "ကိုယ့် အချစ်ကိုတော့ မစော်ကားပါနဲ့...." "ပန်းလေး တစ်ပွင့် ကို ပြုစုပျိုးထောင် ပေးလို့ ရတယ်...နမ်းရှိုက်လို့ရတယ်..ချိုးယူလို့ရတယ်....ခြေမွလို့ရတယ်....ဒါပေမဲ့...