Part 15Love Catcher
အပိုင်း(၁၅)
11-30-10-39
#lovecatcher
"ဟင်.."
သီရိ အိပ်မှုံစုံဝါး ဖြစ်နေရာမှ မျက်လုံးတွေ ပြူးသွားသည်..။
မျက်လုံးကို လက်နဲ့ပွတ်သပ်ရင်း ငုတ်တုတ်ထထိုင်လိုက်ပြီးမှ စောင်ကို ကပျာကယာ ရင်ဘတ် ဆွဲကပ်လိုက်ရသည်..။
ဘေးက လစ်လပ်နေတဲ့ နေရာကို တစ်ချက်ကြည့်ပြီး အခန်းထဲကို မျက်လုံးဝေ့ ရှာကြည့်မိသည်..။
ကိုငယ် ဘယ်ရောက်သွားပါလိမ့်..။
သီရိ ခုတင်ပေါ်က ဖြည်းဖြည်း ဆင်းလိုက်ကာ ရေချိုးခန်း တံခါးကို ဖွင့်ကြည့်တော့လည်း မတွေ့..။
မျက်နှာသစ်ရင်း ရေတစ်ခါတည်းချိုးလိုက်သည်..။
ရေစက်တွေကို သပ်ချလိုက်ရင်း ရှေ့က ကြည့်မှန်ဆီ အကြည့်ရောက်သွားတော့ မျက်နှာပူလာသည်..။
ရင်ညွန့်ပေါ်က ရေစက်လေးတွေကို သုတ်နေချိန် ရင်ခုန်သံတွေ ပြန်ခံစားရသည်.။
နှုတ်ခမ်းလေး ကို ဖွဖွ ကိုက်ကာ ရှက်ရွံ့ ရင်ခုန်စိတ်ဖြင့် ပြုံးလိုက်မိသည်...။
ရည်းစားတောင် မထားခဲ့ဖူးပေမဲ့ အခုလို လူတစ်ယောက်နဲ့ ရုတ်တရက် ကြီး ဒီလောက် ပတ်သက်ရင်းနှီးရမယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးပါ...။
ကိုငယ့်ကို သာပိုလို့ဆိုးသေးသည်..။
နူးညံ့ကြင်နာလွန်းသည့် သူ့ရဲ့ အပြုအမူတွေမှာ သာယာပျော်ဝင်ရင်း ချစ်မိသွားပြီလား မသိပါဘူး...။
ကိုငယ် ပြုံးလိုက်တိုင်း ကြည့်ကောင်းနေသလိုပါပဲ...။
သီရိ ရေချိုးခန်းထဲက ထွက်လာချိန် အထိ ပြန်မရောက်သေးလို့ နာရီကြည့်မိတာ ဆယ်နာရီ ကျော်နေပြီ...။
အဝတ်အစားလဲဝတ်လိုက်ကာ ခုတင်ပေါ်မှာ ထိုင်စောင့်နေတာ အတော်ကြာလာပြီ..။
ခုတင်ဘေးမှာ တင်ထားတဲ့ ကိုငယ့် ပိုက်ဆံအိတ်နဲ့ ဖုန်းကို ကြည့်တော့ မရှိ...။
သီရိ စိတ်ထဲ တစ်ခုကိုတွေးမိကာ အခန်းထဲက ထွက်၍ ကားရပ်တဲ့ နေရာ သွားကြည့်မိသည်..။
STAI LEGGENDO
Love Catcher
Storie d'amore☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚ "ရှင်...မချစ်တက်ပါဘူး...အချစ် ဘာမှန်း တောင် မသိပါဘူး..." "ကိုယ့် အချစ်ကိုတော့ မစော်ကားပါနဲ့...." "ပန်းလေး တစ်ပွင့် ကို ပြုစုပျိုးထောင် ပေးလို့ ရတယ်...နမ်းရှိုက်လို့ရတယ်..ချိုးယူလို့ရတယ်....ခြေမွလို့ရတယ်....ဒါပေမဲ့...