Part 34

878 62 3
                                    


Part 34

Love Catcher

အပိုင်း (၃၄)

12-17-05-55

#lovecatcher

"တီ...တီ....တီ....."

သီရိ အခန်းတံခါး ကို နံပါတ်နှိပ်ပြီး ဝင်လာတော့ အိမ်ထဲမှာ မှောင်နေသည်..။

ဆိုဖာ ဆီကို အကြည့်ရောက်သွားချိန် ဘယ်သူမှမရှိတော့မှ ဖိနပ်လေး ကို ချွတ်၍ စင်ပေါ် တင်လိုက်သည်..။

လက်ထဲက ဈေးဝယ်လာတဲ့ အိတ်တွေနဲ့ ပန်းစည်းလေး ကို တွဲကိုင်ရင်း ပခုံးပေါ် က လွယ်အိတ် ကြိုးကို ဖြုတ်ယူကာ မီးဖိုခန်းလေး ဆီသို့ ဝင်ခဲ့မိသည်.။

ထမင်းစားပွဲပေါ် က အစားအသောက်တွေကို တစ်ချက်ကြည့်လိုက်ကာ သူ ည တုန်း က ထမင်း စားမစား စစ်ဆေးသလို ဖြစ်သွားသည်.။

ညစာ မစားဘူး ဆိုတော့ အိမ်များ ပြန်သွားတာလား..။

သီရိ ခေါင်းရမ်းလိုက်ကာ အေပရွန် ကောက်ဝတ်ပြီး အိမ်ရှေ့ခန်း ဆီကို ပြန်ထွက်လာခဲ့လိုက်သည်.။

လိုက်ကာတွေကို ဖွင့်ပြီး ဆိုဖာတွေကို သန့်ရှင်းရေး လုပ်ရသည်..။

မှန်ခုံပေါ်က  ဘာမှမရှိတဲ့ ပန်းအိုးလေး ကို ကောက်ယူပြီး မီးဖိုခန်း ဆီကို ယူခဲ့သည်..။

ပန်းဝယ်ဖို့ မစဉ်းစားမိပေမဲ့ ပန်းရောင်းနေတဲ့ ကလေး ကို သနားလို့ တစ်ထောင်ဖိုး ဝယ်ခဲ့မိသည်..။

ကိုကို့ အနားမှာ ထားပေးချင်ပေမဲ့ ညနေပြန်ရင် မလန်းတော့ဘူးလေ..။

ပြီးတော့ ဆရာမတွေက ခွင့်မပြုတာ တွေ များလွန်းသည်.။

စည်းကမ်းတင်းကြပ်လွန်းပြီး လူနာကို တသီးတသန့်ထားတက်တဲ့ ဆေးရုံ အကြောင်းတွေးမိတော့ သီရိ နှာ‌ ‌ခေါင်းရှုံ မိသည်..။

နှင်းဆီ နီနီတွေကို ရိုးတံ ဖြတ်၍ ပန်းအိုး လှလှလေးထဲမှာ သေချာ ထိုးစိုက်လိုက်သည်..။

လတ်ဆတ်မွှေးပျံ့နေတဲ့ ပန်းလေးတွေကို ငုံ့မွှေးရင်း စိတ်ထဲ ကြည်လင်လန်းဆန်းစွာဖြင့် နှုတ်ခမ်း က အလိုလို ပြုံးသွားသည်..။

ပန်းအိုးလေး ကိုယူပြီး အိမ်ရှေ့ခန်း ဆိုဖာရှေ့က မှန်ခုံပေါ်မှာ နေရာချလိုက်သည်..။

Love CatcherWhere stories live. Discover now