Part 36
Love Catcher
အပိုင်း(၃၆)
12-19-11-46
#lovecatcher
"တီ...တီ....တီ....."
သီရိ မှန်ထဲက တစ်ဆင့် လမ်းပေါ် ကို ငေးကြည့်နေချိန် ဖုန်းသံမြည်လာတော့ မရွေ့လျားချင်ပေမဲ့ ရွေ့ခဲ့ရသည်..။
အနွေးထည်ကို ပူတယ်ထင်လို့ ချွတ်လိုက်ရင်း ဖုန်းဆီကို ရောက်သွားသည်..။
"ဟလို..."
"ကိုယ်ပါ...."
သူ့ဆီက ဖုန်းပဲ ဆိုတာ သိပေမဲ့ သတင်းကောင်းတစ်ခုခု ကို တိတ်တဆိတ် မျှော်လင့်နေမိသည်..။
ကိုကို့ ကို တွေ့တယ် ဆိုတဲ့ သတင်းမျိုးပေါ့လေ..။
"ကိုယ့် ကို တစ်ခုလောက် ကူညီပါလား သီရိ..."
"ဟင်.."
"ကိုယ့် အလုပ်က နိုင်ငံခြား ဧည့်သည် က အိမ်လည်လာချင်လို့တဲ့...ပြင်ဆင်ပေးလို့ရမလား.."
"ဟင်..."
"ကူညီမယ်မလား..."
"ဟုတ်..."
သီရိ ဖုန်းချရင်း ရှုပ်ပွနေသည့် ဧည့်ခန်း ကို တစ်ချက်ကြည့်ကာ မျက်လုံးပြူးသွားသည်..။
တံမြတ်စည်း မလှည်းတာတောင် ကြာနေပြီမို့ ဖုန်တွေလည်း တက်နေသေးသည်..။
နိုင်ငံခြား ဧည့်သည်တဲ့..။
သီရိ အနားမှာ ချထားတဲ့ အနွေးထည် ကို ကပျာကယာ ကောက်သိမ်းလိုက်ရသည်..။
သန့်ရှင်းလုပ်ဖို့ အတွက် လိုအပ်တဲ့ပစ္စည်းတွေကို မီးဖိုခန်းမှာ ပြေးယူရသည်..။
အလုပ်မလုပ်တာကြာနေပြီ..။
ခုတော့ အပြေးအလွှားဖြင့် မောရမှန်းတောင် မေ့နေသည်..။
ဧည့်ခန်း ကို သန့်ရှင်းရေး လုပ်ပြီးတော့ တစ်လက်စတည်း အိပ်ခန်းကို သန့်ရှင်းရေး လုပ်လိုက်သည်..။
လျှော်စရာ အဝတ်တွေ ပုံနေပြီး ရှုပ်နေသည့် အိပ်ရာပေါ်က အဝတ်တွေကိုလည်း သိမ်းရသည်.။
တစ်နေကုန် သန့်ရှင်းရေး လုပ်ရင်းဖြင့်သာ အချိန်ကုန်သွားတော့ မီးဖိုခန်းထဲ ဝင်ချိန် နေဝင်နေပြီ..။
YOU ARE READING
Love Catcher
Romance☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚ "ရှင်...မချစ်တက်ပါဘူး...အချစ် ဘာမှန်း တောင် မသိပါဘူး..." "ကိုယ့် အချစ်ကိုတော့ မစော်ကားပါနဲ့...." "ပန်းလေး တစ်ပွင့် ကို ပြုစုပျိုးထောင် ပေးလို့ ရတယ်...နမ်းရှိုက်လို့ရတယ်..ချိုးယူလို့ရတယ်....ခြေမွလို့ရတယ်....ဒါပေမဲ့...