Part 14Love Catcher
အပိုင်း (၁၄)
#lovecatcher
11-29-03-51
"ရခဲ့လား...ကိုငယ်..."
"ဒီမှာလေ..."
"ဟာ...အကုန်ယူလာတာလား..."
"အင်းပေါ့..."
သီရိ အိမ်ပြန်ဖို့အတွက် ပြင်ဆင်ထားတဲ့အိတ်လေးခု စလုံး ယူလာတော့ မျက်လုံးပြူးရင်း ရယ်မိတော့သည်..။
ကိုငယ် လုပ်လိုက်သမျှ ကလည်းလေ..။
"ဘာပြောသေးလဲ..."
"သားငယ် ကတော့ မေးတယ်....အိမ်ပြန်မလို့ပဲ ပြောလိုက်တယ်..."
"ဟင်...မငြိမ်းကော..."
"မရှိဘူးလေ...လက်မှတ်ထိုးပြီးပြီဆိုတော့ ဘာမှ မဖြစ်တော့ပါဘူး....မကြောက်နဲ့....အနောက်မှာ ရှိတယ်..."
"ဟား..ဟား...အားကိုးချင်စရာကြီး..."
ကား ကို မြို့ပြင်မောင်းထွက်လာရင်း စ နောက်နေတော့ စိတ်ထဲ ပျော်သလို ခံစားရသည်..။
တစ်စုံ တစ်ခု တုပ်နှောင် ထိန်းချုပ် ခံထားရတာ ကို ရုန်းထွက် လွတ်မြောက်လာသလို ပါပဲလား..။
သီရိ လက်ပေါ်ကို ကိုငယ် က လက်အုပ်ကိုင်တော့ ကြောင်တောင်တောင် ဖြင့် ငုံ့ကြည့်မိသည်..။
ပြုံးစေ့စေ့ ဖြစ်နေတာ တွေ့တော့မှ ကပျာကယာ အကြည့်လွဲ ပစ်လိုက်ရင်း မသိချင်ယောင် ဆောင်ထားလိုက်သည်..။
ယောက်ျား ယူဖို့ မပြောနဲ့ ချစ်သူ ရည်းစားတောင် မရှိတဲ့ ဘ၀ ကနေ ချက်ချင်း လက်ထပ် လိုက်တာ အိပ်မက် ဆန် လိုက်တာ..။
ရှေ့ဆက် ဘယ်လို ဖြစ်မလဲ မစဉ်းစားသရွေ့ ပျော်နေမှာပါ..။
ကိုငယ့် လက်ကို ဖွဖွ ဆုပ်၍ ကားအပြင်ဘက်ကို ငေးနေရင်း ပြုံးမိသည်..။
တစ်ခါတလေ ဆုံးဖြတ်ချက်တွေ ခေါ်ဆောင်ရာ ကို မျောလွင့် ကြတာ ပိုကောင်းပါသည်..။
"ကိုငယ် ဘာဖြစ်လို့လဲ..."
"ခဏပဲ...."
ကား ရပ်ပြီး ဆင်းသွားတော့ သီရိ လိုက်ကြည့်နေရင်း ခေါင်းက တစ်ပတ်တောင် လည်သွားသည်..။
YOU ARE READING
Love Catcher
Romance☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚ "ရှင်...မချစ်တက်ပါဘူး...အချစ် ဘာမှန်း တောင် မသိပါဘူး..." "ကိုယ့် အချစ်ကိုတော့ မစော်ကားပါနဲ့...." "ပန်းလေး တစ်ပွင့် ကို ပြုစုပျိုးထောင် ပေးလို့ ရတယ်...နမ်းရှိုက်လို့ရတယ်..ချိုးယူလို့ရတယ်....ခြေမွလို့ရတယ်....ဒါပေမဲ့...