Part 2

2.3K 89 1
                                    

Love Catcher

အပိုင်း(၂)

#lovecatcher

11-18-01-57

"သီရိ..."

"ရှင်..."

"အဝတ်တွေ များလှချည်လား..."

"ဟိ....လျှော်ဖို့ ပုံထားရင်း များသွားတာ ကိုငယ်ရဲ့..."

"ဖြစ်ရမယ်...အပျင်းမလေး...ကိုယ့်အဝတ်လျှော်ရတာတောင် ပုံထားသေးတယ်..."

"ဟုတ်တယ်....တစ်ခါတလေ ပျင်းလို့ပါ....ဒီနေ့လည်း ရေမချိုးတော့ဘူး.."

"ဟမ်.....တစ်ပတ်တောင် ရှိပြီမလား...ညစ်ပတ်လိုက်တာဟာ..."

"ဘယ်သူသိတာ မှတ်လို့..."

"နင် အဲလို ညစ်ပတ်နေရင် ကြိုက်မဲ့လူ ရှိမှာ မဟုတ်ဘူး အာပေတူးရေ...."

"ဟာ...."

"အာပေတူး မလေး...မြန်မြန်လုပ်စမ်း....ငါ ရေချိုးမလို့..."

"ကိုငယ်နော်....အဲလို မခေါ်နဲ့..."

"ခေါ်တော့ ဘာဖြစ်....မကြိုက်ရင် သန့်သန့်ရှင်းရှင်းနေပေါ့....အာပေတူးရ.."

သီရိ နှုတ်ခမ်းစူထားရင်း အဝတ်တွေကို ဆောင့်အောင် ပြီး လျှော်နေတာ အတော်ကြာသွားသည်.။

နေ့ခင်းကတည်း က စောင့်နေတဲ့ ကိုငယ်ကတော့ ဘယ်ကို ထွက်သွားလည်း မသိ..။

အဝတ်တွေကို နေထုတ်လှန်း လိုက်ပြီး အိမ်ပေါ် ပြန်ရောက်တော့ အဝတ်ရေစိုနဲ့ပဲ ဖုန်းနှိပ်မိပြန်သည်..။

Zay ဆိုတဲ့ အကောင့်လေး မီးစိမ်းနေတော့ ကပျာကယာ ဟိုင်းလိုက်ရသည်..။

"ဟာ...လက်မ ပုံချည်းလား..."

မနက်ကော နေ့ခင်းကော ညကော စကားတွေ ပြောထားပေမဲ့ Inn ok bye ဆိုတာပဲ တုန့်ပြန်သည်.။

အစ်ကို ရေခဲတုံးကြီး..။

"အကို က မခင်ဘူးလား...."

"မသိရင် သိပ်မခင်တက်ဘူး..."

ဟူး....ငါ ဘယ်သူလည်း ဆိုတာ ပြောလိုက်ရင် ကောင်းမလား.။

အိုး...မဖြစ်ဘူး..ဒီတိုင်းလေး သံယောဇဉ် ဖြစ်တာပဲ ကောင်းပါတယ်..။

စိတ်တော့ရှည်ရမှာပေါ့လေ..။

"အကို က အလုပ်များလို့ထင်တယ်နော်...လိုင်းဖွင့်ပြီး စကား သိပ်မပြောဘူး..."

Love CatcherTempat cerita menjadi hidup. Temukan sekarang