Part 22

896 60 15
                                    


Love Catcher

အပိုင်း (၂၂)

12-08-12-16

#lovecatcher

"နီးခြင်းဝေးခြင်း ပညတ်များ ကိုကို တီထွင်ကာ ပြုစား...သိပ်ဝေးတော့ လွမ်းသလို....သိပ်နီးတော့ အချစ်ပို.....သွေးကြောထဲက စွမ်းအင်များ...ကိုကို ဖန်ဆင်းပေးထားလား...ပိုင်ခြားထားတဲ့ ခရီးမိုင်များ...လွယ်လွယ်ကျော်လွှား မေ့နှလုံးသား...တွန်းအားလား...ခွန်အားလား...ယုံကြည်မှု ခိုင်မာတဲ့ အဓိပ္ပာယ်လား...."

"............"

"တင်တောင်...တင်တောင်..."

"....."

သီရိ ဖွင့်ထားတဲ့ သီချင်းကို ပိတ်လိုက်ပြီး လုပ်လက်စ တို့ဟူးအိုး ကို မီးဖိုက ချပြီး မီးခလုတ် ပိတ်ခဲ့လိုက်သည်..။

အတွင်းတံခါး ကို ဖွင့်ကြည့်လိုက်တော့ သားငယ် ကို တွေ့ရချိန် အံသြသွားသည်..။

"ဟယ်...သားငယ်...."

"ဟုတ်ကဲ့...အစ်မ..."

"လာလေ...ဝင်..."

သီရိ တံခါး သော့ဖြုတ်ပေးလိုက်ပေမဲ့ သားငယ် က ခေါင်းရမ်း ငြင်းဆန်ရင်း..

"မဝင်တော့ဘူး....အစ်မ....ဟို....ကိုဖြိုးသူ အက်စီတန့် ဖြစ်လို့..အဲဒါ..."

"ဟမ်....."

"ခု ဆေးရုံမှာ အစ်မ လိုက်ခဲ့ပါလား..."

"ဟင်...ဆေး...ဆေးရုံမှာ...ကိုကို ဆေးရုံမှာ...ဟုတ်လား.."

"ဟုတ်ကဲ့..."

"စိုးရိမ်...စိုးရိမ်ရလားဟင်..."

"ကျွန်တော်လည်း သေချာ မသိသေးဘူး... သိသိချင်း အစ်မ ကို လာခေါ်တာပါ..."

သီရိ စိတ်လှုပ်ရှားမှုဖြင့် ရင်ခုန်နှုန်းတွေ မြန်လာကာ တံခါးကို ဆုပ်ကိုင်ထားရသည်..။

ရင်ဘတ်ထဲမှာ မခံစားရတာ ကြာပြီ ဖြစ်တဲ့ ဝေဒနာ ကြောင့် မျက်လုံးလည်း မှိတ်ထားမိသည်..။

အို....သီရိ သာ အခုလို ဖြစ်နေရင် ကိုကို တစ်ယောက်တည်း ဘယ်လို လုပ်မလဲ...။

မနက်တုန်းက ပဲခူး ကို ပစ္စည်းပို့ပေးရမယ် ပြောခဲ့တယ်လေ....ကိုကို...။

ပြန်လာရင် ညစာ အပြင်မှာ စားကြမယ်ဆို...ခုတော့...။

သီရိ စီးကျလာတဲ့ မျက်ရည်တွေကို သုတ်ပစ်လိုက်ပြီး စိတ်ကို အတက်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားမိသည်..။

Love CatcherWhere stories live. Discover now