Part 11Love Catcher
အပိုင်း(၁၁)
#lovecatcher
11-27-04-28
"သီရိ..."
"ရှင်..."
"ရော့...."
"ဘာလဲ...အစ်ကို.."
"ဖွင့်ကြည့်ပေါ့ကွာ..."
"ဟုတ်..."
သီရိ လက်ထဲက မုန့်ပန်းကန် ကို ချလိုက်ပြီး စားပွဲပေါ် တင်ပေးသည့် ဘူးလေး ကို ဆွဲယူ ဖွင့်ကြည့်လိုက်သည်.။
လော့ဂတ်ပါတဲ့ ဆွဲကြိုးလေး ကို တွေ့ရတော့ ရင်ထဲ မောသွားသည်.။
"သီရိ လက်မခံပါရစေနဲ့ အစ်ကို..."
"ဘာဖြစ်လို့လဲ..."
"ဈေးကြီးတာတွေ မလိုချင်လို့ပါ..."
"ဘာ ဈေးကြီးလို့လဲ...ဘယ်လောက်မှ မရှိဘူး...."
"မယူချင်လို့ပါ..."
"ကျစ်..."
"သားငယ်ရေ...ဆေးဘုံး...သြော်...ကိုဇေ...ရှိတာပဲ..ဆောရီး..."
".........."
ကိုငယ်က ခေါင်းငုံ့ပြီး စတိုခန်းဘက်ကို လျှောက်သွားတော့ ဘူးကို ရှေ့တိုးပေးပြန်သည်..။
"ဒါ ဆင်တူ မရှိဘူး...ကိုယ် အော်ဒါ အပ်ထားတာပဲ...ယူလိုက်..."
"............."
"ညနေတုန်းက ကိုယ် ပျော်ခဲ့ရတယ်....အဲဒီ့ အတွက် ပြန်ပေးတာလို့ သဘောထားပေါ့..အဟွင်း... "
"ရှင်..."
ညနေတုန်းက ပျော်ခဲ့ရတယ် ဆိုတာ ဘာကို ပြောချင်တာလဲ...။
သာမာန်ထက် ပိုနေတဲ့ လေယူလေသိမ်းတွေက သဘော တမျိုး ရောက်သွားစေသည်မို့သီရိ မျက်နှာတွေ ပူနွေးသွားသည်..။
သင်တန်းရှေ့မှာ လာစောင့်ခေါ်လို့ ကားနဲ့ ပြန်လာခဲ့တာကို ဒီလို ပြောစရာလား..။
ကိုငယ့်ဘက်ကို မျက်လုံး တစ်ချက်ရောက်သွားတော့မှ ဘာကြောင့်လဲ ဆိုတာ အဖြေသိတော့သည်.။
တမင်လုပ်ကြံပြီး ပြောရလောက်အောင် ကိုငယ် က မငြိမ်းဘက်ချည်း လိုက်နေတာမှ မဟုတ်တာပဲ..။
YOU ARE READING
Love Catcher
Romance☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚ "ရှင်...မချစ်တက်ပါဘူး...အချစ် ဘာမှန်း တောင် မသိပါဘူး..." "ကိုယ့် အချစ်ကိုတော့ မစော်ကားပါနဲ့...." "ပန်းလေး တစ်ပွင့် ကို ပြုစုပျိုးထောင် ပေးလို့ ရတယ်...နမ်းရှိုက်လို့ရတယ်..ချိုးယူလို့ရတယ်....ခြေမွလို့ရတယ်....ဒါပေမဲ့...