Part 38Love Catcher
အပိုင်း(၃၈)
12-20-03-45
#lovecatcher
"ဘိုဘို....သား ..ဦးလေး နိုးတော့မယ်...စာကျက်ရင်း တစ်ချက် သတိထားလိုက်နော်..."
"ဟုတ်..."
"အန်တီလေး...ဒီနေ့ ကြာမယ်...ဦးလေး နိုးရင် ပိုပို နဲ့ အတူတူ မနော်....တစ်ယောက်တည်း မနိုင်ရင်ပြုတ်ကျဦးမယ်.."
"ဟုတ်ကဲ့ပါ...အန်တီလေးရဲ့...ပြီးရင်း ကိုကြီးလည်း လာတော့မယ်.."
"အေး..အေး...သွားပြီ..."
ဖော့ဘူးနှစ်ဆယ်လောက် ကို အိတ်တစ်ခုထဲမှာ စီထည့်ကာ အိတ် နှစ်အိတ်ဆွဲ၍ အိမ် က ထွက်လာခဲ့ရသည်..။
"သွားတော့မလို့လား...သီရိ..."
"သြော်...ဟုတ်ကဲ့...မမရေ....ဒီမှာလေ....ဒီနေ့ မီနူးသစ် ကင်းမွန်ချဉ်စပ်လေး...မြည်းကြည့်ပေးပါဦး..."
လက်ထဲ က အိတ်ကို ချပြီး ဖော့ဘူးသေးလေး တစ်ဘူးကို ထုတ်ကာ လှမ်းပေးလိုက်သည်..။
"အိမ်ဘက်လည်း တစ်ချက်ကြည့်ပေးပါဦးနော်....ဘိုဘိုတော့ စာကျက်နေတယ်..."
"စိတ်ချပါ....ငါလည်း ဈေးရောင်းမသွားပါဘူး...ဟဲ့...ပိုပို..ရေချိုးပြီး နင့်ဦးလေးဆီ သွားနေနော်...နင့်အန်တီလေး ဈေးထဲသွားပြီ..."
"ဟုတ်..."
သီရိ ပြုံး၍ နှုတ်ဆက်ခဲ့ရသည်..။
တော်ပါသေးရဲ့...သွေးမတော်သားမစပ်ပေမဲ့ အရင်းအချာလိုပဲ ကူညီစောင့်ရှောက်ပေးကြပေလို့..။
သီရိ ဈေးထဲ ရောက်တော့ မှာထားတဲ့ ဆိုင်တွေကို အရင်လိုက်ပို့ပေးပြီးမှ အသစ်လုပ်ကြည့်ထားတဲ့ ကင်းမွန်ချဉ်စပ် ဆယ်ဘူးကို လိုက်ရောင်းရသည်..။
ပိုက်ဆံတွေ အိတ်ထဲ ရောက်ပြန်တော့ မနက်ဖြန်အတွက် လိုအပ်တာတွေ ဝယ်ဖို့ ကုန်စိမ်းတန်းဆီ ရောက်ရပြန်သည်..။
အပြန်မှာလည်း လက်ထဲမှာ ဟင်းသီး ဟင်းရွက် အသားငါး အိတ်ဖြင့် မနိုင်မနင်း ပါပဲ..။
ကူဖော်လေး တစ်ယောက်လောက် ရှိရင်ကောင်းမှာပဲ..။
အို...အနည်းဆုံး ငါးသောင်း အထက်ဆိုတော့ ဘယ်မှာ အဆင်ပြေမလဲ..။
أنت تقرأ
Love Catcher
عاطفية☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚ "ရှင်...မချစ်တက်ပါဘူး...အချစ် ဘာမှန်း တောင် မသိပါဘူး..." "ကိုယ့် အချစ်ကိုတော့ မစော်ကားပါနဲ့...." "ပန်းလေး တစ်ပွင့် ကို ပြုစုပျိုးထောင် ပေးလို့ ရတယ်...နမ်းရှိုက်လို့ရတယ်..ချိုးယူလို့ရတယ်....ခြေမွလို့ရတယ်....ဒါပေမဲ့...