Part 23

825 71 12
                                    


Love Catcher

အပိုင်း(၂၃)

11-08-04-22

#lovecatcher

"ဟော...ပြီးသွားပြီလား..."

"..........."

ကြက်သွန်ဖြူလေးတွေကို ခွာပြီး ဝှီးချဲနဲ့ အနားရောက်လာတော့ သီရိ အလုပ်မအားတဲ့ကြားမှ ကိုကို့ ကို ပြုံးပြကာ ယူလိုက်သည်..။

"..........."

မီးဖိုခန်း မှာ သမံတလင်းပဲ ရှိတာမို့ ရေနဲ့ အလုပ်လုပ်နေချိန် တလျှောက်လုံး အောက်ခင်းတွေက စိုရွဲနေသည်..။

ကိုကို့ ရဲ့ ဝှီးချဲလေး ကို နေရာရွေ့ပြီး ခြောက်မဲ့ နေရာ ကို တွန်းပို့ရသည်..။

ဒီအခန်းလေး မှာ နေရတာ  တစ်ခုတော့ကောင်းသည်.။

စက်ရုံက အလုပ်သိမ်းချိန် ညနေစောင်းပိုင်းလေး သီရိ ကျွမ်းကျင်တဲ့ အချက်အပြုတ်ပညာလေးဖြင့် ဝင်ငွေ ရှာနေရတာ မဆိုးပါဘူး..။

အဆင်တော့ပြေသည်..။

"ဟင်....ဘာယူမလို့လဲ...ကိုကို..."

"..........."

အလုပ်မအားလို့  ရုတ်တရက် မေးမိပြီးမှ နောင်တရကာ လုပ်လက်စ ကို ထားပြီး ကိုကို့ မျက်ဝန်းတွေဆီကို အကြည့်ပို့လိုက်သည်..။

ကိုကိုကတော့ ပန်းကန်‌တွေ ကိုသာ ဝေ့ဝဲ ကြည့်နေသည်မို့ သီရိ ပြုံးလိုက်မိသည်.။

အမြဲတမ်း အလုပ်ရှာပြီး ကူညီချင်နေတော့တာပဲလား....။

သီရိ ငရုတ်ဆုံလေး ကို စားပွဲပေါ်တင်ပေးလိုက်ကာ ကိုကို့ ဝှီးချဲ့ကို နည်းနည်းမြှင့်ပေးလိုက်တော့ စိတ်တိုင်းကျစွာဖြင့် ပြုံးပြသည်..။

"အဟွင်း....ကိုကို က အဲလို ကူနေရင် သီရိ လုပ်ငန်းတိုးချဲ့မိတော့မယ်..."

ကိုကို့ နောက်ကျောကနေ သိုင်းဖက်ပြီး ပါးကို ဖိကပ်နမ်း၍ ပြောလိုက်တော့ မျက်နှာကြီး ရှုံ့မဲ့ကာ လက်ကိုဆွဲဖယ်သည်..။

သီရိ လွှတ်မပေးပဲ တင်းကြပ်နေအောင် ဖက်ထားတော့မှ ငြိမ်သွားကာ သီရိ လက်ကလေးတွေကို ထပ်ဆုပ်ကိုင်ထားသည်..။

တချိန်တုန်းက ကြင်နာယုယ မှုတွေကို ပြန်တောင့်တ မိပေမဲ့ ကိုကို အခုလို အနားကပ်မခံတာလည်း ကောင်းတာပါပဲ..။

Love CatcherOnde histórias criam vida. Descubra agora