Part 21

908 62 3
                                    


Love Catcher

အပိုင်း (၂၁)

12-07-03-06

#lovecatcher

"ကိုကိုရေ..."

"ဟင်..."

"........."

သီရိ လေးလွှာကို တက်လာခဲ့ရတာ မမောပေမဲ့ ကိုကို့ မျက်နှာကို တစ်ချက်ကြည့်ရုံဖြင့် စိတ်ပူကာ မောလာသည်...။

ကိုကိုကတော့ဟန်ဆောင် အပြုံးဖြင့် အနားကို ရောက်လာကာ ဆွဲခြင်း ကို လက်လွဲယူသည်..။

"ဘာတွေဝယ်ခဲ့လဲ....မိန်းမ..."

"ဟင်..စုံနေတာပါပဲ...သီရိ စားချင်တာတွေ အကုန်ဝယ်ခဲ့တယ်.."

"ကိုကို နဲ့ သွားပါမယ် ဆိုတာ စကားနားမထောင်ဘူး...ခုတော့ မောပြီမလား.."

"ဟင့်အင်း...ပျော်နေတာပါ..ဈေးကို ကိုယ်တိုင် သွားတော့ အိမ်ရှင်မနဲ့ တူသွားသလိုပဲ..."

"အတက်မလေး....လာ...ထိုင်ဦး...ကိုကို ရေခပ်ခဲ့မယ်..."

တစ်ခုတည်းသော ခုံလေး ပေါ်မှာ ထိုင်ခိုင်းပြီး မီးဖိုခန်း ကို ဝင်သွားတော့သီရိ သက်ပြင်းဖွဖွ ချမိသည်..။

ဒီတိုက်ခန်းလေးကို ကိုကို စုထားတဲ့ ပိုက်ဆံနဲ့ ဝယ်လိုက်ရပေမဲ့ ကိုကို က အခုလက်ရှိ မှာ အလုပ်လက်မဲ့ ဖြစ်နေပြီလေ..။

အချိန်အကြာကြီး တာဝန်ကျေအောင် အလုပ်လုပ်ပေးခဲ့ပေမဲ့အကြောင်းပြချက် မရှိ အလုပ်ဖြုတ်ပစ်သည်..။

ဘွဲ့မရခဲ့လို့ အလုပ်ရှာဖို့ မလွယ်ကူ သလို အရည်အချင်းကို သိနေတဲ့ သူတွေကလည်း အရင်အလုပ်ရှင် မျက်နှာကြောင့် အလုပ်မပေးရဲ ဖြစ်နေသည်..။

လေးလ လောက် ရှိသမျှ ထိုင်စားခဲ့ပေမဲ့ တချိန်ချိန်မှာ ငွေလို လာမှာ သိပြီးသားပါ..။

ကိုကို တော့ စိတ်ညစ်နေရပြီ ထင်ပါရဲ့...။

"အင့်.."

"....."

သီရိ ကို ရေခွက်ပေးပြီး ခုံဘေးမှာ ထိုင်ချလိုက်တော့ ရေသောက်ရင်း မျက်လုံးပြူးသွားသည်.။

"အဟွတ်...ကိုကိုကလည်း..သီရိ ငရဲကြီးတော့မှာပဲ..."

"မိန်းမရှိခိုး သွားမကျိုးတဲ့ဗျ..."

Love CatcherTempat cerita menjadi hidup. Temukan sekarang