Part 19

839 63 4
                                    


Love Catcher

အပိုင်း(၁၉)

12-03-04-19-06-57

#lovecatcher

"ဟင်...."

အစ်ကို့ ဘီဒိုထဲ အဝတ်တွေ စီထည့်ပေးနေရင်း ဘီဒို အောက်ဆုံးမှာ တစ်စွန်းတစ်စ ထွက်နေတဲ့ စက္ကူစတွေကို အဝတ်နဲ့ သုတ်ချမိသည်..။

အစိတ်စိတ် အမွှာမွှာပိုင်းဖြတ်ထားတဲ့ စက္ကူစတွေကို တံမြတ်စည်းနဲ့ လှည်းမိချိန် မျက်လုံးပြူးသွားသည်..။

အပိုင်းစလေး တစ်ခု ကို ကောက်ယူကြည့်မိတော့ ရင်းနီးလွန်းသည့် အညိုရောင် မျက်ဝန်း တစ်စုံ..။

"အို..."

နောက်ထပ် စက္ကူသေးသေးလေးကို ကောက်ယူပြီး လက်ညိုးပေါ် တင်ကြည့်တော့ မြတ်နိုးရသည့် နှုတ်ခမ်းလေး..။

"ဟယ်..."

သေချာ သတိထား ပြီး အဆင်ပြေသလို ဆက်ကြည့်လိုက်တော့မှ မင်္ဂလာဆောင် တစ်ခု က ဓာတ်ပုံတွေ မှန်း သိတော့သည်..။

မငြိမ်းတို့ မင်္ဂလာဆောင်တုန်းက ဓာတ်ပုံတွေပဲ..။

အစ်ကို စိတ်ဆိုးပြီး လျှောက်ညှပ်ပစ်လိုက်တာလား..။

သီရိ သက်ပြင်းချရင်း ကိုကို့ ပုံလည်း ပါနေတာမို့ တံမြတ်စည်း မသုံးတော့ပဲ လက်ဖြင့်သာ ဖွဖွ လေး လိုက်စုလိုက်သည်..။

အိတ်ထဲကို သေချာ ထည့်ပြီး   အမှိုက်တွေနဲ့ မရောပဲ သပ်သပ် ထားရသည်..။

အဝတ်ဘီဒို ရှင်းပြီးမှ အမှိုက်ထုတ်နဲ့ စက္ကူပိုင်းစလေး တွေ အထုတ်ကို ယူကာ အောက်ထပ်ဆင်းခဲ့သည်.။

"သားငယ်...အစ်ကို ပြန်လာရင်လာခေါ်နော်...ထမင်းပြင်ပေးရမယ်..."

"ဟုတ်...."

သားငယ်က ခြံတံခါးကို ရေဆေးနေရင်း ခေါင်းညိတ်တော့ သီရိလက်ထဲက အမှိုက်ထုတ်ကို ဘုံးထဲ ထည့်လိုက်သည်..။

ကျန်ခဲ့တဲ့ ဓာတ်ပုံစလေးတွေ အိတ်ကို အခန်းထဲ ယူခဲ့မိသည်..။

နေ့ခင်းပိုင်း အလုပ်မရှိလို့ ကိုကို့ရဲ့ ပုံပြန်ရအောင် ဆက်ကြည့်ရမည်..။

အပိုင်းအစလေးတွေကို သွန်ချပြီး စက္ကူ တစ်ခုခင်းလိုက်ကာ တစ်ခုချင်းလိုက်ဆက် ကြည့်မိသည်။

Love CatcherWaar verhalen tot leven komen. Ontdek het nu