Part 39Love Catcher
အပိုင်း(၃၉)
12-21-03-10
#lovecatcher
"အင့်....လုပ်ပေး..."
ကြက်သွန်နီ ခြင်းထောင်းကို ပေါင်ပေါ်တင်ပေးလိုက်တော့ အပြင်ဘက်ကို ငေးနေရင်းက မျက်မှောင်ကြုတ်ကာ တစ်ချက်ကြည့်သည်..။
သီရိ မေးပင့်ပြီး ထပ်ခိုင်းလိုက်ကာ မီးဖိုခန်းဆီကို ဝင်လာခဲ့လိုက်သည်။
အိမ်မှာ ဒီတိုင်းနားနေတာ သုံးလေး ရက်ရှိပြီမို့ ဒီနေ့ တော့ ပျင်းတာနဲ့ ပြန်ချက်ပြုတ်မိပြန်ပြီ..။
အပြိုင်အဆိုင်မရှိပေမဲ့ ဈေးထဲမှာ အစား အသောက်ကလည်း ပေါသည်..။
ဖောက်သည်တွေ ပျက်သွားရင် ပြန်ခက်ခဲမှာလည်း စိုးရိမ်ရသည်.။
သီရိ မုန့်ညှင်းရွက်တွေ လှီးနေချိန် တစ်ဖက်က ဟင်းချို အိုးကို တင်ထားလိုက်သည်..။
"..............."
ဝှီးချဲ က အနားရောက်လာပြီး ကြက်သွန်ခြင်း ကို တင်ပေးတော့ မျက်နှာထား တည်တည်ဖြင့်ပင် လှမ်းယူကြည့်သည်..။
"ဟွန့်...အခွံတွေနဲ့...စေတနာပါပါလုပ်စမ်းပါ..."
".........."
မျက်ခုံးကြီး တွန့်ကုတ်ကာ အကြည့်လွဲသွားတော့ သီရိ ခိုးပြုံးမိသည်..။
ကိုကို က ရုပ်တည်ကြီးနဲ့ ဟန်ဆောင်တက်သလို သီရိလည်း တက်ပါတယ် ကိုကိုရယ်...။
"ကိုငယ်..."
"..........."
"ဘယ်လဲ...ဒီမှာ...ကူပေးဦး..."
သီရိ ခေါ်လိုက်တဲ့ နာမည်ကြောင့် မျက်နှာ တစ်မျိုး ပြောင်းသွားပေမဲ့ ချက်ချင်းဟန်ဆောင်လိုက်ကာ ဝှီးချဲကို နေရာရွေ့သည်..။
စားပွဲပေါ် မှာ ငရုတ်သီးစိမ်း ပန်းကန် တင်ပေးလိုက်ပြီး လက်အိတ်လည်း ချပေးလိုက်တော့ သူ့ဟာသူ ဝတ်သည်..။
ငရုတ်သီးစိမ်းတွေ ခြွေပေးနေတဲ့ ကိုကို့ ကို နောက်ကျောကနေ ငေးရင်း မျက်ရည်တွေ ဝဲတက်လာလို့ ပုတ်ခတ်ဖယ်ရှားလိုက်သည်.။
".............."
"ပြီးရင်...ဒါခွာပေးဦး..."
မျက်ခုံးလေး တွန့်ပြီး တစ်ချက်မော့ကြည့်တော့ သီရိ အနားက မုန်ညင်းရွက် ဇလုံကို ကောက်ယူကာ ရေဆေးဖို့ ဘေစင်ဆီကို ယူခဲ့လိုက်သည်..။
YOU ARE READING
Love Catcher
Romance☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚ "ရှင်...မချစ်တက်ပါဘူး...အချစ် ဘာမှန်း တောင် မသိပါဘူး..." "ကိုယ့် အချစ်ကိုတော့ မစော်ကားပါနဲ့...." "ပန်းလေး တစ်ပွင့် ကို ပြုစုပျိုးထောင် ပေးလို့ ရတယ်...နမ်းရှိုက်လို့ရတယ်..ချိုးယူလို့ရတယ်....ခြေမွလို့ရတယ်....ဒါပေမဲ့...