Part 40Love Catcher
အပိုင်း(၄၀)
12-22-02-28
#lovecatcher
"ဟင်း..."
"............."
"သတိရပြီလား...."
"အ..."
သီရိ မျက်လုံးတွေကို ဖြည်းဖြည်း ဖွင့်ကြည့်လိုက်တော့ မျက်လုံးစူးလို့ ပြန်မှိတ်လိုက်ရသည်..။
"..........."
"ကိုကို....."
"..............."
သီရိ လက်ကို ဆုပ်ကိုင်ထားတဲ့ လက်တွေကို သတိရတော့ မျက်လုံးဖွင့်ကြည့်ချိန် ကိုကို က ပြုံးပြသည်..။
အနားက တာဝန်ကျဆရာမလေး ထွက်သွားတော့မှ ငုံ့၍ သိုင်းဖက်တော့ ကိုကို့ ပခုံးကို ပြန်ဖက်ထားမိသည်..။
"ကလေးရယ်..."
"ဟင်...."
"ကလေး ကို အရမ်းချစ်တယ်...အရမ်းအရမ်းချစ်တယ်...ပြောမပြတက်အောင် ချစ်တယ်ကွာ..."
"ကိုကို..."
သီရိ ကို ဖက်ထားရာကနေ ခါးဆန့်၍ မတ်တတ်ရပ် လိုက်တော့ မျက်လုံးပြူးရင်း အံသြ ရသည်..။
"ကိုကို..."
"ကိုကို နေကောင်းသွားပြီ..ကလေးရဲ့..."
"ဟယ်.....ဝမ်းသာလိုက်တာ.....ဟင့်...ဟင့်..."
သီရိ ဝမ်းသာလွန်းလို့ မျက်ရည်များ စီးကျရင်း ထထိုင်လိုက်ကာ ကိုကို့ လည်ပင်းကို သိုင်းဖက်မိသည်..။
ငိုရှိုက်နေတဲ့ သီရိ ကျောပြင်ကို ဖွဖွ ပုတ်ပေးရင်း ချော့ပေးတော့ သီရိ ပိုဖက်ထားသည်.။
"ကိုကို စိတ်ပူလိုက်ရတာ....ကလေးရယ်..."
"...ထက်...ဘာဖြစ်သွားတာလဲ...ကိုကို..."
"လမ်းမပေါ်တက်ဆော့တာကိုး..."
"ကားတိုက်တာလား....အဲဒါကြောင့် ကိုကို အော်ပြီး ထပြေးလာတာလား...ကိုကို ဝင်ကယ်လိုက်တာပေါ့...မသေကောင်း မပျောက်ကောင်း ကိုကိုရယ်..ကိုကို့ကို ထိသွားသေးလားဟင်..."
ကိုကို က ခေါင်းရမ်းပြီး သီရိ ခေါင်းကို ဖွဖွပုတ်ကာ နဖူးစပ်ကို ငုံ့နမ်းပေးသည်..။
YOU ARE READING
Love Catcher
Romance☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚ "ရှင်...မချစ်တက်ပါဘူး...အချစ် ဘာမှန်း တောင် မသိပါဘူး..." "ကိုယ့် အချစ်ကိုတော့ မစော်ကားပါနဲ့...." "ပန်းလေး တစ်ပွင့် ကို ပြုစုပျိုးထောင် ပေးလို့ ရတယ်...နမ်းရှိုက်လို့ရတယ်..ချိုးယူလို့ရတယ်....ခြေမွလို့ရတယ်....ဒါပေမဲ့...