Love Catcherအပိုင်း (၁၃)
11-28-02-22
#lovecatcher
"သီရိ..."
"ဘာဖြစ်လို့လဲ ဇေ..."
"သင်တန်း သွားရမယ်လေ..."
"ဒီနေ့ မသွားရဘူးတဲ့..."
"သြော်....အင်း..."
"......"
သီရိ အခန်းတံခါး အနားမှာ ရပ်ရင်း စကားသံတွေ ကြားနေရတော့ သက်ပြင်း ချလိုက်သည်..။
သူများ အိမ်မှာ နေရတာ မိသားစု ပြဿနာတွေ ကိုယ့်ကြောင့် ဖြစ်မှာတော့ တွေးကြောက်ပါသည်..။
မငြိမ်းနဲ့ မရင်းနှီးပဲ သီရိ ကို ပိုခင်တွယ်လာတာ ကိုလည်း စိတ်ထဲက သဘောမကျ ဖြစ်ရသည်.။
စိတ်တွေ ရှုပ်ထွေးနေတော့ ဒီနေ့လိမ်လိုက်မိသည်..။
ကိုငယ့် ကိုဖုန်းဆက်ပြီး ပို့ခိုင်းလို့ ရပါ့မလား..။
မအားလည်း တက္ကစီ တွေ ရှိနေသားပဲ.။
"ဟော...."
"သီရိ သွားလိုက်ဦးမယ်...မငြိမ်း..."
"ဟယ်....စောနက....လာ..လာပါဦး...ညီမလေးရယ်..."
မငြိမ်းက လက်ဆွဲပြီး အခန်းထဲ ခေါ်တော့ သီရိ သက်ပြင်းချရင်း လိုက်သွားရသည်..။
"ဇေ နဲ့ တစ်ခုခု ဖြစ်လို့လား..."
"မဖြစ်ပါဘူး...အစ်ကို့ ကို အားနာလို့ပါ..."
မငြိမ်းက သီရိ မျက်လုံးတွေကို ကြည့်ရင်း အကဲခတ်နေတော့ မျက်လွှာချလိုက်မိသည်..။
သီရိ ဘက်က ရိုးသားပါသည် ဆိုပေမဲ့ မငြိမ်းကို အားနာစိတ်တော့ ရှိပါသည်..။
ပြီးတော့ အစ်ကိုနဲ့ ကားအတူတူ စီးရတာတောင် စိတ်တွေ မွန်းကြပ်လွန်းလို့ပါ..။
"ဇေ က တစ်ခုခု ပြောလို့လား..."
"ဟင့်အင်း...."
"သီရိ စာမေးပွဲ ပြီးရင်တော့ သူ တစ်ခုခု ပြောလိမ့်မယ်.."
"ရှင်..."
"သီရိ ကို ချစ်တယ်...လက်ထပ်ချင်တယ် ဆိုတာမျိုးပေါ့..."
သွေးအေးအေး နဲ့ ပြောလိုက်တဲ့ မငြိမ်းကို နားမလည်နိုင် ဖြစ်နေပေမဲ့ မငြိမ်းကတော့ သီရိ ပခုံးကိုလက်နဲ့ ပုတ်နေသးသည်..။
YOU ARE READING
Love Catcher
Romance☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚ "ရှင်...မချစ်တက်ပါဘူး...အချစ် ဘာမှန်း တောင် မသိပါဘူး..." "ကိုယ့် အချစ်ကိုတော့ မစော်ကားပါနဲ့...." "ပန်းလေး တစ်ပွင့် ကို ပြုစုပျိုးထောင် ပေးလို့ ရတယ်...နမ်းရှိုက်လို့ရတယ်..ချိုးယူလို့ရတယ်....ခြေမွလို့ရတယ်....ဒါပေမဲ့...