Part 37Love Catcher
အပိုင်း (၃၇)
12-19-05-32
#lovecatcher
"ကလေး..နာမယ် ဘယ်လိုခေါ်လဲဟင်..."
"ဘိုဘို.."
"သြော်...ကျောင်းတက်သေးလား...ဘယ်နှစ်တန်းလဲ..."
"တက်ပါတယ်...ခုနှစ်တန်းရောက်ပြီ..."
"ဒီနေ့ ကျောင်းမသွားဘူးပေါ့..."
"ဟုတ်ကဲ့...ဦးလေး က နေမကောင်းလို့..."
"ဘာဖြစ်လို့လဲဟင်..."
ကောင်လေး ကသီရိ ကို တစ်ချက်ကြည့်ပြီးပြောသင့်မပြောသင့် စဉ်းစားနေပုံ ရသည်.။
အခန်းဘက်ကို တစ်ချက်ကြည့်ပြီး တောက်ပတဲ့ မျက်ဝန်းများဖြင့် အနားကို တိုးကာ
"ဦးလေး က ခဏခဏ သေဖို့ လုပ်တယ်..."
"ဟင်..."
"သား....ဦးလေး က လာဆူထားတာ....သား တို့ ကို လည်း အမြဲတမ်း စောင့်ကြည့်ဖို့ မှာထားတယ်..."
"သား..ဦးလေး က ဘယ်သူလဲဟင်.."
"ဦးကျော်ဇင်လေ..."
"သြော်..."
ကျော်ဇင် ဆိုတဲ့ ကိုကို့ သူငယ်ချင်းကို သီရိ မှတ်မိပါသည်..။
သီရိ နဲ့ ကိုကို လက်ထပ်တုန်း ကလည်း သူပဲ ကူညီပေးခဲ့တာပါပဲ...။
အခုလို သိတက်တဲ့ သူငယ်ချင်း တစ်ယောက်ရှိလို့ တော်ပါသေးရဲ့..။
ဒါပေမဲ့...ကိုကို က သေဖို့ လုပ်တယ်တဲ့...။
ဘာကို ဆိုလိုတာပါလိမ့်..။
"ဦးလေး က ဘယ်လို လုပ်လို့လဲဟင်..."
"လက်ကို ဓားနဲ့ လှီးတယ်..."
"အို..."
သီရိ မျက်လုံးတွေ ပြာတက်သွားကာ ရင်ဘတ်ထဲ ထိုးအောင့်သွားသည်..။
လုပ်ရက်လိုက်တာ ကိုကိုရယ်..။
သီရိ ဘယ်လို ဖြစ်မယ် ဆိုတာ ကိုကို မတွေးမိဘူးလား..။
"သား တို့ နှစ်ယောက် စောင့်ကြည့်နေရတယ်....ဒီနေ့ သား အစ်ကို က ကျောင်းသွားတယ်....သားတို့ နှစ်ယောက် က ဒီမှာပဲ အိပ်တာလေ..."
VOCÊ ESTÁ LENDO
Love Catcher
Romance☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚ "ရှင်...မချစ်တက်ပါဘူး...အချစ် ဘာမှန်း တောင် မသိပါဘူး..." "ကိုယ့် အချစ်ကိုတော့ မစော်ကားပါနဲ့...." "ပန်းလေး တစ်ပွင့် ကို ပြုစုပျိုးထောင် ပေးလို့ ရတယ်...နမ်းရှိုက်လို့ရတယ်..ချိုးယူလို့ရတယ်....ခြေမွလို့ရတယ်....ဒါပေမဲ့...