Part 3

1.3K 75 2
                                    

Love Catcher

အပိုင်း(၃)

#lovecatcher

03-59

"ဟေး....ဟား..ဟား..."

"ဟဲ့....ဟဲ့...ဘာဖြစ်တာတုံး..."

"ဟိဟိ...မဟုတ်ပါဘူး..."

ဒေါ်လေး က ခေါင်းရမ်းပြီး မီးဖိုခန်းထဲက ထွက်သွားပေမဲ့ သီရိ ကတော့ အပျော်လွန်ပြီး အသံမထွက်ပဲ ခုန်နေမိသည်.။

အိမ်ကို ပြန်ရောက်ကတည်းက အိမ်မှု ကိစ္စ မှန်သမျှ ကို ကြိုးစားသင်ယူရသည်.။

တဖြည်းဖြည်း တိုးတက်လာတဲ့ ဟင်းချက်လက်ရာလေးတွေကို ဓာတ်ပုံ ရိုက်ပြီး ဖေ့ဘွတ်မှာ တင်ဖြစ်သည်.။

ဒီနေ့တော့ အစ်ကို ရဲ့ ရှားပါးလှတဲ့ လက်မ ကွန့်မန့်လေး ရလိုက်သည်လေ..။

စာပို့လည်း မပြန်တော့လို့ နောက်ပိုင်း စာလည်း မပို့မိတော့..။

အစ်ကို သာ ဝင်ကြည့်ရင် ဆိုတဲ့ မျှော်လင့်ချက်လေးဖြင့် ခံစားချက် ကဗျာလေးတွေ ရေးတင်မိသည်..။

ခုလို ဟင်းပန်းကန် ပုံလေး ကို ဝင် လိုက်ခ် ပြီး ကွန့်မန့်ပေးသွားတော့ အပေါ်က ကဗျာလေးတွေလည်း အစ်ကို ဖတ်မှာပဲ..။

အို...ပျော်လိုက်တာ...ရင်တွေခုန်လွန်းလို့ သေတော့မယ်..။

ဟင်းအိုး ကို မီးဖိုပေါ် တင်ပြီး လက်မပုံလေး ကို ဖွင့်ကြည့်မိပြန်သည်..။

ဖုန်းပြန်ပိတ်ပြီး အလုပ်လုပ်လိုက် လက်မလေး ကို ပြန်ကြည့်လိုက်ဖြင့် တစ်နေကုန် ရူးနေသည့် အဖြစ်..။

"ဒေါ်လေး.."

"ဟမ်..."

"ဒေါ်လေး အဝတ်အစား ဝယ်ပေးရင်လေ....လုံချည် ပဲ ဝယ်ပေးတော့ သိလား.."

"ဟမ်..."

ဒေါ်လေးက မျက်လုံးပြူးရင်း ကြည့်နေပေမဲ့ သီရိ မလုံမလဲ ပြုံးလိုက်သည်..။

ကျောင်းတက်ချိန် အတွက် အခုကတည်း က ဝယ်စုထားမှ အဆင်ပြေမှာလေ..။

အိမ်နေရင်းလည်း မြန်မာဝတ်စုံလေးတွေ ကျင့်ဝတ်ရမည်..။

ဟုတ်တယ်..ဒူးကျဘောင်းဘီ ကြီးနဲ့ အဆင်မပြေပါဘူး..။

Love CatcherDonde viven las historias. Descúbrelo ahora