Part 35Love Catcher
အပိုင်း (၃၅)
12-17-10-06
#lovecatcher
"ကိုကို...."
"..........."
"နေကောင်းရဲ့လားဟင်..."
မျက်လုံးမှိတ် ခေါင်းညိတ်ပြလိုက်တော့ ပြုံးရင်း ကိုကို့ ရဲ့ လက်ကလေးတွေကို ဆုပ်ကိုင်လိုက်သည်..။
ကိုကို က မျက်ခုံးပင့်တော့ သီရိ ပြုံး၍ ကိုကို့ လက်ဝါးကို ဖြန့်ကာ ရေစိုဝတ်လေးဖြင့် ပွတ်သပ်ပေးနေမိသည်..။
"ကလေးလေ....ကိုကို့ အနားမှာ အချိန်ပြည့်နေနိုင်အောင် ကြိုးစားမယ်နော်..."
"..........."
ကိုကို က အပြုံးဖြင့် ခပ်ဖြည်းဖြည်းလေး ခေါင်းကို ခါရမ်းနေပေမဲ့ သီရိ မျက်ရည်ဝဲရင်း ခေါင်းညိတ်ပြမိသည်..။
"..........."
"ဆရာဝန်ကို မေးကြည့်ဦးမယ်....ဒီနေ့ကော လေ့ကျင့်ဦးမလား မသိဘူး....."
"..........."
"ကိုကို....မကုချင်တော့ဘူး....အိမ်ပြန်ချင်တယ်...."
"............"
"အင်းပါ...ထက် မေးကြည့်ပါ့မယ်...."
ကိုကို့အပေါ်မှာ စေတနာမေတ္တာ အပြည့်ဖြင့် ပြန်ပြုစု ပေးမိတာ သုံးရက်မြောက်ခဲ့ပြီမို့ ကိုကို့ မျက်နှာလေး က လန်းဆန်း ကြည်လင်နေသည်..။
သီရိ အလုပ်မသွားခင် အတက်နိုင်ဆုံး ကိုကို့ရဲ့ ဝေယျဝေစ္စ ကို ကိုယ်တိုင် လုပ်ပေးခဲ့သည်..။
မနက်မုန့် နဲ့ ဆေး ကို သေချာတိုက်ပြီးမှ နှုတ်ဆက်အနမ်း ပေးကာ အလုပ်သွားရသည်..။
အရင်လို အလုပ် ပုံမှန် သွား ဖြစ်နေပေမဲ့သီရိ ရဲ့ စိတ်တွေကိုတော့ ပြင်ဆင်လိုက်ပြီလေ..။
ကိုကို က သီရိရဲ့ အချစ်ဆုံး ယောက်ျား တစ်ယောက်ပါပဲ...။
ဘယ်တော့မှ မပြောင်းလဲ ဘူး..။
"ကိုကို ဘာစားချင်လဲ...."
"............"
"ထက်...ချက်လာမယ်လေ..."
"............"
ကိုကို က ခေါင်းချည်းရမ်းကာ ငြင်းနေတော့ နဖူး ကို ငုံ့နမ်းပြီး နှုတ်ဆက်ခဲ့လိုက်သည်..။
YOU ARE READING
Love Catcher
Romance☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚ "ရှင်...မချစ်တက်ပါဘူး...အချစ် ဘာမှန်း တောင် မသိပါဘူး..." "ကိုယ့် အချစ်ကိုတော့ မစော်ကားပါနဲ့...." "ပန်းလေး တစ်ပွင့် ကို ပြုစုပျိုးထောင် ပေးလို့ ရတယ်...နမ်းရှိုက်လို့ရတယ်..ချိုးယူလို့ရတယ်....ခြေမွလို့ရတယ်....ဒါပေမဲ့...