Part 33Love Catcher
အပိုင်း(၃၃)
12-17-12-23
#lovecatcher
"ဟင်.."
".........."
သီရိ လုပ်နေကျ အလုပ်တွေ အတိုင်း ထမင်း အိုး တည်ပြီး ဟင်းချက်နေချိန် ခါးကို သိုင်းဖက်ခံလိုက်ရသည်.။
ဒီနေ့ စိတ်တွေ ရှုပ်ထွေးနေပြီး အလုပ်ထဲ စိတ်မပါတော့ အလုပ်မပြီးတာများလား...။
ကိုယ်လုပ်တဲ့ အလုပ်တွေများ နောက်ကျနေလား လို့ စိုးရိမ်စိတ်ဖြင့် နံရံပေါ် က နာရီ ဆီကို အကြည့်ရောက်သွားသည်.။
ဆယ်တစ်နာရီ ကျော်ပဲ ရှိသေးတာပဲ..။
သီရိ နောက်ကျော ကနေ ပိုက်ထွေးထားပြီး လည်တိုင် ကို ငုံ့နမ်းတော့ ငြိမ်သက်နေမိသည်..။
ခါးကို ဆွဲလှည့်တော့ ဟန်ချက်ပျက်သွားလို့ သူ့ရင်ဘတ်ပေါ်ကို လက်တင်ကာ ထိန်းလိုက်ရသည်.။
ရှပ်အကျီ င်္ အဖြူပေါ် မှာ နက်ခ်တိုင်နဲ့ ကုတ်ဝတ်ထားတော့ ပုံစံ တစ်မျိုး ဖြစ်နေသည်..။
သူ့ စေခိုင်းချက် မပါပဲ လုပ်နေကျ တာဝန် အတိုင်း နက်ခ်တိုင် ကို ဖြုတ်ပေးလိုက်ကာ ရှပ်အကျီ င်္ ကြယ်သီးလေး တစ်လုံးချင်း ဖြုတ်ရင်း ရင်ခုန်သံတွေ မြန်လာသည်..။
သီရိ ခံစားချက်တွေကို ဖုံးဖိရင်း အေးစက်စွာ ဟန်ဆောင်နေရပေမဲ့ လက်ချောင်းလေးတွေက တုန်ယင်ချင်လာသည်..။
မျက်တောင် မခတ်တမ်း ငုံ့ငေးနေမဲ့ သူ့မျက်နှာကို မြင်ယောင်မိတော့ ရင်ထဲ အေးစက်သွားပြန်သည်..။
"................"
ကြယ်သီးဖြုတ်ထားတဲ့ ရင်ဘတ်ဟင်းလင်း ဖြင့် ရှေ့တိုးလာတော့ နောက်သို့ဆုတ်လိုက်ချိန် ထမင်းစားပွဲနဲ့ တိုက်မိသွားသည်..။
သီရိ ကျောကို လက်တစ်ဖက်တည်းဖြင့် ပွေ့ပိုက်ယူရင်း မျက်နှာ အနံ့ ကို နမ်းရှိုက်နေသည်.။
သီရိ လက်တွေကို ဆုပ်ကိုင်ပြီး သူ့ ရင်ဘတ်ဆီ ဆွဲကပ်တော့ မရုန်းနိုင်ပဲ လက်တင်လိုက်မိသည်။
လူသား တစ်ယောက်ရဲ့ ခံစားချက်တွေကို ရင်ခုန်သံဖြင့် စီးမျော ပစ်ချင်သည်..။
YOU ARE READING
Love Catcher
Romance☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚ "ရှင်...မချစ်တက်ပါဘူး...အချစ် ဘာမှန်း တောင် မသိပါဘူး..." "ကိုယ့် အချစ်ကိုတော့ မစော်ကားပါနဲ့...." "ပန်းလေး တစ်ပွင့် ကို ပြုစုပျိုးထောင် ပေးလို့ ရတယ်...နမ်းရှိုက်လို့ရတယ်..ချိုးယူလို့ရတယ်....ခြေမွလို့ရတယ်....ဒါပေမဲ့...