Part 12

1K 84 3
                                    


Part 12

Love Catcher

အပိုင်း(၁၂)

#lovecatcher

11-27-04-28

"သီရိ...."

"ဟုတ်..လာပြီ....အစ်ကို..."

သီရိ အဝတ်အစားလဲပြီးပေမဲ့ အခန်းထဲမှာ ထိုင်နေမိသည်.။

မငြိမ်းကိုတောင် လိုက်မပို့တဲ့ အစ်ကို က သီရိ ကို လိုက်ပို့နေတာ မျက်နှာပူရပါသည်..။

လွယ်အိတ်ဆွဲပြီး ထွက်လာတော့ အစ်ကို က ပြုံးပြသည်..။

"မငြိမ်းကော....မလိုက်ဘူးလား အစ်ကို..."

"သူ သွားပြီ...."

"သြော်...ဟုတ်..."

သီရိ ကားပေါ် တက်လိုက်ချိန် ရေမွှေးနံ့တွေ ကြောင့် ခေါင်းကိုက်ချင်သွားသည်..။

အစ်ကို က ရေမွှေးသိပ်သုံးတာပါပဲ..။

ကားထဲ က ရေမွှေးနံ့ကြောင့် ကိုငယ့်ကားကို သတိရမိသည်.။

"ကိုငယ့် ကား က အစ်ကို့ကားလို့ မမွှေးဘူး.."

"အာပေတူးက ကြီးကျယ်နေလိုက်တာဟာ..."

"ဟုတ်တာ ပြောတာပဲ..."

"ညီလေး....ခဏ....ငါးရာဖိုးပေး.."

မီးပွိုင့်မိနေတုန်း ပန်းရောင်းသည့် ကောင်လေးကို ခေါ်ကာ ပန်းဝယ်တော့ သီရိ နှာခေါင်းရှုံ့လိုက်သည်..။

ရေမွှေး ဝယ်ခိုင်းတာ ကို ပန်းလေး ငါးရာဖိုးတဲ့ ကပ်စေးနှဲတဲ့ ကိုငယ်ပါ...။

"ကဲ...ရပလား..."

"ဟာ...ဟိုမှာချိတ်လေ..."

နောက်ကြည့်မှန်ကို မေးငေါ့ပြပေမဲ့ ကိုငယ်က စံပယ်ပန်းကုံးကို သီရိ ခေါင်းပေါ် ပစ်တင်ပေးသည်..။

"မျက်စိနောက်လို့...မွှေးချင်တယ်မလား....အဲဒါ ရှု.."

"ဟာ...ကိုငယ်...အကျင့်ပုတ်ကြီး...ဆံပင်တွေ ပွကုန်မယ်.."

"အမယ်....ဘယ်သူကို ပြဖို့တုံး..."

"သြော်...ဘယ်သူပဲကြည့်ကြည့်ပေါ့...ဆံပင်တွေ ပွနေရင် ဘယ်လှမလဲ..."

"သီရိနော်...စာမေးပွဲပဲ ခေါင်းထဲ ထည့်ထား..."

"ထည့်ထားပါတယ်...ထည့်ထားပါတယ်....မျက်တွင်းတွေတောင် ချောက်နက်နေပါပြီ..."

Love CatcherWhere stories live. Discover now