(1)
Extra Zay
(1)
"မင်းအစ်မလည်း နည်းနည်းပါးပါး သနားစမ်းပါကွာ…"
"ခင်ဗျား နဲ့ ဘာဆိုင်လဲ…"
"ငါ့သူငယ်ချင်းမို့ ပြောနေရတာကွ…မိဘတွေ မရှိကတည်းက မင်း အတွက်ချည်း သူပင်ပန်းနေရတယ်…ဆေးကျောင်းတက်တယ်ဆိုပေမဲ့ ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ တက်နေရတယ်…မင်းနားလည်ဖို့ ကောင်းတယ် ..ဖြိုးသူ…"
"စားတယ်ဗျာ…"
ငြိမ်းငြိမ်းတို့ အိမ်ကိုအဝင်အထွက် ရှိနေလို့ ဒီကောင်လေး ကို ကောင်းကောင်း သိပါသည်..။
အသက်ကြီးလာတော့မှ ခပ်တန်းတန်း ဖြစ်သွားကာ ခုနောက်ပိုင်း ပိုရိုင်းစိုင်းလာသလိုပါပဲ..။
ဇေယျ ရှေ့မှာ ဆံပင်ကာလာစုံ နဲ့ ကွမ်းဝါးနေတဲ့ ကောင်လေးကို စိတ်ရှိလက်ရှိ နားရင်းအုပ်ပစ်ချင်ပေမဲ့ ငြိမ်းငြိမ်း မျက်နှာကြောင့်သာ သည်းခံနေလိုက်သည်..။
ကိုယ့်သူငယ်ချင်း ဘယ်လောက်တောင် ပင်ပန်းလည်း ကိုယ် အသိဆုံးပါပဲ..။
အချိန်ပိုင်း ဝန်ထမ်း လုပ်ရတာ ညဆယ်တစ်နာရီမှ အိမ်ပြန်နိုင်သည်..။
စနေတနင်္ဂနွေဆို ကျူရှင်ပြရသေးသည်..။
မမောနိုင် မပန်းနိုင်ဖြင့် မောင်လေး အတွက်ဆိုတာ ချည်း ကြားရတာ များသလောက်…။
သူ့မောင်ကတော့ သိတက်လိုက်ပုံမှာ ရုံးခန်းချည်း လာတွေ့နေရတော့သည်..။
"အပေါင်းအသင်းမှားတာဇေရဲ့…"
"ဟုတ်တယ်…အပေါင်းအသင်းချည်းကြောင့်ပဲ မဟုတ်ဘူး…သူကိုယ်တိုင်က ဂျိုဂုတ်နေတာပဲ…"
"ကြည့်စမ်း …ငါ့မောင်ကို နွားနဲ့ နှိုင်းတယ်….ဇေ အစုတ်အပြတ်ကောင်…."
"………"
သူ့မောင် ကို ထိရင် မခံနိုင်တဲ့ ငြိမ်းငြိမ်းက ခုတော့ တဖြည်းဖြည်း ညီးတွားစ ပြုလာပြီလေ..။
ဆယ်တန်းဆိုတဲ့ ပညာအရည်အချင်းမှာ အတန်းပညာတင် မက ပဲ ပညာစုံ လေ့လာနေတော့ စိတ်ပူနေရပြီ..။
"ဟေ့ကောင်…မင်းကို ငါ တစ်ခွန်းတည်း ပြောလိုက်မယ်…ကျောင်းထွက်မလား.."
"ဘာလို့ ထွက်ရမှာလဲ.."
"အေး..မထွက်ချင်ရင် ကောင်းကောင်းနေ….မင်း အစ်မ က ကျူရှင်တက်ဖို့ ရှိလို့ ဒီလ က စပြီး မင်းကို ငါ ထောက်ပံရမှာပဲ.."
"ဘာ…."
မျက်နှာ စူပုတ်ပုတ်ဖြင့် ကျောခိုင်း ထွက်သွားတဲ့ ကောင်လေး ကို ကြည့်ရင်း ဇေယျ ခပ်တိုးတိုး ရယ်မိသည်..။
ဒီလို မလုပ်လို့ မရတော့ဘူးလေ..။
.
"လုပ်ပါဦး..ဇေရယ်…"
"အေးပါ….စိတ်မပူပါနဲ့….ငါ မေးကြည့်ပါမယ်…"
စိတ်ဓာတ် မာလွန်းသည့် ငြိမ်းငြိမ်းက မျက်ရည်များဖြင့် အသနားခံတော့ တစ်ဦးတည်းသော သူငယ်ချင်း ဖြစ်သူအတွက် ဥပဒေကြောင်းတွေ လေ့လာရတော့သည်..။
မုန့်ဖိုးတွေ စုဆောင်းထားသမျှလည်း ဒင်းရဲ့ မောင်ကြောင့် တက်တက် ပြောင်တော့သည်..။
"မင်း ဆေးထပ်သုံးရင်တော့ ငါကိုယ်တိုင် ထည့်မှာနော်….မယုံမရှိနဲ့…"
"ဟဲဟဲ…ဟုတ်ကဲ့ပါ…ကိုဇေရဲ့…"
အချုပ်ခန်းထဲ သုံးလေးရက် နေခဲ့ရပြီးတော့ အရင်လို ခင်ဗျားကြီး ကျုပ် မသုံးတော့ပဲ ကိုဇေ ပြောင်းသွားသည်..။
ကျောင်းကို ပုံမှန်တက်နေတဲ့ အတောအတွင်း ငြိမ်းငြိမ်းလည်း ဇေယျဆီကို ဖုန်းဆက်ဖို့မေ့နေပြန်သည်..။
.
"ဟာ…ဘယ်လို ဖြစ်တာလဲ…"
"ရန်ဖြစ်တာ…ရန်ဖြစ်တာတဲ့….ငါ သေချင်တာပဲဟာ…"
"ဟာကြာ…."
ကျောင်းသားချင်းရန်ဖြစ်တာကလည်း ဒီလောက် သွေးထွက် သံယို ဖြစ်စရာလား..။
ကျောင်းအကျီ င်္ အဖြူမှာ သွေးကွက်တွေ စွန်းထင်းနေတော့ ဇေယျလည်း စိတ်ပူသည်..။
"သွေးလိုတယ်…"
"ရှင်…"
"ဟာ….ဒါက ဆေးပေးခန်းလေးမလား..…"
"ဟုတ်တယ်….လုပ်ပါဦး…"
"နင်ကလည်း…ဒီလို အစုတ်ကို လာရသလား.."
"ဟဲ့….နီးစပ်ရာ ခေါ်လာရတာပဲ…."
"ကျစ်…ဒုက္ခပါပဲ…..ဒေါက်တာ…ကျွန်တော် နဲ့ သွေးတူတယ်…ယူလိုက်ပါ…"
"ဟယ်..ဇေယျ နင် သွေးအားနည်းတက်တယ်လေ….မလုပ်နဲ့…"
"ရတယ်….ဘာမှ မဖြစ်ဘူး.."
"……….."
.
"ဟီး….ကျွန်တော့်ကြောင့်ပါဗျာ….."
"ဟေ့ကောင်….မကြီးမငယ်ကြီးနဲ့ ငိုနေတာ မရှက်ဘူးလားကွာ….နားညီးလိုက်တာ…"
"ကိုဇေက နေမကောင်းတဲ့ကြားထဲ ဘာလို့ ကျွန်တော့်ကို သွေးပေးလိုက်လဲဗျ…"
"မပေးတော့ မင်းသေမှာပေါ့…"
"သေပါစေပေါ့ဗျာ.."
"မင်း အစ်မတစ်ယောက်တည်း ဖြစ်နေမှာပေါ့…"
"ကိုဇေ ကြည့်ထားပေါ့ဗျ.."
"ဟား…တော်တော်လည်တဲ့ကောင်…မကြည့်နိုင်ဘူး ဟေ့ကောင် မင်း အစ်မ က မကြီးကျယ်….ကိုယ့်ဟာကိုယ် ကြည့်…"
"……….."
"ငါ နေကောင်းနေပါပြီကွာ…ဆေးရုံလာပြီး အာဗြဲအော်နေတယ်…ဘယ်လို ကောင်မှန်း မသိဘူး…"
ဇေယျ ဖြူဖတ်ဖြူရော် ဖြစ်နေတဲ့ ကြားထဲ ကနေ ငေါက်လိုက်တော့မှ ခပ်ကုတ်ကုတ် ဖြင့် အိမ်ပြန်သွားတော့သည်..။
.
"ကိုဇေ…"
"ပြော…ဘာကိစ္စလဲ…"
"မငြိမ်းကို မပြောနဲ့ဗျာ…ကျွန်တော် စာမေးပွဲကျတယ်…"
"ဟာကွာ…သေလိုက်ပါတော့…ငြိမ်းငြိမ်းသိရင် သတ်လိမ့်မယ်…"
"ကျွန်တော် သိပါတယ်…သတ်တာ ဘာမှ မဖြစ်ဘူး…မငြိမ်းစိတ်မကောင်း ဖြစ်မှာစိုးတာပါ…"
"အစကတည်း က မကြိုးစားပဲ…ခုမှ လင်းတ ရုပ် လုပ်ပြနေတယ်ကွာ…"
"ကိုဇေ…ကူညီပါနော်…"
"ဘာလဲ…"
"ကျွန်တော်…အလုပ်လုပ်ချင်တယ်.."
"ဟာ…ဆယ်တန်းတောင် မအောင်ပဲ မင်း ဘာအလုပ်ရမလဲကွ…"
"ပြန်လည်း မဖြေချင်တော့လို့ပါ….ကျွန်တော့်ကို အလုပ်ပေးပါလား…"
"ကျောင်းတက်ရင်း လုပ်လို့ရပါတယ်ကွာ…"
"ကျွန်တော် တကယ် မတက်ချင်တော့တာ…အချိန်ကုန်တာပဲ ရှိမယ်…"
"ငါက ကိစ္စ မရှိဘူး…မင်း အစ်မ သိရင် ငါ့ကို ပြဿနာ ရှာလိမ့်မယ်…"
"ဟဲ..ဟဲ…မငြိမ်းကို ကျွန်တော်ရအောင် ပြောပါ့မယ်…"
"အေးလေ….အဲဒါဆိုလည်း ပြောပြီးရင် လာပေါ့…"
"ဟာ…တကယ်နော်…ကိုဇေ….ချစ်ဖို့ကောင်းလိုက်တာဗျာ…"
"ဟေ့ကောင်….ခပ်ဝေးဝေးကပဲ ပြော…"
"ဟီး….သွားပြီ…ယောက်ဖကြီး.."
"မင်း အစ်မကို မယူဘူးနော်…"
"မရဘူး….ယူရမယ်.."
ကလေး တစ်ယောက်လို ခုန်ပေါက်ပြီး ထွက်သွားတဲ့ ဖြိုးသူ တစ်ကိုယ်လုံးမှာ ဆံပင်ကို စိတ်တိုင်းမကျဆုံးပါပဲ…။
အလုပ်လာမယ် ဆိုရင် ဆံပင်အနက်ပြန်ဆိုးပြီး ခပ်တိုတို ညှပ်ခိုင်းဦးမယ်လို့ တွေးထားလိုက်သည်..။
ငါးတန်း ကတည်း က အတန်းတူအခန်းတူ ဆယ်တန်းအထိ အတူတူ ရှိနေတဲ့ ငြိမ်းငြိမ်းကို ဇေယျ ခင်ပါသည်..။
မိန်းကလေးပေမဲ့ ပွင့်လင်းပြီး မာနရှိတာမို့ ပိုခင်ဖို့ကောင်းသည်..။
လက်ထပ်ဖို့ အထိတော့ မတွေးရဲပါဘူး..။
ဒီလောက်မာနကြီးနေတဲ့ မိန်းမ ကို ယူလိုက်ရင် သူ့မာနကြောင့် ပြာကျသွားမှာ စိုးရသည်လေ..။
.
"ဟေ့ကောင် ဖြိုးသူ…"
"ဗ်…."
"မင်း အစ်မ က ငါ့ကို ရန်တွေ့နေတယ်.."
"ဟင်…ဘာဖြစ်လို့လဲ ကိုဇေ…"
"မင်း ကို ပွဲရုံမှာ ခိုင်းလို့တဲ့…"
"ဟာ…."
"သူ့မောင်ကို အိတ်တွေ ထမ်းခိုင်းနေရင် ခါးကုန်းသွားလိမ့်မယ်တဲ့…"
"ဟဲ…ဟဲ…..မငြိမ်းက စိုးရိမ်လို့ပါ…"
"ရယ်မနေနဲ့….ငါ ဘာလို့ အဲဒီ့မှာ ခိုင်းလည်း သိလား…"
"ဟုတ်…"
"ပြောပါဦး…"
"ကျွန်တော်က ပညာမတက်တော့ အခြေခံက လေ့လာထားရမယ်….ဒါမှ သူများကို ခိုင်းတဲ့ အခါ အဆင်ပြေမယ်….လေ့လာထားတော့ သူများ အလိမ်လည်း မခံရတော့ဘူး…"
"အောင်မယ်….ကြီးကြီးကျယ်ကျယ်…မောင်နှမ နှစ်ယောက် တလေသံတည်းပဲ…."
"ဟာ…တကယ်ပြောတာ ကိုဇေရဲ့…ကျွန်တော် အခု အရည်အချင်း ရှိလာပြီ…"
"ကုန်ထမ်း တဲ့ အရည်အချင်းလား…"
"လက်မောင်း ကြွက်သားလည်း ကြီးတယ်…ကျောကုန်းကြွက်သားလည်း ကြီးတယ်…နောက်ပြီး…ဒီမှာ.."
ဇေယျ အရှေ့က အိတ်ကို ကောက်မြှောက်ပြီး ချိန်ဆ ကြည့်နေတော့ မျက်ခုံးတွန့်သွားသည်..။
ဘာလုပ်တာပါလိမ့်..။
"ဒါက တစ်ဆယ် မပြည့်ဘူး…ရှစ်ပိသာ အိတ်ပဲ…အင်း…ဒီတစ်အိတ်က ပြည့်တယ်…"
တံဆိပ်တွေ ကို ကြည့်တာနဲ့ သိနေပြီး ဖြိုးသူပြောလိုက်တာ လည်း မှန်နေတော့ ဇေယျ ရယ်မိသည်..။
"မနက်ဖြန် ရုံးကို ပြောင်းခဲ့တော့…"
"ဟဲ..ဟဲ…ဟုတ်ကဲ့…."
ဖြိုးသူကို ခပ်ပေါ့ပေါ့ လူငယ် တစ်ယောက်လို့ထင်ထားပေမဲ့ အလုပ်ကြိုးစားတဲ့ နေရာမှာတော့ သူ့အစ်မနဲ့ အတူတူပဲလို့ အသိအမှတ်ပြုလိုက်ရတော့သည်..။
.
"ဖြိုးသူ…"
"ဗျာ…."
"စာရေးမတွေ နားမှာ ဘာလို့ ဝဲလည်နေတာလဲ…"
"ဟာ…ကိုဇေကလည်း မဟုတ်ပါဘူး..စာရင်းသွားမေးတာပါ…"
"အလုပ်ကို အလုပ်နဲ့တူအောင်လုပ်တာပဲ ငါကြိုက်တယ်နော်…"
"ဟုတ်ကဲ့…"
"သွားတော့….ဒီပုံစံ…နောက်တစ်ခါ ထပ်မမြင်ချင်ဘူး…"
"ဟုတ်…"
ဖြိုးသူ ကို ဆူလိုက်ရပေမဲ့ ဇေယျ စိတ်ထဲ မသက်သာ..။
သူ့ကို နှိမ်ထင် ထင်မှာ စိုးရိမ်ပေမဲ့ မပြောလို့ ကလည်း မဖြစ်တော့ဘူး..။
လူငယ် ပီပီ ယောက်ျားလေးပဲ လို့ လွှတ်ထားချင်ပေမဲ့ ရုံးက မိန်းကလေးတိုင်းနဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေတာကို မကြိုက်ပါ..။
အသက် နှစ်ဆယ်ကျော်နေပြီမို့ လူငယ်မဆန်သင့်တော့ဘူးလို့ ထင်သည်..။
ဖြိုးသူကို ဇေယျရဲ့ အတွင်းရေးမှူး အဆင့်ထိမျှော်မှန်း ထားတာမို့ အခုကတည်းက အနေအထိုင် ဆင်ခြင်စေချင်သည်..။
ဟူး…။
ဇေယျ သက်ပြင်းချလိုက်ပြီး ဖိုင်တွေကို ပြန်ဖွင့်လိုက်သည်..။
.
"ကောင်းတယ်…ကောင်းတယ်…..မျိုးရိုး ဗီဇ နဲ့ မဆိုင်ပါဘူးဆို….ချစ်တက်သူကြီးရဲ့…နှလုံးသား နဲ့ ချစ်တာပါဆို…ခုတော့ ကုန်ပြီ…."
"တော်ပါတော့ မာမီရယ်…ကိုကြီး က ပိုခံစားရတာပါ…"
"သူ ခံစားရတာ က နည်းသေးတယ်…မယားတရူးပြီး ဖြစ်တာလေ….ငါတို့ ချွေးနဲစာ ကို ခွဲပေးလိုက်ရတာကို ငါက ပိုရင်နာတယ်…"
"မာမီ..ထိုင်လိုက်…မောနေပြီ…သွေးတက်ရင် ကိုယ်ပဲ ဒုက္ခ ရောက်မှာနော်…"
"သားငယ်လေး…မာမီကို ကတိပေးစမ်းပါ…မင်း အစ်ကို ကြီးလို မလုပ်ဘူးမလား.."
"အင်းပါ…အင်းပါ….အန်တီဖြူ..မာမီ့ အနားမှာ နေဗျာ….ကျွန်တော် အပြင်သွားစရာ ရှိတယ်.."
"သြော်…အေး..သားလေး…."
အန်တီဖြူ အနားမှာ ထားခဲ့ပြီး ဇေယျ စိတ်ရှုပ်ထွေးစွာဖြင့် အိမ်က ထွက်ခဲ့လိုက်သည်..။
ရွယ်တူ အပေါင်းအသင်းလည်း မရှိတော့ငြိမ်းငြိမ်းကိုပဲ ရင်ဖွင့်တိုင်ပင်ရသည်..။
အစ်ကို က ကျောင်းတုန်းက သူငယ်ချင်းကို ဇနီးတစ်ယောက် အဖြစ် ရွေးချယ်လိုက်သည်..။
မာမီတို့က အဆင့်အတန်း မတူတဲ့ အပြင် မျိုးရိုးကို မကြိုက်လို့ ဆိုပြီး သဘောမတူ ကန့်ကွက်ခဲ့သည်..။
သားအကြီးဆုံးမို့ လိမ်မာရင် သားတို့ အတွက်ချည်းပဲဆိုကာ တစ်လကြာတော့ အိမ်ပေါ်ခေါ်တင်ခဲ့ပြန်သည်..။
တောသူမယား ဆိုတဲ့ စကားကို လက်ကိုင်ပြုပြီး ချွေးမ အလိမ်မာလေး ဖြစ်မယ်လို့ မျှော်လင့်ခဲ့သည်.။
သုံးနှစ် အကြာမှာတော့ ကိုကြီး ကိုယ်တိုင် လုံးဝ သည်းမခံနိုင်တော့လို့ ကွာရှင်းခဲ့သည်..။
ကွာရှင်းချိန် အစ်ကို့ရဲ့ ပိုင်ဆိုင်သမျှ ကို တစ်ဝင်ခွဲပေးလိုက်ရသည်..။
ချွေးမ တစ်ယောက် အိမ်က ထွက်သွားတာ ငြိမ်းချမ်းစရာ ထင်ခဲ့ပေမဲ့ အစ်ကို့ရဲ့ ပိုင်ဆိုင်မှုတွေ ပေးရတာ သိတော့ မာမီ စိတ်ထိခိုက်တော့သည်လေ..။
ဒီပုံစံ အတိုင်းဆိုရင်သွေးတိုးပြီး ဒုက္ခ ရောက်ဦးမည်..။
ဇေယျ ခရီး ထွက်ဖို့ ရှိနေတော့ မာမီ့ကိုလည်း စိတ်မချ..။
ငြိမ်းငြိမ်း ကို ကျောင်းပြန်ရင် အိမ်ခဏဝင်ကြည့်ဖို့ သွားပြောထားရမည်..။
ဇေယျ ကားကို ခပ်ဖြည်းဖြည်း မောင်းပြီး ဝင်နေကျ လမ်းလေးထဲကို ရောက်လာသည်..။
မြို့စွန်မြို့ဖျား စရိုက်ဆန်တဲ့ နေရာကို ရောက်နေတဲ့ သူတို့ မောင်နှမ နှစ်ယောက်ကို စိုးရိမ်လို့..။
မြို့ဘက်ရောက်သည့် ဒီအိမ်လေး ကိုလည်း ဇေယျ ကိုယ်တိုင် ဝယ်ပေးထားတာပါပဲ…။
သူတို့ မောင်နှမ နှစ်ယောက် ကြိုးစားမှု ကို အသိအမှတ်ပြုတဲ့ လက်ဆောင်အဖြစ်…ငြိမ်းငြိမ်းကို မွေးနေ့ လက်ဆောင်ပေးထားခြင်း ဖြစ်သည်..။
ဇေယျ စိတ်ရှုပ်လို့ ခေါင်းကို တစ်ချက်သပ်ပြီး ကားပေါ် က ဆင်းခဲ့လိုက်သည်..။
"ဟင်…"
အဝတ်အိတ်ကို လက်မှာ ချိတ်ပြီး ကျောပေါ် ပစ်တင်နေသည့် ကလေးမလေး ကို ဇေယျကြည့်ရင်း အံသြသွားသည်..။
ဖြိုးသူများ မိန်းမခိုးလာတာလား..။
ဒီကောင်တော့ ဘာဒုက္ခ ပေးပြန်ပြီလည်း မသိပါဘူးကွာ…။
အကြောင်းသိလို့ မနားရအောင် ခိုင်းထားတဲ့ ကြားက ဘယ်အချိန် ဘယ်လို လုပ်လိုက်ပါလိမ့်…။
ငြိမ်းငြိမ်းကလည်း ဘာလို့ ဖုန်းမဆက်တာလဲ..။
သူ့မောင်ကို ကာဗာ လုပ်ပြန်ပြီ ထင်တယ်..။
ဇေယျ အတွေးများနေချိန် ကလေးမလေးက အိတ်ကို ဘုတ်ခနဲ့ ပစ်ချလိုက်သည်..။
"………."
ဆံပင်တိုလေးတွေကို ကြက်တောင်စည်းထားပြီး ပါးကွက်လေး နှစ်ကွက်ဖြင့် သူမ က မျက်ဝန်းဝိုင်းလေးတွေနဲ့ ကြည့်နေသည်..။
"လူကြီးတွေ မရှိဘူးရှင့်…"
"ဟမ်…"
"ဟုတ်ကဲ့…လူကြီးတွေ မရှိဘူး.."
"ဟင်…"
သူမ မျက်လုံးဝိုင်းလေးတွေထဲမှာ ဖြူစင် ကြည်လင် လွန်းတဲ့ အရိပ်တွေကို မြင်တွေ့လိုက်ရတော့ ဇေယျ စိတ်လှုပ်ရှားကာ ရင်ခုန်နှုန်း မြန်သွားသည်..။
မျက်ဝန်းလေးနဲ့ ဆုံတွေ ချိန် ခဏလေးမှာ အမြဲတမ်းအေးစက်နေသည့် နှလုံးသားက ပူနွေးလာသည်…။
ငြိမ်းငြိမ်း ထွက်လာပြီး အိမ်ပေါ်ကို ခေါ်ပေမဲ့ ဇေယျကို မျက်တောင်မခပ် ငေးကြည့်နေတဲ့ ကောင်မလေး ကြောင့် နေရခက်လာသည်..။
မသက်သာသည့် အဆုံးမှာတော့ နှုတ်ကနေ…"သွားတော့လေ…ဟိုကောင်မလေး…"လို့ ဖွင့်ပြောလိုက်ရတော့သည်..။
ထိုနေ့တုန်းက မာမီ့ အကြောင်းတွေ ပြောခဲ့ရပေမဲ့ သူမရဲ့ မျက်ဝန်းလေးတွေကတော့ နှလုံးသား ပုံရိပ်မှာ စွဲထင် ခဲ့သည်..။
တကြိမ်တခါမျှ ခပ်ပြင်းပြင်း မခုန်ဖူးသည့် ဇေယျ နှလုံးသားတွေ လှုပ်ရှားပြင်းထန်လာအောင် လုပ်နိုင်ခဲ့တဲ့မိန်းကလေးပေါ့…။
ငြိမ်းငြိမ်းရဲ့ ဆွေမျိုးဆိုပေမဲ့ ငယ်လိုက်တာ..။
ကောင်မလေးရဲ့ အကြည့်တွေကလည်း တကယ့် ကလေးလေး လိုပါပဲ..။
ဇေယျ အပြန်လမ်းမှာ လူကြီးတွေ မရှိဘူးလို့ ပြောလိုက်တဲ့သူမ စကားသံလေးနဲ့ မျက်ဝန်းကို မြင်ယောင်ပြီး ပါးချိုင့်တွေ ခွက်ဝင်သွားအောင် ပြုံးနေမိသည်..။
.
"ဟူး…"
အကြိမ်ကြိမ် အခါခါ ဝင်ခဲ့ဖူးတဲ့ လမ်းလေး က အခုတော့ ရင်ခုန်နှုန်းတွေ မြန်စေသည်..။
ကားကို ဖြည်းဖြည်း မှန်မှန် မောင်းခဲ့ပေမဲ့ အိမ်ရှေ့မှာ ရပ်လိုက်ပြီး မဆင်းရဲသလို ဖြစ်နေသည်..။
"ကျစ်.."
ဇေယျ ကားတံခါး ဖွင့်ပြီးဆင်းသွားရင်း အိမ်ထဲမှာ သူမလေး ရှိနေမလားလို့ မျှော်လင့်မိသည်..။
"ဟယ်…အစ်ကိုလာတယ်…"
မလိမ်ညာ မကွယ်ဝှက်တက်သေးသည့် အပျော် မျက်ဝန်းလေးတွေကြောင့် သူလည်း ကိုယ့်လို ခံစားနေရလားလို့ ရင်ခုန်စွာ တွေးမိသည်..။
"ထိုင်ဦးနော်…"
ခုံရွေ့ပေးပြီး ထိုင်ခိုင်းတဲ့ ကောင်မလေး ကို စကားပြောချင်ပေမဲ့ ဘာပြောရမှန်း မသိ..။
"သီတာ က ဘယ်မှာနေတာလဲ…"
"ရှင်…"
မျက်လုံးပြူးသွားတဲ့ သူမ ပုံသဏ္ဍန်လေး ကြောင့် ဇေယျလည်း စိတ်ပူသွားသည်..။
ဘာမှားလို့ပါလိမ့်…။
"နယ်က လာတာဆို…"
အူကြောင်ကြောင် လုပ်နေတဲ့ ကောင်မလေး က သွားစွယ်လေးတွေ ပေါ်အောင် ပြုံးပြီး
"သီရိပါ အစ်ကိုရဲ့"လို့ ရန်တွေ့တော့ ဇေယျ ရှက်စိတ်ကြောင့် မျက်နှာပူသွားသည်..။
သူမပြောသမျှ မကြားနိုင်အောင် ဖြစ်ကာ ငြိမ်းငြိမ်းကိုသာ ခေါ်တွေ့ရတော့သည်..။
ဘဝမှာ မိန်းကလေး တစ်ယောက်ကြောင့်အလွဲလွဲအချော်ချော် ဖြစ်ခဲ့ရတဲ့ ပထမဆုံး အကြိမ်ပါပဲလေ..။
.
"ဟင်…"
ကျောပိုးအိတ်ကို လက်ကလေးနဲ့ ဆွဲပြီး ခေါင်းငိုက်ဆိုက် လမ်းလျှောက်နေတဲ့ သူမလေး ကြောင့် ဇေယျ ကားက နှေးကျသွားသည်..။
အလုပ်ကိစ္စ အတွက် ရည်ရွယ်ပြီး သွားနေပေမဲ့ ရပ်တန့်ပစ်လိုက်သည်..။
"ဟင်…အစ်ကို"
ဇေယျကို တွေ့တိုင်း ဟန်မဆောင်တက်သည့် မျက်ဝန်းလေးတွေ လင်းလက်သွားတော့ အကြင်နာပိုတိုးရပါသည်..။
ကားပေါ် ကို ခေါ်ခဲ့ပေမဲ့ တချိန်လုံး ရင်တဒိတ်ဒိတ် ဖြင့် ခိုးကြည့်နေရတာ သူမသိမယ်..မထင်..။
"အစ်ကို့ ကားက အရမ်းမွှေးတာပဲ…"
"ဟင်..ဟုတ်လား…"
ကလေး တစ်ယောက်လို နှာခေါင်းလေး ရှုံ့ပွပွ လုပ်ကာ ပြောတော့ ဇေယျ ပြုံးမိသည်..။
ကားတွေတိုးစီးရတဲ့ အကြောင်းပြောရင်း နေ့တိုင်းစီးချင်သည်ဆိုတဲ့ စကားတစ်ခွန်းကြောင့် မျက်ခုံးတွန့်တက်သွားရသည်..။
အိမ်အတွင်းရေးရဲ့ မလိုလားအပ်တဲ့ ပြဿနာတွေက ဇေယျခေါင်းမှာ အချိန်တိုင်း ကြီးစိုးနေတာကြောင့် "ကိုယ်ပိုင်ကား စီးနိုင်အောင် ကြိးစား"လို့ စကားတွေ မှားသွားသည်..။
ဒါပေမဲ့ ပြောခဲ့တဲ့ စကားတွေကြောင့် အပြန်လမ်း မှာ အားနာမိသည်..။
"ဟိန်းဝေ…"
"ဗျာ…"
"ငါ အခု သုံးတဲ့ ရေမွှေး သိတယ်မလား.."
"ဟုတ်ကဲ့…"
"များများဝယ်ထားလိုက် …ပစ္စည်းပြတ်တာတို့ မရတော့တာမျိုး မရှိအောင် ဝယ်ထား…"
"ဟုတ်…"
"ကားထဲက အနံ့ကိုလည်း မှတ်ထား…အဲဒါပဲ သုံး…"
"ဟုတ်ကဲ့…"
ရေမွှေးကို စွဲစွဲလမ်းလမ်း မဖြစ်ပေမဲ့ သူမလေးကြောင့် ပုံမှန် တစ်ခုတည်း စွဲသုံးဖြစ်လာခဲ့သည်..။
.
"ဟား..ဟား…."
"အမ်.."
ဇေယျ ဖုန်းကို ကြည့်ပြီး အော်ရယ်နေမိပေမဲ့ အနားက ပတ်ဝန်းကျင်ကို သတိရတော့မှ မျက်နှာကို ပြင်လိုက်ရသည်..။
ဒီကောင်မလေးကြောင့်တော့ ခက်နေပါပြီ..။
သူ့ကို မသိဘူး အထင်ဖြင့် စပ်စုနေလိုက်တာ စုံနေရောပဲ…။
သီတာမလေး…။
ဇေယျ စိတ်ထဲက ပေးထားတဲ့နာမည်ကို တွေးရင်း ပြုံးလိုက်သည်..။
သိပ်မကြာခင်မှာပဲ ငြိမ်းငြိမ်းက အလုပ်တစ်ခုပေးဖို့ တောင်းဆိုလာပေမဲ့ ငြင်းလိုက်ရတော့သည်..။
သူမလေး ကို အနားခေါ်ထားရင် ဇေယျ တစ်ယောက် အလုပ် ကောင်းကောင်း လုပ်ဖြစ်မယ် မထင်ပါ..။
လူကသာ စီးပွားရေး လုပ်ငန်းတွေကို ဦးစီး လုပ်ကိုင်နေရပေမဲ့သူမလေးကြောင့် နှလုံးသား က ဆယ်ကျော်သက်လေး ဖြစ်နေသည်လေ..။
မျက်နှာငယ်လေးဖြင့် မီးဖိုခန်းထဲ ဝင်သွားတာမြင်ယောင်မိပြန်တော့ သက်ပြင်းတိုးတိုး ချလိုက်မိသည်.။
.
"ဆရာ…"
"ဟင်…"
"လက်မှတ်လေး…"
"သြော်…အင်း…"
ဖုန်းကို ကြည့်လိုက် သူပို့တဲ့ စာကို ဖတ်ပြီး ပြုံးလိုက် ထပ်ပို့တဲ့စာကို ဖတ်လိုက်ဖြင့် အချိန်ကုန်နေတာ လောကကြီးကိုတောင် မေ့နေသည့် အဖြစ်..။
စာပြန်ပို့ဖို့ကျပြန်တော့လည်း ဘယ်လို ပို့ရင် ကောင်းမလဲ စဉ်းစားရင်း အချိန်တွေ အရမ်းကြာကုန်တက်သည်..။
သူက ကိုယ့်ကို မသိဘူး အထင်နဲ့ ပို့နေပေမဲ့ သိနေသည်လေ..။
ကလေးဆန်သွားမလား လူရှုပ်လို့ ထင်သွားမလားတွေးရင်း စကားလုံးရွေးရတာ အချိန်အတော်ကြာပါသည်.။
"ဆရာ…"
"ဟမ်…"
"ဘာလုပ်နေတာလဲ…"
"ဓာတ်ပုံ ရိုက်နေတာလေ…"
လက်ထောက်က အထူးအဆန်း ပုံစံဖြင့်ကြည့်နေတော့ လက်မြှောက် ကိုင်ထားသည့် ကော်ဖီခွက်ကို စားပွဲပေါ် ပြန်ချလိုက်ရသည်..။
ဘာလုပ်နေလဲ မေးလွန်းသည့် ကောင်မလေး ဆီကို ကော်ဖီခွက်ပုံလေး ပြန်ပို့ပေးမိသည်..။
.
"ဆရာ…မီတင်က…"
"ရွေ့လိုက်.."
"သြော်..ဟုတ်…"
ဒီနေ့ သီတာလေး စာမေးပွဲ ဖြေနေရတာ သိတော့ ဇေယျ အလုပ်တွေကို ပစ်ထားခါ ကျောင်းဘက်ကို ထွက်လာခဲ့လိုက်သည်.။
ထုံးစံ အတိုင်း ခေါင်းငိုက်ဆိုက်နဲ့ ကောင်မလေး ကို တွေ့တော့ ကားဟွန်းတီးလိုက်သည်..။
ကလေး တစ်ယောက်လိုပဲ ရင်းရင်းနှီးနှီး ပြုံးပြတော့ သူမ လုပ်ကွက်တွေ အတိုင်း ဇေယျ မသိချင်ယောင်ဆောင်ရင်း စိတ်ကို ထိန်းထားရသည်..။
ကားပေါ် မှာ ပြောစရာ စကား မရှိတော့ ငြိမ်းငြိမ်း အကြောင်းတွေချည်း ဇွတ်ပြောမိသည်..။
သူမလေး ပြန်တော့မယ်ဆိုတဲ့ အသိက စိတ်တွေကို လေးလံ မှုန်မှိုင်းသွားစေသည်လေ..။
သူမလေး မပြန်ခင် ငြိမ်းငြိမ်းတို့နဲ့အတူတူ ညစာ လိုက်ကျွေးချင်သည်..။
အချိန်မရတော့ သူမလေးပြန်မယ့်နေ့ကိုပဲ ရွေးလိုက်ရတော့သည်..။
အိတ်လေးတွေ ကိုင်ပြီး အားကိုးတကြီး ရပ်ကြည့်နေတဲ့ သူမလေး ကို ကားဂိတ် လိုက်မပို့နိုင်ဘူးလို့ ငြင်းရင်း ညပိုင်းအတွက် စိတ်ထဲမှာ ကြိတ်ပျော်နေခဲ့သည်..။
ဟိုတယ် အကောင်းစားတစ်ခု မှာ ဘွတ်ကင်လုပ်ပြီး ဖုန်းဆက်တော့ သူမလေး က အိမ်ပြန်မလာဘူးတဲ့..။
ဇေယျ စိတ်ပူလို့ ဖြိုးသူကို လိုက်သွားခိုင်းတော့သူမလေး က ရွာကိုသာ ပြန်သွားသည်..။
ညစာအတွက် ကြိုတင် စီစဉ်ထားတဲ့ နေရာမှာ ဇေယျ တစ်ယောက်တည်း ဝိုင်တွေ အများကြီး သောက်ခဲ့မိသည်..။
.
"မာမီ….မိန်းမ ပီသ တဲ့ မိန်းကလေးတွေ က ကောင်းလား.."
"အမလေး…ခုခေတ်မှာ ဘာမှ မလိုဘူး..ငွေပေးပြီး ဖြေရှင်းလို့ရနေပြီ….ကိုယ့်နဲ့ အရည်အချင်း အဆင့်အတန်းတူတဲ့ သူကိုပဲ ကြည့်နော်…မင့် အစ်ကို လိုဖြစ်မယ်…"
မာမီ ပြောလိုက်တဲ့ စကားကြောင့် နေ့တိုင်း သူမလေး တင်သမျှ ဟင်းပုံလေးတွေ ဝင်ကြည့်မိတဲ့ ကိုယ့်စိတ်ကို ဆုံးမထားရသည်…။
တစ်ဖက်မှာလည်း သူမလေး က အဲလို မဟုတ်နိုင်ပါဘူးလို့ တွေးရသည်..။
သူမလေး ကို ပြန်တွေ့တဲ့ အချိန် ချာတိတ်မလေး မဟုတ်တော့ပဲ မိန်းမပျိုလေး အဖြစ်ပြောင်းလဲသွားခဲ့ပြီ..။
ငြိမ်းငြိမ်း က မှတ်မိလားမေးတော့ မျက်လွှာချထားတဲ့ သူမလေး ကို အသည်းယားမိသည်..။
ငြိမ်းငြိမ်းသာ မရှိရင် သီတာ မျက်ဝန်းတွေကို ကိုယ် အမြဲ မှတ်မိပါတယ်လို့ ဝန်ခံမိမလား မသိ..။
အခုတော့ ကိုယ့်ရဲ့ သီတာလေးက ကျက်သရေရှိပြီး လှရက်လွန်းနေသည်..။
ကိုယ့်ရဲ့ ရင်ခုန်သံတွေကို ဖုံးရင်းဖိရင်းဖြင့် အိပ်မက်ထဲထိ သီတာရေစင်လေး ပါလာတော့သည်..။
.
"တောက်…."
မာမီအတွက် စိုးရိမ်ပြီးငြိမ်းငြိမ်းဆီကို ရောက်သွားပေမဲ့ မတွေ့ခဲ့ရ..။
မာမီက ခုနောက်ပိုင်း မောလာလို့ စိတ်ပူသည်..။
ခုတော့ အပြန်လမ်းမှာ ကိုယ့်ကိုယ်ကိုသာ စိတ်တိုရသည်.။
ငြိမ်းငြိမ်းတို့ကလည်း သီတာလေး ကို ခိုင်းတာ လွန်လိုက်တာ..။
မျက်လုံးထဲ အမှိုက်ဝင်ပြီး ရဲနေတဲ့ မျက်ဝန်းလေး ကို မြင်ယောင်ရင်း စိတ်မကောင်း ဖြစ်နေမိသည်.။
ကိုယ့်မှာ အနားကပ်ပြီး သေချာ ဂရုစိုက်ချင်ပေမဲ့ ဘယ်သူမှ မရှိတဲ့ အိမ်မှာ သူမလေးရဲ့ ဂုဏ်သိက္ခာကို ငှဲ့ပြီး ပြန်ခဲ့ရသည်..။
ဟင်း….သနားစရာကောင်းလိုက်တဲ့ ကိုယ့်ချစ်ရတဲ့ မျက်ဝန်းလေး..။
.
ဇေယျ မီတင်တွေ ခဏခဏ ပျက်ပြီး သူမလေး သင်တန်းဆီလိုက်သွားမိသည်.။
ဒီတစ်ခါ ကျောင်းပိတ်ရင် သူမလေးနဲ့ မဝေးချင်လို့ အလုပ်လုပ်ဖို့တိုက်တွန်းတော့ လက်ခံရှာသည်..။
မနှစ်ကထက် စာရင် အများကြီးလှလာတဲ့ အိနြေ္ဒရှင်မလေး ကို စိတ်မချဖြစ်လာသည်..။
ဇေယျ ဖွင့်ပြောချင်ပေမဲ့ တစ်ခဏ အတွက်တော့ မရည်ရွယ်ချင်ပါဘူး..။
တစ်ဘဝစာ ရည်ရွယ်ပြီး ဖွင့်ပြောဖို့ကျတော့လည်း ကိုယ့်ဘက်က သေချာစီစဉ်ရသေးတာမှ မဟုတ်တာပဲ..။
အမေ နဲ့ အချစ်ကြားမှာ ဝေခွဲရခက်နေလို့ မိန်းကလေး တစ်ယောက်ကြောင့် ပထမဆုံး အရက်တွေ မူးအောင် သောက်ခဲ့မိသည်..။
အရက်မူးပေမဲ့ ကိုယ့်မှာ သေချာတဲ့ အဖြေတစ်ခုလည်း မရခဲ့ပါဘူး..။
.
သူမလေး ပထမဆုံး အလုပ်လာတဲ့ နေ့တုန်းက ကိုယ့်မှာ အောင်စာရင်း စောင့်နေတဲ့ ကျောင်းသားလို့ ထိုင်မရ ထမရဖြစ်ခဲ့ရသည်..။
သီးသန့်စားပွဲ့ကို ကိုယ်နဲ့ မျက်နှာချင်း အနားထိ ရောက်အောင် အကြောင်းပြချက် အမျိုးမျိုးဖြင့် ဝန်ထမ်းတွေကို စီစဉ်ခိုင်းထားရသည်လေ.။
အနီရောင် ဝတ်စုံလေးနဲ့ သူမလေးက နူညံ့သိမ်မွေ့စွာ လှပနေသည်..။
ကိုယ် စကားပြောလို့ မဖြစ်ဘူး…စကားတွေ မှားကုန်ရင် ဝန်ထမ်းတွေ ရှေ့မှာ အရှက်ကွဲတော့မည်။
ခိုင်ထူး ပေးသမျှ စာရင်းတွေကို ကွန်ပျူတာထဲ ထည့်နေသည့်သူမလေးရဲ့ အလုပ်လုပ်နေတဲ့ ပုံစံလေး ကို အသည်းယားသည်.။
ကိုယ် အထဲက မြင်နေရတာ မသိပဲ အလုပ်လုပ်နေရင်းတောင် ကိုယ့်အခန်းဆီ ခဏခဏ ခိုးကြည့်ပြီး ပြုံးနေတာကို တွေ့တော့ ရင်တွေ ခုန်လိုက်ရတာကွယ်..။
.
"မဖြစ်နိုင်တာကွာ…"
"ကျွန်မလည်း သဘောမတူပါဘူး…မိဘတွေ စီစဉ်နေတာကို သိအောင် ပြောတာပါ…"
"ဟန့်မှာလည်း…"
"ဟုတ်တယ်….ကျွန်မ မှာချစ်သူ ရှိတယ်…"
အိမ်က မိဘတွေ စီစဉ်သမျှ ကို သိလိုက်ရတော့ ဇေယျ ဒေါသ တော်တော် ထွက်နေချိန် သူမလေး က အခန်းထဲ ကို မပြောမဆို ဝင်လာတော့ အော်မိတော့သည်..။
စိတ်မကောင်းဖြစ်သွားပြီ ဆိုတာ သိပေမဲ့ မတက်နိုင်ပါ..။
မာမီ နဲ့ ထိပ်တိုက် ရင်ဆိုင်ရတော့မည်လေ..။
.
"သား….မာမီ့ စကားကို နားထောင်မယ်လို့ မာမီ မျှော်လင့်တယ်…"
မာမီ့ရဲ့ စကားတစ်ခွန်းကြောင့် အိမ်ပြန်ဖို့တောင် မဝံ့မရဲ ဖြစ်လာသည်..။
စိတ်တွေလည်း မွန်းကြပ်ရှုပ်ထွေးကာ ခေါင်းလည်း တော်တော် ကိုက်နေပြီ..။
ဇေယျ အိမ်မပြန်တဲ့ အချိန် သူမလေးက ချိုင့်ယူလာပေးသည်..။
သူမလေးရဲ့ လက်ရာက မထင်ထားအောင် ကောင်းလွန်းနေတော့ ကိုယ့်မှာ ဒုက္ခ တမျိုးပါပဲ.။
ကြင်နာပြီး ဂရုစိုက်တက်တဲ့ သူမလေး ကို အလုပ်မှာသာ မဟုတ်ရင် အတင်းပွေ့ဖက် နမ်းရှိုက်မိမလား မသိ..။
ကိုယ့်အတွက် ထမင်းချိုင့်ထားပေးခဲ့တဲ့ သူမလေးရဲ့ စေတနာကြောင့် ဝေဒနာတွေ သက်သာကုန်သေးသည်..။
နောက်ပိုင်း ကိုယ်အကြောင်းမရှိ အကြောင်းရှာပြီး သူမလေးရဲ့ လက်ရာဟင်းတွေကိုချည်း တောင်းစားနေမိတော့သည်..။
ကိုယ် က ငတ် မရှက် မဟုတ်ပါဘူး…သီတာလေးရယ်..။
ကြိုက် မရှက် ပါကွာ…။
.
အိမ်က မိဘတွေ အတင်းအကြပ် စီစဉ်ဖို့ ကြိုးစားနေချိန်ကိုယ်စိတ်ပူမိတာ သူမလေး ပါပဲ…။
သူမလေးရဲ့ မျက်ဝန်းတွေထဲ မှာ ကိုယ့်အတွက် မျှော်လင့်ချက်တွေ ရှိနေသည်..။
အဲဒီ့ သက်ဝင်လှပနေတဲ့ မျက်ဝန်းလေးမှာ မျက်ရည်အိုင်လေး ဖြစ်သွားမှာ ကိုယ်မလိုလား..။
မိဘကို မလွန်ဆန်နိုင်လို့ လက်ခံလိုက်ရတဲ့ အခြေအနှေဖြစ်လာခဲ့ရင် သူမလေး ခံစားရမှာစိုးလို့ မက်ဆေ့ဖြင့် အရိပ်အမြွတ်လောက် သတိပေးမိသည်..။
ဘယ်လောက်ခံစားသွားရမလဲ တွေးရင်း ကိုယ်တိုင်ကလည်း အိပ်မပျော်ဖြစ်ခဲ့ရပါသည်..။
သူမလေး အပေါ် ပိုပြီးကောင်းကောင်းမွန်မွန် ဆက်ဆံမိပြန်သည်.။
အပြန်ကို ကားနဲုလိုက်ပို့ဖြစ်သလို သူမလေးနဲ့လည်း ဟင်းတွေ လဲစားဖြစ်သည်..။
ဝန်ထမ်းတွေ ရှေ့မှာ တည်ငြိမ်အောင် အထူးဂရုစိုက်ပေမဲ့ သူမလေးကြောင့် ဘာကိုမှ ဂရုမစိုက်ချင်တော့ပါ..။
သူမလေးရဲ့ ထမင်းချိုင့်ကို ယူစားတိုင်း အနားမှာ သေချာ ဂရုစိုက်ပြင်ဆင်ပေးတာကို ကြည်နူးရသည်..။
ကိုယ့်ဘဝမှာ တစ်ခါမှ မစားခဲ့ဖူးတဲ့ ချည်ပေါင်ကြော်ကတော့ အမှတ်တရပါပဲ..။
ငန်လိုက်တာ တူးလို့..။
.
ကိုယ်စိတ်မကောင်းလိုက်တာ..။
စာရင်းတွေ ကွာဟ မှုကြောင့် ကိုယ်ပြဿနာတွေ အများကြီး ရှင်းနေရချိန် သူမလေး ကို ဆူမိသည်..။
မာမီ ဆေးရုံ ရောက်သွားပြီ ဆိုတဲ့ သတင်းကြောင့် ကိုယ် ပြေးထွက်လာချိန် သူမလေး က အားကိုးတကြီး စောင့်နေသည်..။
ကျောခိုင်းပြီး ငြင်းဆန်ခဲ့ပေမဲ့ အမှန်တကယ် ကိုယ် စိတ်ပူခဲ့ပါသေးသည်..။
မင်းမှာ နှလုံးရောဂါ ရှိတယ်ဆိုတာ ဖြိုးသူ ပြောမှ ကိုယ်သိလိုက်ရတာ..။
စိတ်မကောင်းလိုက်တာ..။
ဒါပေမဲ့….ဖြိုးသူ က ရှေ့နေလိုက်ပေးတော့ ဒေါသ ဖြစ်ရပြန်သည်..။
မင်းနဲ့ ဖြိုးသူ က မောင်နှမတွေဆိုတာ ကိုယ်သိပါတယ်..။
ဒါပေမဲ့…..။
မင်း ကြောင့် ကိုယ့်စိတ်တွေ ပုံမှန် မဟုတ်တော့ဘူး…သီတာလေးရယ်..။
.
"သား လည်း အဲလို လုပ်ရင် မာမီ သေလိမ့်မယ်…"
"အင်းပါ…မလုပ်ပါဘူး…မာမီရယ်.."
ခုနောက်ပိုင်း မာမီက ဇေယျကို စိတ်ပူသလို နဲ့ အမြဲသတိပေးနေသည်.။
တစ်ဖက်မှာလည်း ရောဂါကို ကိုင်ပြီး မင်္ဂလာပွဲ စီစဉ်နေပြန်သည်..။
တူညီတဲ့ အရည်အချင်း ဂုဏ်သိက္ခာတွေကို ရှာဖွေနေချိန် သားချစ်တာ ဒီကလေးမလေး ပါလို့ ဘယ်လို ထုတ်ပြောရမှာလဲ..။
ကိုယ့်အပေါ် ကြင်နာတက်တဲ့ သံယောဇဉ် ရှိနေတဲ့ သူမလေးကို အသိုင်းအဝိုင်းကြီးတစ်ခုလုံးက ထိုးနှက်လာရင် ခံစားရမှာလည်း စိုးရိမ်သည်…။
အထူးသဖြင့် မာမီ သိလို့ လုံးဝ မဖြစ်.။
မာမီ့ရဲ့ စကားလုံး မြှားတွေကို သူမလေး လုံးဝ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူးဆိုတာ ဇေယျသိနေသည်..။
မတက်သာတဲ့ အဆုံးမှာ ခံစားနေရတာထက် ခဏတဖြုတ် မုန်းသွားပါစေလို့ ဆုံးဖြတ်လိုက်ရသည်..။
ဇေယျ ဖွင့်ဟ သတိပေးလိုက်ပြီး သူမလေး အတွက် စိတ်မကောင်း ဖြစ်ရပါသည်…။
ကိုယ်မသေချာသေးပဲ မျှော်လင့်ချက်မပေးချင်လို့ ပါ ကောင်မလေးရယ်…။
BINABASA MO ANG
Love Catcher
Romance☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚ "ရှင်...မချစ်တက်ပါဘူး...အချစ် ဘာမှန်း တောင် မသိပါဘူး..." "ကိုယ့် အချစ်ကိုတော့ မစော်ကားပါနဲ့...." "ပန်းလေး တစ်ပွင့် ကို ပြုစုပျိုးထောင် ပေးလို့ ရတယ်...နမ်းရှိုက်လို့ရတယ်..ချိုးယူလို့ရတယ်....ခြေမွလို့ရတယ်....ဒါပေမဲ့...