Extra Zay
(4)"ကိုကြီး…ကိုကြီး…"
"ဟမ်…ဘာဖြစ်ပြီလဲ…"
"ဟို….ကိုဖြိုး အက်စီတန့် ဖြစ်သွားပြီ…"
"ဘာ….မင်း…မင်း ဘာလုပ်လိုက်တာလဲ…"
"ဟာ…မဟုတ်ပါဘူး….သားက ကိုကြီး ခိုင်းတဲ့ အတိုင်း ပါဆယ်ဘုံး နှစ်ဘုံးပဲ ထုတ်ထားလိုက်တာပါ….ကားတိုက်အောင် သားက ဘာလုပ်လို့ ရမှာလဲ…"
"ကျစ်…ဘယ်မှာလဲ….ဘာတွေ ဖြစ်ကုန်ပြီလဲ…"
"အဝေးပြေးရောက်နေပြီ… …ကုန်တင်ကားကြီးနဲ့ ချိတ်မိတာ….တော်တော် များတယ်…"
"ဟာ….အခု..အခု ဘာဖြစ်သွားလဲ…"
"မသိသေးဘူး…"
"မင်းက သေဖို့ ဒီရောက်နေတာလား သွား…မြန်မြန်…."
"ဟုတ်ကဲ့…"
သားငယ်ကို အော်ငေါက်ထုတ်လိုက်ပြီး..ဇေယျရဲ့ တပည့်နှစ်ယောက်ဆီကို ဖုန်း အမြန်ဆက်ရသည်..။
"အခုချက်ချင်း သွားလိုက်ပါမယ်…ဆရာ…"
"အေး..လိုအပ်တာ အားလုံး လုပ်ပေးလိုက်နော်….ငါ့ကိုလည်း သတင်းပို့…"
"ဟုတ်ကဲ့…"
ဇေယျ စိတ်လှုပ်ရှားရင်း ထိုင်မရ ထမရ ဖြစ်နေပြီး ကိုယ့်ကိုယ်ကို ဒေါသထွက်လာသည်..။
ကိုယ်လုပ်ခိုင်းတာက ပါဆယ်ဘုံးထုတ်ထားပြီး အလုပ်ပြုတ်အောင် လုပ်လိုက်ရုံပါပဲ..။
အခုကျတော့ ဖြစ်သွားတာက တစ်မျိုး…။
ခုလောက်အထိ ဖြစ်သွားဖို့လည်း ရည်ရွယ်ချက် မရှိ..။
တန်ဖိုးကြီး ပစ္စည်းပျောက်လို့ မလျော်နိုင်ရင် ကိုယ့်ကို လိုအပ်လာနိုင်သည်လို့ တွေးမိသည်..။
အခုတော့ ဘာတွေ ဖြစ်ကုန်ပြီလဲ..။
သီရီ ဘယ်လို ခံစားနေရရှာမလဲ..။
.
"ဆရာ….ဟိုဘက်ကားက တော်တော် ထိသွားတယ်….မျက်နှာချင်းဆိုင် တိုက်ကုန်တာ ဆရာ.. …"
"ဟမ်…အဲလောက်တောင်လား…ဒါ..ဒါဆို ဖြိုးသူကော…."
"ဟို…ထိခိုက်တာ တော်တော်များတယ်…အရေးပေါ်ခန်းထဲမှာပါ…"
"ကျစ်….မင်းတို့ စောင့်ကြည့်ထား…ဟိုဘက်က ထိသွားတဲ့ လူကို ရှင်းဖို့လည်း တစ်ယောက်လောက် လွတ်ထားလိုက်…"
"ဟုတ်ကဲ့…"
"ဟာ….တောက်……"
ဇေယျ စိတ်ရှုပ်လွန်းလို့ ဖိုင်တွေကို လွင့်ပစ်ပြီး ဆိုဖာ ပေါ် ပစ်ချထိုင်လိုက်သည်..။
ဖြိုးသူသာ တစ်ခုခု ဖြစ်သွားရင်တော့ သွားပြီ..။
သီရိ ဘယ်လို နေမလဲ…။
အိုး..။
ကိုယ် နဲ့ မသက်ဆိုင်ဘူး ဆိုတာ သိပေမဲ့ တိုက်ဆိုင်နေတဲ့ အဖြစ်အပျက်ကြောင့် စိတ်ပူသည်..။
ဇေယျမျက်နှာကို လက်ဝါးအုပ်ပြီး ဆောက်တည်မရ ကြောက်လန့်နေမိသည်..။
.
"ဆရာ…ဒီမှာ….တစ်ဖက်က ကားပိုင်ရှင် လျော်ကြေးတောင်းတဲ့အတိုင်း ပေးလိုက်ပါပြီ…အားလုံးပေါင်း ခုနှစ်ရာလောက် ကျတယ်…."
"ရတယ်…ထားလိုက်….ကျေအေးပေးလား.."
"ဟုတ်ကဲ့…"
"သားငယ်…"
"ဗျာ…."
"မင်း ပြန်မလာနဲ့တော့….သီရိ အနားမှာနေပြီး လိုအပ်တာ လုပ်ပေး…နောက်ပြီး ငါ့ဆီဖုန်းဆက်ပေး…."
"ဟုတ်ကဲ့…"
ဇေယျ စားပွဲပေါ်က စာရွက်တွေကို ကြည့်ချင်စိတ်မရှိတော့လို့ ကျောပေးလိုက်သည်..။
သိန်းခုနှစ်ရာဆိုတာ တခြားသူနဲ့ ပတ်သက်လာရင် များပေမဲ့ ကိုယ့်ချစ်ရတဲ့သူအတွက်ကျတော့လည်း ဘယ်လိုမှ မဖြစ်ပါဘူး..။
သီရိ အဆင်ပြေဖို့သာအရေးကြီးသည်..။
ဖြိုးသူက အောက်ပိုင်းသေပြီး စကားမပြောနိုင်တော့ ဘယ်လောက်များ စိတ်ဆင်းရဲနေရှာမလဲ..။
အနားကို ပြေးမသွားနိုင်သည့် ကိုယ့်ဘ၀ကို အပြစ်တင်ရင်း နံရံကို လက်သီးနဲ့ ထိုးပစ်လိုက်သည်…။
.
"ဆရာ…"
"ပြော…"
"လူမှုရေး ပြဿနာ နဲ့ ဖြစ်တာလို့ သိရတယ်…ဟိုဘက် က အမျိုးသမီးက သူ့ရဲ့ မိန်းမတဲ့…"
"ဟမ်…"
"ကားဆီက ရခဲ့တဲ့ပစ္စည်းတွေပါ…."
"အင်း…ထားခဲ့.."
ဖြိုးသူရဲ့ ကိစ္စ ကို ကိုယ် ဘယ်တုန်းမှ စိတ်မ၀င်စားခဲ့ပါဘူး..။
ခုတော့…မင်းကို သနားလိုက်တာ..။
ကိုယ် အသုံးမကျဘူးလို့ပဲ ခံစားနေရတယ်..။
မင်း သာ သိရင် ဘယ်လို ခံစားရမလဲ..။
ဒီကိစ္စတွေ မင်း သိလို့ လုံးဝ မဖြစ်ဘူး.။
မင်း ခံနိုင်ရည် ရှိမှာ မဟုတ်ဘူးလေ..။
စာရွက်စာတမ်းတွေနဲ့ ဖုန်း အပြင် သက်သေ တော်တော် များများ ကို အံဆွဲ တစ်ခုထဲ ထည့်ပြီး သော့ခတ်သိမ်းထားလိုက်သည်..။
ဟင်း….မင် သိပ်ပေါ့တာပဲ သီရိရယ်..။
ကိုယ် လက်ထပ်မဲ့ ယောက်ျား တစ်ယောက်အကြောင်း ကောင်းကောင်း သိအောင် မစုံစမ်းပဲ လိုက်သွားရဲတယ်..။
မင်းရဲ့ ဖြူစင်တဲ့ နှလုံးသားကြောင့်ပေါ့လေ..။
ကိုယ် မင်း ကို မခံစားစေချင်တော့ပါဘူး.။
.
"ဟမ်….ဒါဆို….အိမ်ကို ရောင်းထားတာပေါ့…ဟလား.."
"ဟုတ်ကဲ့…."
"အပိုင် မဟုတ်ဘူးလား…"
"ဟုတ်…"
"ကျစ်….ဒါဆို…ဆေးရုံက ပြန်ရင် ဘယ်မှာ နေမှာလဲ…."
"မသိသေးဘူး …အစ်မက ဘာမှ မပြောဘူး….ခုရက်ပိုင်း အိမ်တော့ ခဏခဏ ပြန်တယ်…"
"အင်း…စောင့်ကြည့်ထားဦး….သြော်….ကျော်ကြီး တို့ကို ငါ့ အရင်အိမ်ကို ရှင်းခိုင်းထားလိုက်…."
"တိုက်ကြီးလား …"
"အေး…ဟုတ်တယ်….သူတို့ ကို အဲဒီမှာ နေခိုင်းရမယ်…."
"ဟုတ်…"
"အကြောင်းထူးရင် ဖုန်းဆက်ဦး…"
"ဟုတ်ကဲ့…."
ဇေယျ သက်ပြင်းချလိုက်ပြီး ဖုန်းကို ကြည့်ရင်း ငိုင်နေမိသည်.။
ယောက်ျား အတွက် အပူ က တမျိုး အခုတော့ အိမ်ကိစ္စ အတွက် ပါ စိတ်ဆင်းရဲနေရှာပြီ..။
ဘာလုပ်ပေးနိုင်မလဲ..။
ဇေယျပေးတဲ့အိမ်မှာလည်း မနေမှာ သိတော့ ဘယ်လို လုပ်ရင် ကောင်းမလဲ စဉ်းစားရပြန်သည်..။
တစ်ဖက်လှည့်နဲ့ပဲ ပေးရမှာပေါ့လေ..။
အခုတောင် ဇေယျ ကူညီနေတယ်ဆိုတာ မသိသေးလို့ လက်ခံနေတာ နေမှာပါ..။
.
"ဟလို….."
"အစ်မ အိမ်ရပြီ…ကိုကြီး…"
"ဘယ်မှာလည်း…"
"………………မှာပါ…."
"ဟာကွာ…ဝေးလိုက်တာ…"
"ဟုတ်….ပစ္စည်းတွေလည်း ရွေ့ပြီးပြီ မနက်ဖြန် ပြန်ကြတော့မယ်….အိမ်ကိစ္စ ပြောလိုက်ရမလား…"
"သူတို့ အဆင်ပြေလား…"
"ဟုတ်….ပြေပါတယ်….အစ်မက ကိုဖြိုးကို သေချာ ပြုစုပေးတယ်…."
"ငိုနေသေးလား…"
"အရင်လောက် မငိုတော့ဘူး…"
"ဒါဆိုလည်း…သူနေတဲ့အတိုင်းသာ ကြည့်နေလိုက်ကွာ….လိုအပ်ရင်တော့ မသိမသာ ကူပေးနော်….."
"ဟုတ်…"
"ငါ ခုရက်ပိုင်း နိုင်ငံခြားထွက်ရမယ်…မာမီ နေတော်တော် မကောင်းဘူး…ငါ မရှိတဲ့အချိန် ပိုဂရုစိုက်နော်…"
"ဟုတ်ကဲ့…"
"အေး….ဖုန်းဆက်လို့ ရရင် ငါ ခေါ်မယ်…ဖုန်းကို အနားမှာထား…"
"ဟုတ်…"
ဇေယျမှာ မိခင် အတွက် သောက က တမျိုး…။
ချစ်သူရဲ့ ဒုက္ခ ကို ဝေမျှ ယူချင်နေတဲ့ အပူက တမျိုး..။
သြော်…ရက်စက် စိမ်းကားသူကိုမှ ချစ်မိလို့လား..။
မာမီပြောတဲ့ အဆင့်အတန်းကို ရှောင်ရင်း မာမီ စိတ်ချမ်းသာအောင် ကျေးဇူးဆပ်မိလို့ ကျိန်စာ သင့်နေတာလား…။
.
"ဘယ်လိုလဲ…"
"အဆင်ပြေပါတယ်…."
"သီရိကော ဘာလုပ်လဲ…"
"ဟင်းရောင်းတယ်လေ…"
"ကျစ်….မင်း အနားမှာနေတယ်မလား…လိုအပ်တာ လုပ်ပေးလား…"
"ဟုတ်…..ကိုဖြိုး အတွက်ပဲ လုပ်ပေးရတာပါ…ဒါတောင် အစ်မ က စိတ်တိုင်း မကျလို့ သူချည်းလုပ်နေတယ်…မုန့်ခွံလိုက် ရေချိုးပေးလိုက်…နောက်ပြီး မီးဖိုခန်း ၀င်ပြေးလိုက်တဲ့ အလုပ်ရှုပ်နေတယ်…"
"……….."
"ဒါပေမဲ့….အစ်မ ပျော်နေတာပဲ….ဈေးလည်း တော်တော်ရောင်းရတယ်…ဟိုရက်တုန်းက အရက်သမားနှစ်ယောက်နဲ့ ရန်ဖြစ်ပြီး ရုံးရောက်သွားသေးတယ်.."
"ဟမ်…"
"အစ်မ က အရမ်းစွာတာပဲ ကိုကြီးရဲ့…ဟီး…အရက်သမားတွေကို ရန်တွေ့တာလည်း မပြောနဲ့…အစ်မကြောက်တာ သူ့ယောက်ျား တစ်ယောက်ပဲ ရှိမယ်ထင်တယ်….အိမ်ပြန်ရောက်တော့ မျက်နှာငယ်လေးနဲ့ ကိုဖြိုးကို တောင်းပန်နေတယ်…"
"ဟိုကောင်တွေ ပြဿနာရှာကြသေးလား.."
"မလုပ်ပါဘူး…."
"အင်း…မင်းတက်နိုင်သလောက် ဂရုစိုက်နော်…"
"ဟုတ်…"
ဇေယျ ဖုန်းချလိုက်ပြီး မျက်မှောင်ကြုတ်နေမိသည်..။
မင်း ယောက်ျားကို မင်းကိုယ်တိုင်ပဲ ပြုစုပေးချင်တာတဲ့လား..။
မင်းက မိန်းမကောင်း မိန်းမမြတ်…ကိုယ်မပိုင်ခဲ့ရတဲ့ တော်ဝင်ပန်းလေး တစ်ပွင့်ပေါ့ကွာ..။
ဒါပေမဲ့ မင်း ပင်ပန်းနေမှာတော့ ကိုယ် စိတ်ပူတယ်…။
ကိုယ်လည်း…၀ဋ်ကြွေး….မင်းလည်း ၀ဋ်ကြွေးပါပဲလေ..။
.
"ကိုကြီး…."
"ပြော…."
"ကယ်ပါဦး…ကိုကြီးရယ်….ဘေဘီ့ကိုလေ…"
"နင့် အရင်ယောက်ျား ပြဿနာရှာလို့…."
"ဟုတ်..ဟုတ်ပါတယ်…."
"နင် ငါ့ဆီက ခိုးသွားတဲ့ သိန်းတစ်ရာကျော် ပြန်ပေးဖို့ အစီအစဉ် ရှိလား.."
"ဟင့်…ကိုကြီး အတွက် ဘာမှ မဟုတ်ပါဘူး…နော်….ကူညီပါကိုကြီးရယ်…"
"ပြည့်ပြည့်..နင် ကလေ…ကျောင်းစရိတ်ထောက်ပေးနေတဲ့ သူဆီက ခိုးရတယ်လို့…နင့်ကို ငါ ဘယ်လို ယုံမလဲ…"
"ဘေဘီ ပြင်လိုက်ပါပြီ…လုံးဝ ပြင်လိုက်ပါပြီ…လက်ခံပါနော်..နေစရာ လည်း မရှိ စားစရာလည်း မရှိနဲ့ ဘယ်တော့အသတ်ခံရမလဲ မသိဘူး..ဟင့်….ဟင့်….."
"အိုကေ….ငါ ဖုန်းပြန်ဆက်မယ်…ခု ခရီးထွက်ဖို့ ရှိတယ်…"
"ဟုတ်….အားကိုးမယ်နော်…ကိုကြီး…"
ဇေယျ ဖုန်းချလိုက်ပြီး သက်ပြင်း တစ်ချက်ချလိုက်သည်…။
ဒီကောင်မလး ကို စတွဲတုန်းက အချိန်ပိုင်း ပတ်သက်မယ်လို့ တွေးထားပေမဲ့ သူ့ဘ၀ကို သိရတော့ ကရုဏာသက်မိသည်..။
ကိုယ့်ဆီရောက်လာတော့ ကျောင်းစရိတ်ရှာနေရတဲ့ သနားစရာ မိန်းကလေး အဖြစ်ပေါ့လေ..။
ကျောင်းစရိတ်တွေ ထောက်ပံ့တယ်…နိုင်ငံခြား ပညာသင်ဖို့ အထိ ရည်ရွယ်ထားပေမဲ့..သူ့စရိုက်အတိုင်း ကွန်ဒိုမှာထာတဲ့ ငွေသား တချို့ကို ယူပြေးသည်..။
ခုတော့ သူ့ရည်းစား..က ပြဿနာရှာပြန်ပြီတဲ့…။
ဆေးသမားကို လင်တော်ထားတော့လည်း သူ့ခမျာ ဒုက္ခ တမျိုး..။
ဇေယျ ဖုန်းနံပါတ်ကို ကောနှိပ်လိုက်သည်..။
"ဟလို….အစ်ကိုကြီး…"
"အေး…သားငယ်…မင်း အိမ်ပြန်….ပြည့်ပြည့်ကို ဖုန်းဆက်ပြီး အိမ်မှာ တစ်ပတ်လောက် ခေါ်ထားလိုက်…"
"ဟုတ်…"
"တစ်ပတ်လုံး စောင့်ကြည့်နေနော်….ငါ ခရီးက ပြန်လာမှ မင်းသွား…မဟုတ်ရင် အိမ်က ရှိသမျှ မ သွားလိမ့်မယ်.."
"ဟုတ်…"
"သြော်…နေဦး…သီရိ တစ်ယောက်တည်း…ဖြစ်ပါ့မလား…"
"ဖြစ်ပါတယ်…မိန်းမ တစ်ယောက်လည်း ခေါ်ထားသေးတယ်…"
"အေး..ဒါဆို…မင်း အိမ်မှာ တစ်ပတ်နေလိုက်…"
"ဟုတ်…"
ဇေယျ တစ်ချက်ပြုံးပြီး ကားပေါ် ရောက်ခဲ့သည်.။
မင်း အတွက် စိတ်ပူပြီး အမြဲ ဂရုစိုက်နေရတဲ့ ကိုယ်က မင်းအတွက် ဘာလဲ..။
ကိုယ်ကတော့ အလုပ်တွေကြောင့် ခရီးထွက်ရချိန်..။
မင်းကတော့ မင်း ယောက်ျားအတွက် အလုပ်တွေများနေမှာပဲ..။
တစ်ခါတလေတော့ မင်းကိုယ့်ကိုသတိရမယ်လို့ မျှော်လင့်ပါရဲ့..။
.
"ပြည့်ပြည့်….ငါ့ည၀တ်စုံကော.."
"ဒီမှာလေ…."
"ကျစ်…."
"စုံတွဲဝတ်စုံလေး က ပိုကောင်းပါတယ်…ကိုကြီးရဲ့…"
"………."
ဘာမှ မပြောပဲ လှမ်းပေးတဲ့ ၀တ်စုံကို ဆွဲယူ ၀တ်ပြီး ၀ရန်တာ ကို ထွက်လာခဲ့လိုက်သည်..။
ဆိုဖာပေါ်မှာ ထိုင်ရင်း တစ်ချိန်တုန်းက မင်း ပုံရိပ်လေးတွေကို လွမ်းလိုက်တာ..။
ကိုယ့် ဒီနေရာမှာ အရက်သောက်တိုင်း မင်းကို လွမ်းတယ်..။
နောက်ပြီး…စိတ်လည်းနာတယ်.။
ကိုယ့်ကို ဖြေရှင်းခွင့်တောင် မပေးပဲ မင်းရက်စက်သွားတာလေ..။
မင်းကို မာမီထိုးနှက်တိုက်ခိုက်မှာ စိုးလို့ ကိုယ် ဟန်ဆောင်လက်ထပ်ခဲ့တာလေ..။
လက်ထပ်ပြီးသား ယောက်ျားမို့လို့ မင်းက တခြားသူကို ရွေးချယ်သွားတယ်…။
ကောင်းပါတယ်..။
မင်း အခု အရမ်းချစ်တက်သူကြီး ဖြစ်နေပြီမလား..။
ဒီလောက် စိတ်ဆင်းရဲစရာ ကောင်းတဲ့ အခြေအနေမှာတောင် မင်းက ပျော်နေနိုင်တယ်တဲ့လား..။
ကိုယ် အံသြလိုက်တာ..။
မင်း ပျော်တယ်ဆိုတော့လည်း…ကိုယ် ၀မ်းသာပေးရမှာပေါ့လေ..။
သားငယ် ပြောသွားတဲ့ မင်းဆီက ကျေးဇူးတင်အမှာစကားကို ကြားရတော့ ကိုယ်ရယ်ချင်လိုက်တာ..။
ကိုယ့်ရင်နဲ့ အမျှ ပေးဆပ်ထားခဲ့တာတွေက ကျေးဇူး တစ်ဆင့်စကားလေးနဲ့ ဖြေသိမ့်ရမှာပေါ့လေ..။
"သြော်…ကိုကြီး က ဒီမှာ သောက်နေတာပဲ…"
"သွားအိပ်တော့…"
"ဘေဘီ တစ်ယောက်တည်း အလယ်ထပ် မှာ ပျင်းလို့ပါ….အောက်ခန်းက ကျယ်တယ်နော်….ဘယ်သူနေတာလဲ…"
"နင်.. ၀င်ကြည့်တာလား.."
ဇေယျ မျက်မှောင်ကြုတ်ပြီး မေးလိုက်တော့ ပျာပျာသလဲ ခေါင်းရမ်းသည်…။
"မဟုတ်ဘူး…အပြင်ကပဲ ကြည့်တာပါ…"
"ငါ့ဆီမှာနေရင် ငါ မှာထားတဲ့ အတိုင်း တသွေမသိမ်းနေနော်…"
"အင်းပါ…..ဘေဘီ့ အပေါ် ကိုကြီး ကျေးဇူးတွေ အများကြီးပဲ…"
"ဟွန့်…ကျေးဇူးတွေ ကြားရတာ များနေပြီ…"
"အိုကေ…."
ဇေယျရဲ့ ရင်ဘတ်ကို ပွတ်သပ်ရင်း ပေါင်ပေါ် ထိုင်လိုက်တဲ့ ပြည့်ပြည့်ကို မျက်တောင်မခတ် ငေးကြည့်နေမိသည်..။
မင်း နဲ့ ပြည့်ပြည့်က ရွယ်တူလောက်ပါပဲ..။
မတူတာ ဆိုလို့ ဖြူစင်ခြင်းပဲ ရှိမယ် ထင်တယ်..။
"ကိုကြီး…တက်တူးက ဇနီးဟောင်းရဲ့ နာမယ်လား…"
ရင်ဘတ်ကို လက်နဲ့ပွတ်ရင်း နမ်းပြီး မေးတော့ ဇေယျ မျက်လုံးစုံမှိတ်ခေါင်းရမ်းလိုက်သည်..။
"………….."
"အချစ်ဦးဖြစ်မယ်….လူတွေက အချစ်ဦးကို စွဲလမ်းရူးသွပ် ဆုံးတဲ့လေ…ဟုတ်လား…"
'…သိပ်စကားများတာပဲ…"
"ခစ်…ခစ်…."
ငယ်ရွယ်နုပျိုတဲ့ မိန်းမလှလေးတစ်ယောက်ရဲ့ ညူတူတူ အသံလေးက ကိုယ့်နားထဲ သာယာပေမဲ့ ရင်နာတယ်…သီရိရယ်..။
ကိုယ့်ရဲ့ အချစ်ဦးက မင်းတဲ့..။
ကိုယ့်ကို ဒဏ်ရာ အပေးဆုံးကလည်း မင်းပါပဲ….။
.
"ကိုကြီး…"
"…………"
"အဟွင်း…ထတော့…အိပ်ပုတ်ကိုကြီးရဲ့….အောက်မှာ ဧည့်သည်ရောက်နေတယ်…."
ကိုယ် မျက်လုံးတွေ ဖျတ်ခနဲ့ ပွင့်သွားတယ်..။
ဟုတ်တယ်…။
ကိုယ့်အခန်းထဲကို ကိုယ် မခေါ်ပဲ ဘယ်သူမှ ၀င်ခွင့်မရှိဘူးလေ..။
အခြေအနေ တစ်ခု ကြောင့် ပြည့်ပြည့် ၀င်လာရတာ သိတော့ အိပ်နေရာက ထထိုင်လိုက်သည်..။
"ဘယ်သူလဲ…."
"မသိဘူး…မိန်းမ တစ်ယောက်…."
"ကျစ်….နင် က နာမည် မမေးပဲ တံခါး ဖွင့်ပေးလိုက်ရောလား…"
"ဟာ…ဖွင့်ပါဘူး…မေးတယ်….သီရိ တဲ့…"
"ဟင်…."
"ကိုကြီးရဲ့ ညီမလို့ ပြောတယ်…ဟုတ်လား…ပုံစံကတော့ အောက်လိုက်တာ….ဟုတ်မယ် မထင်ပါဘူး…"
"သွား…တံခါး မြန်မြန်ဖွင့်ပေးလိုက်….ဒီကို ခေါ်လာ…"
"ဟုတ်…"
ဇေယျ ရေချိုးခန်းထဲ ၀င်ပြီး ကပျာကယာ မျက်နှာသစ်သွားတိုက်လိုက်သည်..။
သားငယ်လည်း ဖုန်းဆက်မထားပါဘူး..။
ဖြိုးသူ ဖျားနေတယ်လို့တော့ ပြောထားသေးသည်..။
မနက်စောကြီး ဘာဖြစ်လို့ပါလိမ့်…။
ကိုယ့်မှာ မင်းကိုယ်စား ရင်တွေ ပူလိုက်ရတာ သီရိရယ်..။
ပြည့်ပြည့်ကို ရှောင်ခိုင်းလိုက်ပေမဲ့ ကိုယ့်မှာ မင်းကို မျက်နှာချင်း မဆိုင်ရဲပါဘူး..။
ကိုယ် ကြောက်တယ်.။
မင်း ရဲ့ မျက်ဝန်းတွေကို ကိုယ် ရင်မဆိုင်ရဲဘူး..။
အထူးသဖြင့် မင်းကို ကိုယ် မျှော်လင့်တကြီး လာတွေ့တုန်းက အထင်သေးစော်ကားလိုက်တဲ့ မင်းမျက်ဝန်းတွေကို ကိုယ် ကြောက်တယ်…။
အတိတ်ကို ပြန်တွေးမိတော့ ဒေါသက အလိုလို ကပ်ပါလာတော့သည်..။
ကိုယ့်မေ့ထားတဲ့ အတိတ်ကို ပြန်ပြောလိုက်တော့ မင်းက အံသြနေသေးတယ်..။
စော်ကားခံလိုက်ရတဲ့ ကိုယ့်မှာတော့ အလူးအလဲ အရှက်တကွဲပါပဲ..။
ကိုယ့်ဘက်က မင်းနဲ့ အချိန်တစ်ခု အတွင်း စကားပြောရမယ် မျှော်လင့်ထားပေမဲ့ မင်းက ကျေးဇူးတင်တယ် တစ်ခွန်းဖြင့် ပြန်ဖို့ ပြင်နေပြီ..။
ဖြိုးသူ အကြောင်း ပြောလိုက်တော့မှ မင်းကိုယ့်အတွက် အချိန် ပေးနိုင်တော့တယ်..။
ကိုယ်က မင်း အတွက် ဘာမှ မဟုတ်ဘူး ဆိုတဲ့ အမှန်တရားတစ်ခု ကို ကိုယ် အမြဲမေ့နေတက်ပါတယ်..။
အခါးသက်ဆုံး အမှန်တရားပါပဲ…။
မင်း ကိုယ်ခန္ဓာ မင်း နှလုံးသား မင်းမျက်ရည် မင်း ခံစားချက် အားလုံးက မင်း ယောက်ျား အတွက်ချည်းပါပဲလား သီရိရယ်..။
ကိုယ့်ရှေ့မှာ အခုလို မျက်ရည်ကျနေတာ ကိုယ် ဘယ်လို ခံစားရမလဲ…မင်းတွေးမိရဲ့လား..။
အိုး…ဘယ်တွေးမိပါ့မလဲ…မင်း ဦးနှောက်ထဲမှာလည်း မင်းရဲ့ ချစ်လှစွာသော အမျိုးသားပဲ ရှိနေတာမလား.။
မင်း မျက်ရည်တွေ ကို ကိုယ်မတွေ့ချင်ဘူး.။
ကိုယ် ကူညီဖို့ ဆုံးဖြတ်လိုက်တယ်..။
ဒါပေမဲ့ ဒီလို မျက်နှာချင်းဆိုင်ခွင့် ရတဲ့ အခွင့်အရေးကို ကိုယ်မက်မောတယ်..။
အရင်ကတည်းက မင်းပြောစရာ မလိုပဲ မင်း နောက်ကွယ်ကနေ ကိုယ် တိတ်တိတ်လေး နဲ့ အများကြီး ကူညီခဲ့ပြီးပြီ..။
မင်းဘက်ကသာ အသိအမှတ်မပြု ဂရုမစိုက်ခဲ့တာလေ..။
အခု ကိုယ် ကူညီလိုက်လည်း မင်းက မင်း အမျိုးသား အနားကို ပြန်သွား ကိုယ့်မှာက အလဲလဲ အပြိုပြို.။
ဒီဝေဒနာတွေကို ကိုယ်မုန်းလှပြီ…။
ကိုယ့်နှလုံးသား က မင်းကိုပဲ တောင့်တလွန်းတယ်..။
မင်းအတွက် ကိုယ်ဗီလိန် လုပ်ဖို့ကျေနပ်ပါတယ်..။
အိုး…မင်းဒေါသနဲ့ ရိုက်လိုက်တဲ့ အချိန် ကိုယ့်ပါးတော်တော်လေး နာတာပဲ..။
ကိုယ်…ကိုယ်ခံစားလို့ရတယ်..။
ချစ်လို့ နမ်းတာ မဟုတ်ပေမဲ့ မုန်းလို့ ရိုက်လိုက်တဲ့ မင်းရဲ့ လက်ဖ၀ါးလေးက ကိုယ့်ပါးနဲ့ တဒင်္ဂ တော့ ထိတွေ့ခွင့်ရသေးသည်လေ..။
အဆင်ပြေပါတယ်…။
ဒီခံစားချက်ကို ကိုယ်ကြိုက်တယ်..။
.
"တီ…"
"ခဏနော်…ဟလို…"
"ကိုကြီးရေ…ကိုဖြိုး…အန်ပြီး သတိလစ်သွားလို့…"
"ဟမ်…."
"ဘယ်…ဘယ်ဆေးခန်းခေါ်သွားရမလဲ….ကျွန်တော် ကားငှားနေတယ်…"
"ဟာ…ဆေးခန်းရမလားကွ…..နေဦး…."
"ဆောရီးနော်…..ကျွန်တော် အရေးပေါ် ကိစ္စလေး ရှိလို့…"
ဧည့်သည်တွေကို နှုတ်ဆက်ပြီး ဇေယျ ခြေလှမ်းသွက်သွက်ဖြင့် ထွက်လာခဲ့ရသည်.။။
"ဟလို…..စည်သူလား…ငါ ဇေယျပါ…..ဟိုကွာ…အာရုံကြောထိထားတဲ့ လူနာက အန်တယ် သတိလစ်တယ် ဆို စိုးရိမ်ရလား.."
"ဟမ်….စိုးရိမ်ရတာပေါ့ကွ….သေချာပြောလေ…"
"ဟိုတလောက ဖျားတယ်တဲ့…ခုက …အဲလိုဖြစ်တာ….ဟာကွာ…ငါလည်း မသိဘူး…မင်းလိုက်သွားစမ်းပါ….နေဦး…ငါ လိပ်စာ ပို့လိုက်မယ်…"
"အိုကေ….အိုကေ…."
ဇေယျ လိပ်စာယူပြီး စာပို့လိုက်ကာ လူက ဆောက်တည်ရာမရ ဖြစ်နေသည်..။
ကိုယ်တောင် ဒီလောက် ဖြစ်နေရင် ကိုယ့်အသက် က ဘယ်လောက် စိတ်ပူနေရှာမလဲ..။
.
"ဘယ်လိုလဲ…စည်သူ…"
"မင်းကလည်းကွာ..ခေါ်လိုက်တဲ့ ဖုန်း…အလုပ်ဖြောင့်အောင် လုပ်ပါရစေကွာ…"
"မဟုတ်ဘူးလေ….ပြောလေကွာ…"
"စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်တော့ဘူး…သတိတော့မရသေးဘူး….ကိုမာဝင်သွားမှာ စိုးရိမ်ရတယ်…"
"ဟာ….လုပ်စမ်းပါကွာ…"
"ငါတို့လည်း လုပ်နေတာပဲ…"
"ဆေးရုံ ပြောင်းကွာ…"
"ဟာ…စိတ်လျော့ဆရာ…ခုတောင် ဆေးမှတ်တမ်းတွေ ဖတ်ပြီး ကောနေတာ….ငါ့မှာ နားကိုအူနေတာပဲ..သတိရမှ ပြောင်းလို့ရမယ်…"
"ကျစ်…အေးကွာ…အားကိုးပါတယ်…ကူညီပါကွာ…"
"ဖြစ်လိုက်ရင်လည်းလေ…."
ဇေယျ ဖုန်းချပြီးတော့ မာမီ တက်သွားတဲ့ ဆေးရုံ ကို ဘိုကင်လုပ်ဖို့ အတွက် လှမ်းချိတ်ရသည်..။
ဒီဆေးရုံ မှာက နိုင်ငံခြား ဆရာဝန်တွေနဲ့ ပစ္စည်းကရိယာတွေကလည်း ခေတ်မှီသည်..။
"ဟင်…"
ကိုယ့်ဖုန်းမှာ အသက် ဆိုတဲ့ နာမည်ကိုတွေ့တော့ ကိုယ့်မှာ ရင်တွေ ပူ ရင်တွေ ခုန်လိုက်ရတာ…။
မင်းက အလုပ်လက်ခံတယ်တဲ့..။
မင်းဘယ်လောက် နာကျင်မလဲ ကိုယ်ခံမှန်းလို့ရပါတယ်..။
ဒါပေမဲ့ ကိုယ် လက်လွှတ်မခံနိုင်ဘူး အသက်ရယ်..။
ကိုယ်သာ စေတနာထားလိုက်ရင် မင်းကို ဒီတစ်သက် နိးစပ်ခွင့် ရှိမှာမဟုတ်တော့ဘူး..။
ကိုယ်တော့ ဆုံးဖြတ်လိုက်တယ်..။
ဝမ်းမြောက်ဝမ်းသာပဲ ယုတ်မာပါတော့မယ်..။
ကိုယ့်ဘ၀ ကိုယ့်နှလုံးသားက နာကျင်ပါ များတော့ ကိုယ့်ကိုယ်ကျင့်တရားလည်း ပြောင်းပြီပေါ့ အသက်ရယ်..။
မင်းက မင်းယောက်ျား အတွက် စိတ်ပူပြီး အိပ်မပျော်ချိန် ကိုယ့်မှာလည်း ကိုယ့် အသက် အတွက် စိတ်ပူရင်း အိပ်ယာပေါ် လူးလှိမ့်နေပါရဲ့..။
.
"ဟင်…"
မြန်မာဝတ်စုံလေး နဲ့ မျက်လွှာချပြီး ခပ်သွက်သွက် ခြေလှမ်းရင်း ဦးတည်လာနေတဲ့ မင်းကို ကိုယ် မျက်တောင်မခတ် ငေးနေမိတယ်..။
မင်းက ဘယ်အချိန်ချိန် ဖြစ်ဖြစ် ကိုယ့်အတွက် အလှနတ်သမီးတပါးပါပဲ..။
မင်း အပါးကနေ ရှောင်ခွာ နေခဲ့တဲ့ အချိန်တွေကိုတောင် ကိုယ်နမြောမိတယ်..။
ကိုယ် မျက်နှာပြောင်တိုက်ပြီး မင်းကို တွယ်ကပ်ထားသင့်တာပါ..။
မင်း မျက်နှာတည်တည် လေး ကို ကိုယ် ချစ်လိုက်တာ..။
ကိုယ် စကားပြောချင်ပေမဲ့ မင်း ရဲ့ ခံစားချက်တွေကို နားလည်လို့ တိုးတိတ်နေလိုက်တယ်.။
ဒါပေမဲ့ မင်း စ ပြောလာပါတယ်…..။
အဟွင်း….အစ်ကို ဆိုတဲ့ အသုံးအနှုန်းလေး ကို ကိုယ် လွမ်းမိသား..။
အခု တော့ ရှင်တဲ့လား..။
အိုး…ဘာဖြစ်သေးလဲ….အသက်က ကိုယ့်ဘေး ရောက်နေပြီပဲ..။
ကိုယ့်ဘေးမှာ အတူတူယှဉ်ထိုင်ဖို့တောင် မလွယ်ကူတဲ့အခြေအနေ မို့ ကိုယ် အရှိအတိုင်း လက်ခံထားပြီး ကျေနပ်နိုင်ပါတယ်…။
တိုက်ကို မသွားချင်ဘူးတဲ့..။
ပြည့်ပြည့် နဲ့ အထင်လွဲမှာ စိုးလို့ ပြောပြပေမဲ့ မင်း ငိုလိုက်တော့ ကိုယ့်မှာ စိတ်မကောင်းလိုက်တာ…အသက်ရယ်..။
မင်း လွတ်လပ်ပါစေဆိုပြီး ကိုယ် အလုပ်ကို ထွက်လာခဲ့ရပေမဲ့ ကင်မရာ ကနေ တစ်ဆင့်ကြည့်ရင်း မင်းနဲ့ အတူတူ ငိုရှိုက်နေရသူပါ..။
မင်း တစ်နေ့လုံး မနားတမ်း ငိုချည်းနေတာပါလား ..။
ကိုယ် ဒီတိုင်း လွတ်ထားလို့ မဖြစ်တော့ဘူး.။
စိတ်မကောင်း ဖြစ် ၀မ်းနည်းသိမ်ငယ်နေရင်း မင်းတစ်ခုခု ဖြစ်သွားမှာ ကိုယ်စိုးရိမ်တယ်..။
ကိုယ့်ကို မုန်းတာ ဖြစ်ဖြစ် တစ်ခုခု လုပ်လိုက်တာ ဖြစ်ဖြစ် ကိုယ်လိုချင်တယ်..။
ဒါပေမဲ့…။
ကိုယ့်ရဲ့ နှလုံးသားက မရပ်တန့်တော့ဘူး..။
ကိုယ်……။
ကိုယ့်ရဲ့ ရူးသွပ်စွာ စွဲလမ်းမှုက မင်းရဲ့ နူးညံ့တဲ့ အသားအရည်…မင်းရဲ့ ချိုမြတဲ့ နှုတ်ခမ်း..ကိုယ် ပိုင်ဆိုင်ခွင့်မရခဲ့တဲ့ မင်းရဲ့ ဖြစ်တည်မှုတိုင်းပါပဲ အသက်ရယ်..။
ကိုယ့်ကို ခွင့်လွှတ်ပါလို့ မတောင်းဆိုဘူး..။
ဘာဖြစ်လို့လဲ ဆိုတော့ နှစ်တွေ အကြာကြီး နာကျင်ခံစားနေရတဲ့ သူ တစ်ယောက်က စည်းမျဉ်းတစ်ခုကြောင့် လူယုတ်မာ ကမ္ပည်းထိုးလိုက်လည်း ဂရုစိုက်မယ် ထင်လား..။
ကိုယ်တိုင် ရွေးချယ်ခဲ့တာပါ….အသက်ရယ်..။
အဟွင်း….ကိုယ်သိပ်ပျော်တာပဲ…။
မင်းရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတိုင်း ကို ကိုယ်မြတ်နိုးရူးသွပ်လိုက်တာ..။
"ဂျောက်…"
မင်း ပြန်သွားတော့ ကိုယ် မွေ့ယာပေါ် ပြန်လှဲအိပ်လိုက်တယ်…။
မင်းရဲ့ အငွေ့အသက်လေး ကျန်ခဲ့တဲ့ ကိုယ့်ဘေးက နေရာလေးကို လက်ဝါးနဲ့ စပ်းသပ်ရင်း ကိုယ့်မှာ ပျော်လွန်းလို့ ပြုံးနေမိတယ်..။
ချစ်လိုက်တာ အသက်ရယ်..။
ကိုယ်ကျင့်သိက္ခာတွေ စည်းမျဥ်းစည်းဘောင်တွေ ကို ကိုယ်မေ့ထားပြီး မပျော်ရတဲ့ နှလုံးသား….။
မဟုတ်သေးဘူး…။
အကျဥ်းကျ နှိပ်စက်ခံနေရတာ ကြာပြီ ဖြစ်တဲ့ ကိုယ့်နှလုံးသားလေးကို ပျော်ခွင့်လေးပေးထားလိုက်တယ်…။
ကိုယ့်ရဲ့ ရင်ခုန်သံတွေ ပြင်းနေတုန်းပဲ..။
ကိုယ့် နှုတ်ခမ်းတွေလည်း ပြုံးနေတုန်းပဲ..။
မင်းနဲ့ ပတ်သက်ခွင့်ရတဲ့ အခိုက်အတန့် မင်းကို ထိတွေ့ခွင့်ရလိုက်တဲ့ အခိုက်အတန့်..လိုလားမှု မပါပေမဲ့ နမ်းရှိုက်ခွင့် ရလိုက်တဲ့ အခိုက်အတန့်..။
အိုး….ရူးလောက်အောင် ပျော်ရတယ်…အသက်ရယ်..။
ဒါပေမဲ့….မင်းဘက် က ကိုယ့်အပေါ် သတ်မှတ်ချက်ကို တွေးမိတော့ ကိုယ် မျက်လုံးတွေ မှိတ်ပစ်လိုက်တယ်..။
မျက်လုံးကို လက်နဲ့ အုပ်ပြီး ကိုယ်ငိုရှိုက်မိတယ်..။
ဘာဖြစ်လို့ ကိုယ့်ဘ၀ က အခုလို ဖြစ်နေတာလဲ ကိုယ် တကယ် နားမလည်ဘူး..။
ကိုယ်….ကိုယ်…မင်းရဲ့ အသိအမှတ် ပြု မှုကို လိုချင်လို့ တိတ်တဆိတ် ဖြည့်ဆည်းပေးခဲ့တာတွေ အများကြီးပါ..။
ကိုယ်ခံစားရသမျှ တွေကို မြိုသိပ်ပြိး မင်းအတွက် ပဲ စဥ်းစားခဲ့တဲ့ ကိုယ့်ရဲ့ ဘ၀ က..။
အခုတော့ မင်းရွံရှာ အထေင်သေးစရာ ယုတ်မာ ပတ်စက်တဲ့ ဗီလိန်ဖြစ်ခဲ့ပြီ..။
ကိုယ်….ကျေနပ်စွာ ပြုံးရင်း….မျက်ရည်တွေ ကျနေတယ် အချစ်ရယ်..။
.
ကိုယ့်ဆီ ရောက်တာနဲ့ ငိုနေတဲ့ မင်းကို သနားတယ်..။
ဒါပေမဲ့ စိတ်လည်းနာတယ်..။
ဖြိုးသူ က မင်း အပေါ် ဘယ်လောက်များ ကောင်းခဲ့လို့လဲ..။
ခု ဘယ်လောက်ကောင်းကောင်း မင်း ရဲ့ မေတ္တာကို သူလှည့်စားပြီး အပိုင်သိမ်းသွားခဲ့တာလေ..။
ဖြူစင်တဲ့ ကိုယ့်မေတ္တာကျတော့ ဘာလို့ မင်း က အထင်သေး ကြောက်ရွံနေတာလဲ..။
ကိုယ် ဖွင့်ပြောလိုက်ရင် …သက်သေတွေ ထုတ်ပြလိုက်ရင် မင်း က ပိုငို ရဦးမယ်..။
ကိုယ့်မှာလည်း အံတကြိတ်ကြိတ် နဲ့ နိုင်ဖဲ တစ်ချပ် ကို မင်းအတွက် ဖွက်ထားပေးရသလိုပါပဲ..။
မသက်သာပါဘူး…။
မင်းဘက်က ကြည့်တော့ ကိုယ်က နှိပ်စက်နေသလို
ကိုယ့်ဘက်ကကြည့်တော့လည်း မင်းက နှိပ်စက်လွန်းတယ်..။
မင်းဘက်က အလိုက်တသိ ပြုစု ဖို့ မဖြစ်နိုင်မှန်း သိနေတော့
ကိုယ်ကပဲ အာဏာရှင် ဆန်ဆန် ပြောရတော့တယ်..။
စေတနာတွေကို ကိုယ်မခံစားရပေမဲ့ အထိအတွေ့မှာ ကိုယ် ပျော်ပါတယ်..။
ကျေနပ်နေတယ်..။
မင်းနဲ့ မျက်နှာချင်းဆိုင် ထမင်း စားရတဲ့ အခါ ကိုပျော်တယ်..။
မင်း အ၀တ်အစားတွေ ထုတ်ပေးတဲ့ အခါ ကိုယ်ပျော်တယ်..။
သြော်…မင်းက ဖြိုးသူကို အဲလို ပြုစု ကြင်နာတာ မလား.။
မင်းတို့ ကိုယ့်အိမ်မှာနေကြတုန်းက အ၀တ်အစားဝတ်တာ ဘာများ ခက်ခဲလို့လဲကွာ လို့ ကိုယ် လှောင်ရယ်ခဲ့သေးတယ်..။
အခုတော့ ကောင်းလိုက်တဲ့ အရသာ..။
ကိုယ် ချစ်ရတဲ့သူက ကိုယ့်ကို အ၀တ်အစားဝတ်ပေးနေတာ ဘယ်လို စည်းစိမ်မျိုးလဲ..။
ကိုယ့်ကို မင်း မချစ်မနှစ်သက်တာ က လွဲလို့ အားလုံး အသက်ဝင်နေတယ်..။
ကိုယ်သိတာပေါ့…မင်း က ဘယ်တော့မှ ကိုယ့် ဇနီး မဖြစ်နိုင်ဘူးဆိုတာ..။.
ဒါပေမဲ့ ကိုယ့်နှလုံးသားကို အခိုက်အတန့် ဖြေသိမ့်ဖို့တော့ကိုယ် စိတ်ကူးယဉ်ရတာပေါ့..။
အိပ်မက်တွေက လက်တွေ့ထက် နာကျင်ရတာချည်းပါပဲ..။
နှလုံးသားနဲ့ ခံစားရတာကိုး..။
နာနာကျင်ကျင် ပဲ ကိုယ် တွေးထားတယ်…မင်းက ကိုယ့်ချစ်ဇနီးပေါ့..။
.
ကိုယ် မကြိုက်မှန်း သိရဲ့သားနဲ့ မင်း အထပ်ထပ် ပြောနေတာပဲ..။
ပြီးတော့ ကိုယ်က လွန်တယ်ပေါ့လေ..။
ကိုယ့်အချစ်တွေက မင်းအချစ်တွေ ကို လိမ်ညာ အပိုင်သိမ်းသွားတဲ့ နှလုံးသားလောက်တောင် တန်ဖိုး မရှိဘူးလား..။
မပြောရက်ပေမဲ့ ကိုယ် တကယ် ခံစားရတယ်..။
မင်း ကို အမှန်တွေ ဖွင့်မပြောရက်ပေမဲ့ ကိုယ့်မှာတော့ တကယ့်ကို တနုံ့နုံ့နဲ့ ခံပြင်းတယ်..။
မင်းက ဖြိုးသူကို ချစ်တယ် ပြောတိုင်း ကိုယ့်မှာ လွင့်စင်ကွဲကြေသွားသလို ခံစားရတယ်..။
အဲဒါ မင်းသိရဲ့လား..။
မင်းက ဘယ်သိမလဲ..။
မင်းက အကြင်နာတရား မရှိတဲ့ မိန်းမ..။
ကိုယ်ချင်းမစာ တက်တဲ့ မိန်းမ..။
တစ်ဖက်သတ် အချစ် ဘယ်လောက် နာကျင်လည်း မသိတော့ မင်း ရက်စက်ရတာ သိပ်ပျော်နေလား ဟင်..။
ကိုယ် တကယ် အဆင်မပြေဘူး အသက်ရယ်..။
ကိုယ်စိတ်လျော့လိုက်တယ်..။
မင်းဆီက ကိုယ် တောင်းဆို စရာ တစ်ခု ရှိတယ်လေ..။
မင်း ကို မပိုင်ဆိုင်ရရင်တောင် မင်းရဲ့ ရင်သွေးလေး ကို ကိုယ် လိုအပ်တယ်..။
ဒါက ကိုယ် ကမ္ဘာပေါ်မှာ ပြန်ပြီး ရှင်သန်အသက်ဝင်လာနိုင်မဲ့အခွင့်အရေး တစ်ခုပါပဲ..။
ဒါပေမဲ့.မင်းစော်ကား ထိုးနှက်မှုပဲ ပြန်ရလိုက်တယ်..။
ကိစ္စ မရှိပါဘူး…ကိုယ်မျှော်လင့်ပြီးသားပါ..။
တစ်နေ့ မင်းကို လက်လွှတ်ရမဲ့ အချိန် မင်းနဲ့ကိုယ့်ရဲ့ ရင်သွေးလေး ရှိရင် ကိုယ် မရူးလောက်ဘူးလေ..။
အနာဂတ်ကို ကြိုတွေးတော့ ခြောက်ခြားစရာ ချည်းပါပဲ..။
မင်း ငိုနေတာ ကိုယ်တကယ် မကြည့်ရက်ဘူး.။
.
"ကောင်းလိုက်တာ…"
ဖုန်းကို ခုတင်ပေါ် ပစ်ချလိုက်ပြီး မျက်နှာကျက်ကို ကြည့်ရင်း ရယ်..။
သြော်…ရက်စက်လိုက်တဲ့ မိန်းမ…။
ကိုယ့်မှာတော့ သူ့ကို လွမ်းလို့ သေမလိုတွေဖြစ်..။
သူကတော့ ကိုယ့်ကို တဏှာရူးနဲ့ မှားနေတာပဲ..။
မင်းက ကိုယ့်ကို စော်ကားတာ အကျင့်က ပါနေပြီ သီရိ..။
မင်းအတွက် ကိုယ့်ရဲ့ခံစားချက်ဖြစ်တည်မှု အားလုံးက အထင်သေးစရာချည်းပဲလား..။
သူနာပြု ခြောက်ယောက်လောက် ရှိနေတဲ့နေရာမှာ မလိုပဲ အိပ်ပျော်နေတဲ့ သူကိုကျတော့ စောင့်နေရတယ်တဲ့..။
မင်း မျက်နှာလေး တွေ့ရရုံ နဲ့ ကျေနပ်ပါပြီ ဆိုတဲ့ အသည်းကျွမ်းအောင် လွမ်းနေသူကျတော့ ရှင် လူမဟုတ်ဘူးလားတဲ့..။
ဟုတ်ပါရဲ့…ကိုယ်က လူမဟုတ်ဘူး…လူဆိုရင် အမှတ်သည်းခြေ ရှိရတယ်..။
ကိုယ့်မှာတော့ မင်း စော်ကားသမျှ အမှတ်သည်းခြေ ကို မရှိဘူး.။
ကိုယ် လူမဟုတ်တော့ဘူး…ထင်တယ်…သီရိရယ်..။
လူသာဆို စေတနာ မေတ္တာ ကို စော်ကားလွန်းတဲ့ မင်း ကို မုန်းလို့ ရနေလောက်ပြီ..။
ကိုယ်က ဘာကောင်ဖြစ်နေပြီလဲ…။
ကိုယ်တိုင်လည်း မသိပါဘူး..။
မင်းကို လွမ်းတာပဲ သိတယ်…။
လွမ်းရတာလည်း အထူးအဆန်းတော့ မဟုတ်ပါဘူးလေ..။
ကိုယ့်အတွက် စိတ်မပူပါနဲ့…အရက်တစ်ပုလင်းနဲ့ မင်းကို လွမ်းရတာ ကိုယ်တကယ် ကျင့်သားရနေပါပြီ..။
.
ကိုယ်လေ….မင်းကို တွေ့ရင် ဘယ်လို ရက်စက် ပစ်မယ်..။
ဘယ်လို အနိုင်ကျင့်ပစ်မယ်လို့ ညပိုင်း အရက်သောက်တိုင်း တွေးထားတယ်..။
ကိုယ် တကယ် ဆုံးဖြတ်ထားတယ်..။
ကိုယ်က မင်း အတွက် ဒဿ ဘီလူးလို အစွယ်ထုတ်တော့မယ်လို့လေ..။
ဒါပေမဲ့…မင်းရဲ့ ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားတစ်ခွန်းက ကိုယ့်ကို အရည် ပျော်သွားစေတယ်.။
ကိုယ်လေ….သုံးရက်သုံးည အလူးအလှိမ့် ခံစားခဲ့ရတဲ့ အလွမ်းဝေဒနာတွေက မင်းရဲ့ မျက်နှာတည်တင်းတင်း နဲ့ ပြောလိုက်တဲ့ ကျေးဇူးစကား တစ်ခွန်းနဲ့ ပြိုလဲ လွင့်ပြယ် သွားတယ်..။
ကိုယ် ချစ်လိုက်ရတာ..။
လွမ်းလိုက်ရတဲ့ အသက်ရယ်.။
နောက်ဆုံး ကိုယ့်ရင်ထဲမှာ ဘာ အစီအစဉ် မှ မရှိတော့ဘူး.။
မင်း မျက်နှာလေး တွေ့ရတာ ကိုယ့်မှာကျေနပ်သာယာလို့..။
ကိုယ် မင်းလက်ရာ ထမင်းဟင်းစားရင်း…စိတ်ကူးကမ္ဘာထဲ ပြန်ရောက်သွားပြန်ရော..။
မင်းက ကိုယ့်ရဲ့ ဇနီးပါပဲ အသက်ရယ်..။
ကိုယ့် အကုသိုလ် များလွန်းလို့ ထင်ပါရဲ့..။
လူတွေ ပြောရင် ယုံမှာ မဟုတ်ဘူး.။
ကိုယ့်မှာ နေ့စံ ညခံ ဘ၀ အစစ်နဲ့ နှလုံးသား ၀ဋ်ကြွေးဆပ်နေလေရဲ့..။
.
"အဟွင်း…"
ကိုယ် ရင်ခုန်နေတယ်…။
ဒီဇိုင်နာ တစ်ယောက်က ကိုယ့်ဆီရောက်လာတယ်..။
"မင်းရဲ့ ဇနီးအတွက် ၀ယ်ပေါ့…"
"………."
"ဆောရီး….မင်းတို့ အကြောင်း မေ့သွားလို့ပါနော်…"
"ရပါတယ်…ပေးခဲ့လေ…"
"….ဒါက…ချစ်စရာကောင်းတဲ့ မိန်းကလေးတွေ ၀တ်မှ အဆင်ပြေမှာနော်…"
"………."
ကိုယ် ပြုံးပြလိုက်တယ်..။
ကိုယ့်ရဲ့ အသည်းနှလုံးလေး ဘယ်လောက် ချစ်စရာကောင်းသလဲ ကိုယ် အသိဆုံးပါပဲ..။
မီးဖိုခန်းမှာ အတွေးလွန်နေတဲ့ မင်းကို တွေ့တော့ ကိုယ် ရင်ခုန်လာတယ်..။
ဂါဝန် ၀တ်ခိုင်းလိုက်တော့ မှုန်ကြုတ်ကြုတ်လေး အခန်းထဲ ၀င်သွားတာ ကိုယ့်မှာ ချစ်လိုက်ရတာ..။
ကိုယ်ထင်ထားတာထက် ပိုပြီး လှနေတယ်..။
ကိုယ် ပြောသားပဲ မင်းက အလှနတ်သမီးလေးပါလို့..။
ကိုယ် ခံစားမိတယ်…။
ဒီတကြိမ် က မင်းဘက်က တုန့်ပြန်လိုက်တဲ့ ပထမဆုံး အခိုက်အတန့်ပေါ့..။
ကိုယ် စိတ်တွေ လှုပ်ရှားပြီး ပျော်လိုက်ရတာ..။
ကိုယ့် ဆံပင်တွေကို မင်းလက်ကလေး ရောက်လာတယ်..။
မင်းရဲ့ လစ်လပ်နေတဲ့ ကျောပြင်နဲ့ ခါးလေး က အရင်ထက် ပို နူးညံ့နေသလိုပဲ..။
ဒါပေမဲ့ ကိုယ် ထင်တာ မှားသွားတယ်..။
ကိုယ့်မှာတော့ မင်း မျက်ရည်တွေကြောင့် ရင်တွေပူရတယ်..။
ဘာဖြစ်လို့လဲ ဆိုပြီး စိတ်ပူလိုက်ရတာ..။
မင်းက …မင်းက….ကိုယ့်နေရာမှာ တခြား တစ်ယောက် အစားထိုး တုန့်ပြန်နေတာပဲ..။
တကယ်တော့ ကိုယ်က ဘယ်အချိန်ဖြစ်ဖြစ် မင်းအတွက် အသုံးချခံ သပ်သပ်ပါပဲလား..။
ကိုယ့်ဘ၀ ကို ကိုယ် တကယ်မုန်းတယ်..။
.
"ခွင့်လွှတ်ပါ အသက်ရယ်.."
ကိုယ် အများကြီး မျှော်လင့်ထားမိတယ်..။
မိန်းကလေးတွေ မှာ ကြင်နာတက်တဲ့ နှလုံးသား ရှိတယ်တဲ့..။
ကိုယ့် လက်က ဒဏ်ရာကို မင်း နည်းနည်း စိတ်ပူပေးမယ်လို့ မျှော်လင့်မိတယ်..။
ကိုယ် ကလေးဆန်ဆန် မင်းကို ဒဏ်ရာပြပြီး ဂရုစိုက်မှု ကို လိုလား ခဲ့တယ်..။
ဒါပေမဲ့ မင်းသွေးအေးလိုက်တာ..။
ဒါမှ မဟုတ်…မုန်းရက်လွန်းတာလား.။
ကိုယ့်ကို လုံးဝ ဂရုမစိုက်ဘူး..။
မင်း နှလုံးသားထဲ မှာ မင်း အတွေးထဲမှာ မတန်မရာကောင်ကို ပဲ အမြဲထည့်ထားတယ်..။
သူ့အတွက်ချည်းပဲ စိတ်ပူတက်တယ်..။
သူ့ကို ပဲ ကြင်နာပြုစု ချင်တယ်..။
ကိုယ့်ကို ဘာလို့ အသိအမှတ်မပြုရတာလဲ..။
ကိုယ့်ရဲ့ ခံစားချက်တွေ သည်းခံမှုတွေ ပေါက်ကွဲသွားတယ်..။
မင်းကို ဒေါသနဲ့ သိမ်းပိုက်လိုက်မိပြန်တယ်…။
ကိုယ့်ကိုအ၀တ်ဝတ်ပေးရင်း မင်းလက်ကလေး နာနေတာသိတော့ ကိုယ့်  ဒေါသတွေ ပျောက်ပျက်ပြီး စိတ်မကောင်း ဖြစ်ရပြန်ပြီ..။
ငါဘီလူးဟေ့လို့ အစွယ်ထုတ်ပြပြီးကာမှ မင်း ခြောက်ခြား မှာစိုးလို့ ကိုယ့်ဒေါသအစွယ် ကို လွှတိုက်ဖျက်ရတော့မလိုလို…။
ကိုယ်က မင်းနဲ့ ပတ်သက်လာရင် ခံစားချက်တွေ အမျိုးမျိုး ပါပဲ အသက်ရယ်..။
မင်း လက်ကလေး နာနေတာ ကိုယ် တကယ် မကြည့်ရက် မမြင်ရက်ဘူး..။
ကိုယ့်ကြောင့် ဖြစ်ရတာ ဆိုတဲ့ အသိက နံရံ ကို အပြစ်ဖို့ရင်း နှစ်ချက် ဆင့်ထိုးပစ်လိုက်တယ်..။
ကိုယ် တကယ် စိတ်မဖြောင့်ဘူး.။
ကားကို လမ်းဘေး ဆွဲချပြီး ဆေးဝယ်ဖြစ်တယ်..။
ကိုယ်တိုင် မင်းကို ဆေးထည့်ပေးခဲ့ပေမဲ့ ကိုယ့်ဒဏ်ရာအတွက် ဆေးဝယ်ဖို့ ကိုယ်မေ့သွားတယ်..။
အခုတော့ ကိုယ့်လက် က ဒဏ်ရာ နာသလို ကိုယ့်နှလုံးသား မှာလည်း သွေးစိမ်းရှင်တွေ ထွက်လို့ ခံရခက်လိုက်တာ သီရိရယ်..။
YOU ARE READING
Love Catcher
Romance☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚ "ရှင်...မချစ်တက်ပါဘူး...အချစ် ဘာမှန်း တောင် မသိပါဘူး..." "ကိုယ့် အချစ်ကိုတော့ မစော်ကားပါနဲ့...." "ပန်းလေး တစ်ပွင့် ကို ပြုစုပျိုးထောင် ပေးလို့ ရတယ်...နမ်းရှိုက်လို့ရတယ်..ချိုးယူလို့ရတယ်....ခြေမွလို့ရတယ်....ဒါပေမဲ့...