Part 28Love Catcher
အပိုင်း (၂၈)
#lovecatcher
12-11-0-12-04
"အစ်မ...လူတစ်ယောက်တွေ့ချင်လို့တဲ့...."
"ဟင်....အင်း.."
သတိမရသေးတဲ့ ကိုကို့ အနားမှာ ထိုင်စောင့်နေရင်း စိတ်ပူလို့ ဆုတောင်းနေရချိန် ဘယ်သူက ဘာဖြစ်ပြန်ပြီလဲ..။
သီရိ ကိုင်ထားတဲ့ ကိုကို့ လက်ကို ဖြည်းဖြည်းချလိုက်ကာ အထူးခန်းထဲက ထွက်လာခဲ့လိုက်သည်..။
"ဟင်..."
"အလုပ်မလာလို့....ကိုဇေယျ ခေါ်ခိုင်းလိုက်လို့ပါ..."
"အို...ကျွန်မ မလိုက်နိုင်ဘူး....ဒီနေ့ အလုပ်မလာဘူးလို့ ပြောပေးပါ..."
"ကျွန်တော့်ကို သေချာခေါ်ခိုင်းလိုက်တယ်...ကားပေါ်မှာ စောင့်နေပါမယ်..."
"မစောင့်နဲ့...မလိုက်ဘူး.."
သီရိ ခပ်တိုးတိုး ငေါက်ပြောလိုက်ပေမဲ့ ကားပေါ် ကို တက်ပြီး ကားစက်နှိုးရင်း စောင့်နေတော့ စိတ်တိုသွားသည်..။
တိတ်ဆိတ် ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်မှာ သီရိကိုသာ ကြည့်သွားကြတာလည်း ရှက်ဖို့ကောင်းပါသည်..။
သီရိ ပိုက်ဆံအိတ်ထဲက ဖုန်းကို ထုတ်ပြီး ပါဝါ ဖွင့်လိုက်တော့ ဖုန်းခေါ်ထားတာ အကြိမ် အများကြီးပါပဲ..။
"ဟလို..."
"မင်း ဘာလို့ မလာသေးတာလဲ..."
"အိုး...ရှင်..လူမှ ဟုတ်ရဲ့လား....ကိုကို အော်ပရေးရှင်း လုပ်ထားတာ..ခုထိ သတိမရသေးဘူး...ကျွန်မ စောင့်နေတယ်..."
"ကျစ်....သူနာပြုတွေ ဆရာဝန် တွေ ဒီလောက် အများကြီး...မင်း ရှိနေရင်ရော ဘာလုပ်တက်လို့လဲ..."
"ကိုကို သတိရတဲ့ အချိန် ကျွန်မကို တွေ့ရဖို့ အရေးကြီးတယ်..."
"အဓိပ္ပာယ် မရှိတာကွာ.."
"ရှင့် အတွက် မရှိပေမဲ့ ကျွန်မ အတွက် ရှိတယ်..ဒီနေ့ အလုပ်မလာနိုင်ဘူး...မဟုတ်ဘူး...ကိုကို သတိမရမချင်း အလုပ်မလာဘူး...ရှင့်လူကို ဖုန်းဆက်လိုက်ပါ....ဆေးရုံက လူတွေ ကြည့်နေကြပြီ...."
STAI LEGGENDO
Love Catcher
Storie d'amore☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚+.☆゚ "ရှင်...မချစ်တက်ပါဘူး...အချစ် ဘာမှန်း တောင် မသိပါဘူး..." "ကိုယ့် အချစ်ကိုတော့ မစော်ကားပါနဲ့...." "ပန်းလေး တစ်ပွင့် ကို ပြုစုပျိုးထောင် ပေးလို့ ရတယ်...နမ်းရှိုက်လို့ရတယ်..ချိုးယူလို့ရတယ်....ခြေမွလို့ရတယ်....ဒါပေမဲ့...